May 12, 2009

ဆရာလည်း မကယ်နိုင်

အင်း .....ဒီနှစ်တော့ ဆယ်တန်းအောင်မှကို ဖြစ်မယ်။ မအောင် ရင်လည်း အမေက ပြောတယ် ကျောင်းဆက် မထားတော့ဘူးတဲ့။ မအောင်ခဲ့ရင် ကိုယ့်စရိတ် နဲ့ကိုယ် ကျောင်းတက်ရမယ်နဲ့တူတယ်။ ဒါပင်မဲ့ ဘယ်မိဘက ပစ်ထားမှာလဲ။ အောင်စေချင်လို့ ဒီလိုမျိုးပြောတာ နေမှာပေါ့။ အဲ့ဒီအချိန်တုံးက အဲ့လိုမျိုးလုံးဝ မတွေးမိဘူးလေ။ ခုမှ.........။

ကျွန်တော်က ဆယ်တန်းပထမနှစ်ကို ကျလို့ ဒုတိယနှစ်ကို အဖေတာဝန်ကျတဲ့ ပင်းလောင်းမှာပြောင်းတက်တာ။ ဆယ်တန်း ဒုတိယနှစ် ဆိုတော့ ကျောင်းဖြေပဲ ရှိသေးတာပေါ့။ ကျောင်းတက်လိုက်၊ ကျူရှင်တက်လိုက်နဲ့ပေါ့။ Mon To Fri မနက်အစောကြီးက စထွက်တာ ညမှပြန်ရောက်တယ်။ ဒါစာသင်နှစ် တစ်နှစ်လုံးဆိုပါတော့။

ပင်လောင်းမှာက အရမ်းအေးတာ။ ဆောင်းတွင်းဆို ရေတောင်းခဲတယ်။ ပင်လောင်းအအေးက တောင်ကြီးထက် ကိုအေးတာ။ မယုံရင် တောင်ကြီးသားတွေကို မေးကြည့်ပါလား။ ဘယ်လောက်အေးလဲဆိုရင် မနက်စောစော ရေသောက်ဖို့ မပြောနဲ့ မျက်နှာသစ်ဖို့တောင် ဒီအတိုင်းမသစ်နိုင်ဘူး။ ရေနွေးလေး နည်းနည်းစပ်ပြီးမှ သစ်နိုင်တယ်။ မနက်စောစော ရေအိမ်သွား လို့ကတော့ အမျိုးသမီးတွေအတွက် တော်တော်ဒုက္ခရောက် တယ်လို့တော့ အမေကပြောတာပဲ။ ဒီကောင်ကလည်း စပ်စပ်စုစု “ ဘာဖြစ်လို့လဲ အမေ” လိုမေးတော့ အိမ်သာ ထဲကရေတွေ ခဲနေလို့တဲ့ဗျ။


မနက် လေးနာရီလေးဆယ့်ငါးဆို အိပ်ရာထ ကျောင်းဝတ်စုံလဲပြီး ၅နာရီဆို အိမ်ကထွက်တယ်။ လမ်းလျှောက်သွားရတာ ကျူရှင်ကို ရောက်ရင် ၆နာရီထိုးပြီ။ ၆နာရီဆို ကျူရှင်ကလည်းစပြီ။ ကျူရှင်ပြီးရင် ကျောင်းသွား ၊ ကျောင်းကပြန်ရင် ကျူရှင်ကို ပြန်ဝင် ၊ညကျမှ အိမ်ကိုပြန်ရောက်တယ်။ ဒါကျွန်တော် နေ့တိုင်းပုံမှန် လုပ်နေကျအလုပ်ပဲ။

တစ်နေ့ ကျူရှင်ဆရာနဲ့ ကျနော်တို့ သူငယ်ချင်းတစ်ဖွဲ့ စကားလက်ဆုံပြောဖြစ်ကြတယ်။ ပြောဖြစ်တဲ့ အကြောင်းကလဲ နာနာဘာဝ (သရဲ) အကြောင်း.....။ ကျနော်တို့ကို ဆရာကပြောတယ် “ နာနာဘာဝဆိုတာ ကြောက်စရာမလိုဘူး။ သူ့တို့ခြောက်တယ်ဆိုတာ လူတွေကို ကြောက်အောင်လို့ ခြောက်တာမဟုတ်ဘူး။ ကျနော်တို့ဆီက အမျှလိုချင်လို့ လိုက်ကပ်နေတာ” တဲ့။ ဆရာကဖက်ပြောသေးတယ် “တကယ်လို့ ကြုံခဲ့ရင်လည်း မကြောက်ကြပဲ အမျှပေးဝေ လိုက်ပါ၊ ကုသိုလ်ရပါတရ်” တဲ့။ ကျနော်တိုလည်း ဆရာပြောတုံးကတော့ သူ့တို့ကို (နာနာဘာဝ) တွေကို သနားသွားကြတာပေါ့။ ဟုတ်ပါတယ်လေ ဒါကြောက်စရာမှ မဟုတ်တာ ကောင်ရောင်း ကောင်းဝယ် လုပ်စား အဲ့ မှားလို့ ကောင်းတာလုပ်တာပဲလေ အမျှပေးလိုက်မယ်လို့ တွေးထားလိုက်တယ်။

တိုက်တိုက်ဆိုင်ဆိုင် တပ်ထဲက ဆရာကြီးတစ်ယောက်ကို သရဲခြောက်လိုက်လို့တဲ့။ ဘယ်နားမှာလဲမေးတော့ ကျနော်တို့အိမ် မျက်စောင်းထိုးနားက သစ်ပင်လေးနှစ်ပင်ကတဲ့.....။

အဲဒီနောက်ပိုင်း ကျူရှင်သွားရင် သစ်ပင်လေးနှစ်ပင်ကို သတိထားလာမိတယ်။ အဲဒီနားရောင်ရင်လည်း ရသမျှ ဘုရားစာကို ရွတ်တော့တာပဲ။ သစ်ပင်လေးနှစ်ပင်ကို ကျော်မှပဲ သက်ပြင်းချ သီချင်းဆိုနိုင်တော့တယ်။ ကြောက်တာကြောက်တာ........။ ဒီလိုနဲ့ နေလာတာ တစ်နေ့တော့....................................

