November 20, 2009

စာဖတ်သူ သက်သက်ပါ

ကဗျာရေးတိုင်း .ကဗျာဆရာမဟုတ်ပါဘူးး..
စာတွေရေးတိုင်း စာရေးဆရာမဟုတ်ပါဘူး...
ဒီစကားနှစ်ခွန်းလုံးကို အပြည့်အ၀ထောက်ခံတဲ့အနေနဲ့ ဒီစာလေးကို ချရေးမိတာပါ...
ကိုယ်ကတော့ စာဖတ်သူသက်သက်တယောက်ပါ.
ကဗျာတွေကိုချစ်တဲ့...
စာတွေကိုလေးစားတဲ့..
ဒဿနတွေကိုသဘောကျတဲ့...
(အရာအားလုံးရဲ့ အခြေခံကျတယ်ဆိုတဲ့ ရူပဗေဒနဲ့ကျောင်းပြီးထားသူတယောက်ဆိုပေမယ့် မှန်တယ်ဆိုတာ..မမှားပါဘူးလို့ သေချာနေတဲ့ အဖြေတခုကို မရေမရာဖြစ်အောင် လုပ်နိုင်စွမ်းရှိတဲ့ ဒဿနိကဗေဒ ကိုအရမ်းကြိုက်ပါတယ်)..စာပေချစ်မြတ်နိုးသူပါ.
လူတိုင်းမှာ ခံစားချက်ကိုယ်စီနဲ့ အနုပညာကိုယ်စီရှိကြပါတယ်.ရင်ထဲက ခံစားချက်လေးတွေကို ချရေးတာနဲ့ တင်ပြတာမတူပါဘူး..ဟိုတုန်းကဆိုရင် အရမ်းခံစားရသည်ဖြစ်စေ.. ပျော်ရွှင်သည်ဖြစ်စေ.. နာကျည်းချက်များ.. အမှတ်တယများကို.. ဒိုင်ယာရီစာအုပ်ထဲမှာ.. ကိုယ့်ရဲ့ခံစားချက်တွေကို ကဗျာကလေးတွေအဖြစ်နဲ့တသွယ်.. ၀ထ္ထုလေးတပုဒ်အနေနဲ့တဖုံ.. အစုံစုံသော အကြောင်းအရာများကို အမှတ်တယရေးသားမှတ်တမ်း တင်ထားတတ်ပါတယ်.. အမှန်အတိုင်း.. စိတ်ရင်းအတိုင်း..အညွန့် အကွန့်တွေမပါဝင်ပဲ.. ရိုးရိုးစင်းစင်းလေး... ကိုယ်နားလည်ခံစားရသလိုလေးရေးကြတာပါ.. အရင်းခံလေးအတိုင်း စကားလုံးတွေကမလှပပါဘူး..
တင်ပြတာကျတော့ (ကိုယ်သိသလောက်ပေါ့လေ...) လူတွေကိုသိစေချင်တယ်.. မျှဝေချင်တယ်.. အသိလေးတွေပေးချင်တယ်.. ရှောင်စေချင်တယ်.. လိုက်နာစေချင်တယ်.. ရည်ရွယ်ချက် အမျိုးမျိုးနဲ့ပါ.. ကိုယ့်ရဲ့ခံစားချက်ကို လှပအောင် ကွန့်ညွန့်ပြီး စကားလုံးကြွယ်ကြွယ်နဲ့ လူတွေကိုဆွဲဆောင်. အောင်မြင်အောင် ကြိုးပမ်းမှုတမျိုးပါ..စည်းတွေ ..ဘောင်တွေ.. ကန့်သက်ချက်တွေရှိတယ်.. မျှော်လင့်ချက်တွေရှိတယ်..စာဖတ်သူရဲ့ တုံ့ပြန်မှု.. အားပေးမှု.ဝေဖန်မှု.. ချီးကျူးမှု..မှု ...မှု... အများကြီးနဲ့ပေါ့..
စာရေးခြင်းအတတ်ပညာမှာ ပါရမီမပါခဲ့လေတော့..စာဖတ်ပြီး..မှတ်သားတွေးတောနေရတာကိုပဲ (စာရေးတတ်သူများကို အထင်ကြီးအားကျနေရုံမှအပ) ကျေနပ်နှစ်သိမ့်နေတဲ့ စာပေအားပေးသူပါ..
DIARY: Dear! I always remember you. ဆိုသလို..ကျမတို့ ချရေးကြတဲ့ ကဗျာလေးတွေ.. စာတိုပတ်စလေးတွေရဲ့ ရည်ရွယ်ချက်လေးက ဒါပါပဲ.. ဘာမျှော်လင့်ချက်မှ မရှိပါဘူး.. ကိုယ့်ရဲ့လုပ်ဆောင်ချက်လေးတွေ.. ခံစားချက်လေးတွေကို အမှတ်ရစေချင်တာပါပဲ....
ကိုယ့်အတွက်တော့..Internet ဆိုတာ..စိတ်ရဲ့အပန်းဖြေရာ.. နှလုံးသားရဲ့ အလွမ်းခြေရာလေး တခုပါပဲ.. ခောတ်သစ်ဒိုင်ယာရီလေးတအုပ်ပေါ့ရှင်..

