November 25, 2009

လွမ်းချင်း

ရင်ထဲမှာ ငိုချင်သလို့ ခံစားနေရတယ်
ဘာများဖြစ်တာပါလိမ့်
ကော်ဖီသောက်တာ များသွားလို့လာပေါ့
ငါ့ရင်ထဲမှာလဲ ဘာမှ မခံစားရပါဘူး

ဘာများပါလိမ့် လို့စဉ်းစားနေရင်း
အမေ့ကို သတိရသွားတယ်
အမေ နေမှ ကောင်းပါစ
အမေ ငါ့ကိုများ လွမ်းလို့ တမ်းတနေတာများလား

ဘာတွေလဲကွာ ငိုချင်လိုက်တာ......
ပြောရင်းနဲ့ မျက်ရည်ကျလာပြီ
မျက်ရည်ကျရင်းနဲ့ စကားတွေပြောနေမိတယ်

အမေ့ကို လွမ်းလို့ကျတဲ့ မျက်ရည်တွေပါ
အမေ့ကြောင့် ကျနော် အသက်ရှင်နေရတာပါ
အမေ့ ဆီ သားတစ်နေ့ ပြန်လာခဲ့မယ်နော်
အမေနဲ့ သား အတူတူ နေမယ်နော် . အမေ...

လေးစားလျှက်
ရီနိုမာန်

13 comments:

ဆောင်းနှင်းရွက် said...

ဘယ်သူပဲ ဖြစ်ဖြစ်
ဖြစ်နိုင်ရင် အမြဲတမ်း
ကိုယ့်မိဘ အရိပ်အောက်မှာပဲ
နေချင်ကြတာပါပဲ ...
စိတ်မကောင်းဖြစ်မနေပါနဲ့ ...

အမြန်ဆုံး အတူ နေနိုင်ပါစေလို့
ဆုတောင်းပေးပါတယ် ...

ပိုလွမ်းအောင် သီချင်းလေး ဆိုသွားလိုက်အုံးမယ် ..
အဲ့လိုမဟုတ်ပါဘူးးး
အခုတလော ကိုယ်ကိုယ်တိုင်
အဲ့သီချင်းလေးကို ဆိုညည်းနေမိလို့ပါ ...

( အေးမြတဲ့ အမေ့ရိပ်ရဲ့ မေတ္တာရိပ်နဲ့
ဝေးခဲ့သူမို့ .. တစ်ခါတစ်လေ ပြန်လည်တွေး
ရင်မှာ ပိုကြေကွဲ ..ခြောက်သွေ့တဲ့ အိမ်မက်ရှည်ကြားထဲမှာ အရိပ်တစ်ခု လွှင့်ပြယ် ...
.~.~.~.~.~.~.~.
အိမ်ပြန်ချင်တယ် ဟူးး..ဟူးး..
အငြိမ်းချမ်းဆုံး အမေ့အိမ်
အိမ်ပြန်ချင်တယ် ဟူးး..ဟူးး..
အနွေးထွေးဆုံး အမေ့အိမ် )

ဂျပန်ကောင်လေး said...

နေရမှာပါ..တနေ့မှာပေါ့... အစ်ကို့ရဲ့ ကြိုးစားမှုတွေနဲ့ အတူတူ အေးမျှတဲ့ဘ၀ကို အစ်ကို့အမေနဲ့ မျှဝေခံစားနိုင်မှာပါ.... ငိုနဲ့တော့နော်... တိတ်... တိတ်..... ကြည့်.. နှပ်ချေးတွေလည်း ထွက်လို့...း) (ပျော်အောင်နောက်သွားခြင်းပါ..)

Beauty Studio USA Branded Store said...

ကျွန်တော်လည်း အမေ့ကို လွမ်းသွားတယ်ဗျာ။ဆွေးဆွေးမြေ့မြေ့ရှိလှတဲ့ အိမ်ကလေးကိုပေါ့။အကိုအမေလည်း ကျန်းမာရွှင်လန်းပျော်ရွှင်ပါစေဗျာ။

မိုးခါး said...