လေးစားစွာဖြင့်
ရီနိုမာန်

စာရေးသူ - မမလွင် (ခ) မမိုး

5 comments:

သူကြီးမင်း (တုံးဖလား) said...

ဟုတ်ပါတယ်။ အဲဒီအတိုင်းပါဘဲ။
ကောင်းကင်ပျံတိုင်းငှက်မဟုတ်သလို
ရေထဲသွားတိုင်းလဲ ငါးမဟုတ်သလို
မြေထဲသွားတိုင်းလဲ တီကောင်မဟုတ်သလိုပေါ့။

ကြည်နူးနိုင်ပါစေ။

မြတ်နိုး said...

ကဗျာရေးတိုင်း .ကဗျာဆရာမဟုတ်ပါဘူးး..
စာတွေရေးတိုင်း စာရေးဆရာမဟုတ်ပါဘူး...
ဒီစကားနှစ်ခွန်းလုံးကို အပြည့်အ၀ထောက်ခံpar tae.

ဂျပန်ကောင်လေး said...

အခုတလော ဘယ်က မမလွင်ရေးတဲ့စာကို အစ်ကိုက တင်တင်ပေးနေတာလဲဗျ...း)..

Waing said...

ဟုတ်တယ်ဗျို့......စာရေးတတ်သူတိုင်းကို အထင်ကြီးလေးစားမိတယ် ခံစားချက်ချင်းတူပါတယ်

စာပေများ အမြဲအားပေးဖတ်ရှုနေသူတစ်ဦး

yangonthar said...

စာရေးတာတော့ ဝါသနာထုံတယ်အစ်ကိုရ ဒါပေမယ့် စာရေးဆရာဖြစ်ဖို့ တော့ ကမ္ဘာ ကမ္ဘာ အဝေး လို့ သီချင်း ဆိုရဦးမယ်ထင် တယ် ..... ခံစားချက်လေးတွေ အတွေးတွေ အတွေ့ အကြုံ လေးတွေကို စာဖတ်သူ မပျင်းရ အောင်စကား လုံးလေးတွေ စီရီပြီး ရေးဖို့ တော့ အမြဲစဉ်းစားနေမိတယ်ဗျ ...... ဝါသနာ တစ်ခုတည်းပါဗျာ ...... မျှဝေတဲ့အတွက် ကျေးဇူး အစ်ကို လူတစ်ကိုယ်စိတ်တစ်မျိုးရယ်မဟုတ်လား ....
အကြောင်းတွေကလည်း အမျိုးမျိုးပေါ့လေ
ခင်တဲ့
ညီငယ် ရန်ကုန် :)