ညီမလည်း လွမ်းနေတာနော်
ငိုချင်ရဲ့ လက်တို့ လာမလုပ်နဲ့
း(((
စိတ်ချမ်းသာပါစေ .. စိတ်ချမ်းသာအောင်နေပါ .. အမြန်ဆုံး အမေ့ရင်ခွင် ပြန်ခွင့်ရပါစေ ..း)

ညီညီ said...

အမေကို ချစ်သောသား.။ အမေ့ကို လုပ်ကျွေးပြုစုနေတဲ့ သား တစ်ယောက် အမေ့ရင်ခွင်နဲ့ ဝေးနေရတဲ့ ဆင်းရဲခြင်းဒုက္ခ မှ အမြန်လွတ်မြောက်ပါစေ.။ အမေ ကိုချစ်သော သားသမီးများအားလုံး အမေ့ရင်ခွင်မှာ ပျော်ရွှင်နိုင်ကြပါစေ.ကိုရီနိုရေ.။
ကိုကြီးရီနို ရဲ့ စာဖတ်ပြီး လွမ်းသွားပါတယ်ဆို ဒေါ်ဒေါ်ဆောင်းနှင်းရွက်က အလွမ်းကို ပိုတိုးအောင် သီချင်းနဲ့အားဖြည့်သွားပါသေးတယ်ဗျာ.။

ခင်မင်မှု့များစွားဖြင့်


ညီညီ

ညလင်းအိမ် said...

မေတ္တာအဟုန် အစွမ်းကုန်နဲ့
ကြိုလင့်နေတဲ့ အမေ့ဆီကို
အရောက်ပြန်နိုင်ပါစေ...


အစ်ကိုရေ...ဆုတောင်းပေးသွားပါတယ်...

မိုးစက်အိမ် said...

အမေ့အိမ်လေးမှာ ပျော်ရွှင်စွာအတူတကွ နေနိုင်ပါစေသားဗျာ . . . ဆုမွန်ခြွေလျက်

Welcome said...

အေး ပြန်လာ သားရယ်၊ အမေလဲ သားကိုလွမ်းတယ် ။

(သားချစ်အမေ အမေချစ်သားလေး အမြန်ဆုံတွေ့နိုင်ပါစေဗျာ)

Anonymous said...

ခံစားချက်ချင်း တူနေတယ် ကျွန်တော်လဲ အမေကိုလွမ်းနေတယ် တယောမထိုးပဲ ငိုချင်နေတယ်

ကိုလူထွေး said...

ဒီလိုပါပဲ ညီရာ...
အမေကိုလွမ်းနေကြတဲ့ သားလိမ္မာတွေ အများကြီးမို့ အားငယ်မနေဖို့ ပြောချင်ပါတယ်...

puluque said...

ကဗျာလေးကို ဖတ်ပီး မာမီကို လွမ်းသွားပီ။ ဖုန်းခေါ်လိုက်ဦးမယ်ဗျာ....

သူကြီးမင်း (တုံးဖလား) said...

အမေချစ်တဲ့သူချင်းမို့ စာသားလေးတိုင်းမှာ ခံစားမှုတွေ အရမ်းပါနေတယ်ဆိုတာ ခံစားလို့ရပါတယ်။ အမေဟာ သားသမီးတွေအတွက် အင်အားတွေပါ။ အမေမရှိတော့ပေမဲ့ အခုထက်ထိအမေ့ကို နေ့စဉ်လွမ်းဆွတ်နေတုန်းပါဘဲ။

ညီလဲ အသက်ရှင်နေစဉ်အတွင်း အမြန်ဆုံးအဆင်ပြေအောင်ကြိုးစားပြီး မိခင်နှင့်အတူ ကုသိုလ်ကောင်းမှုတွေ ပြုနိုင်အောင် ကြိုးစားပေါ့။

အားလုံးအဆင်ပြေပါစေ။

Unknown said...

မေမေချစ်တဲ့သားတွေ အဝေးကိုရောက်နေရတာ
အင်း------- ဘာပြောရမှန်းကိုမသိတော့ဘူးဗျာ။ အိမ်ကိုလွမ်းတယ်။