မနက် ၅နာရီဆိုတာကလဲ စောကြီးရှိသေးတယ်။ အေးကလည်းအေး အလင်းရောင်ကလည်း မရောက်သေးတော့ အမှောင်လမ်းထဲမှာပေါ့။ ကျနော်က သွားနေကျဆိုတော့ ဒီလမ်းဒီလမ်းတွေကို မျက်လုံးမှိတ်ပြီး လျှောက်ရင်တောင်း အလွတ်ရနေပြီ။ အဲ .... သစ်ပင်နှစ်ပင် ရှေ့နားလည်းရောက်ရော ကြက်သီးတွေ ထလာတယ်။ အဲဒါနဲ့ ဖြေးဖြေးလေး လျှောက်ရင်း ဘာပြောကောင်မလဲ ဘုရားစာတွေ ရွတ်တော့တာပေါ့။ ဘုရား စာရွတ်နေရင်း နားထဲမှာ သတိထားလိုက်မိတဲ့ အသံတစ်သံ...........

“ရှပ်......ရှပ်.........ရှပ် ” ဘာသံပါလိမ့်။

လွယ်အိတ်နဲ့ပေါင် ထိတဲ့ အသံများလာလို့ ထင်ပြီး လွယ်အိတ်လေးကို မသိမသာလေး ကိုင်ပြီး ပေါင်နဲ့ ခွာလိုက်တယ်။

“ရှပ်......ရှပ်.........ရှပ် ” ကြားနေရတုံးပဲဗျ။

ဪ ငါ့ဖိနပ် ကများလာဆိုပြီး ကိုယ့်ခြေထောက်ကို ကိုယ် သတိထားပြီလျှောက်ကြည့် လိုက်တယ်။ ဘာမှမထူးခြားလာဘူး။ ကြားနေရတုံးပဲ။

အဲလိုနဲ့ ကျနော်ရပ်လိုက်တယ်။
“ရှပ်......ရှပ်.........ရှပ် ” အသံလည်းရပ်သွားတယ်။
ပြန်လျှောက်ကြည့်တယ် ပြန်ကြားနေရပြန်တယ်။
“ရှပ်......ရှပ်.........ရှပ် ” (ခြေသံ)

ဟာ သေချာပြီ ဒါနောက်ကနေ တစ်ယောက်ယောက်လိုက်လာတာပဲ ဆိုပြီး လှည့်ကြည့်လိုက်တော့ ........ဘာမှမတွေ့ရဘူး။ တစ်ယောက်ထဲဆိုတော့ လူကလည်းပိုပြီး ကြောက်လာတယ်။ အသံကလည်းခုထိကို ကြားနေရတုံး။

ကျနော်ဘာလုပ်ရမလဲ။ ထွက်ပြေးရမှာလား။ ရှူးရှူး ပဲ ပေါက်လိုက်ရမလား (သရဲဆို ကျင်ငယ်ကို ကြောက်တယ်လို့ ကြားဖူးထားတာကို) အဲဒီအချိန်မှာပဲ ဆရာပြောတဲ့ စကားကိုသတိရလိုက်တယ်။ အမျှပေးဖို့ကိစ္စ။ အား...ဟုတ်ပြီပေါ့ သူ ကျနော်နောက်ကို လိုက်လာတာ အမျှလိုချင်လို့ပဲဖြစ်ရမယ်။ ငါအမျှပေးလိုက်မယ် ဆိုပြီး စဉ်းစားလိုက်တော့...........

ငါ အမျှပေးလိုက်လို့ ကြီးတော်သားက ကောင်းကောင်းမွန်မွန်ယူသွားရင်ကောင်းသာ၊ အဲ့လိုမှမဟုတ်ပဲ ကြီးတော်သားက ငါ့နား နားမှာ အသက်နက်ကြီးနဲ့
-----------သာဓု------သာဓု-------------သာဓု ---------
ဆိုပြီးလာလုပ်လိုက်ရင်း အဲ့ဒီနေရာမှာတင် မေ့ပြီး သေသွားနိုင်တယ်။

ကဲ...ဒီတော့ မဖြစ်သေးပါဘူး ဆရာရေ.... ဆရာပေးခိုင်းတဲ့ အမျှလည်း မပေးနိုင်တော့ဘူး။ ကျနော်ပေးနိုင်တာ တစ်ခုပဲရှိတော့တယ် ဆိုပြီး နောက်ကိုလုံးဝမကြည့်ပဲ ငါနဲ့ကို ကိုင်တုတ်တော့ပေါ့။

ငါ့..........................................သား ငါကကြောက်ပါတယ်ဆိုနေမှ ငါနောက်ကနေလိုက်နေရလား။
မင်း အ.......................................!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!
လူလည်း ကြောက်ကြောက်နဲ့လွတ်တာ အရုပ်တွေကော အနတွေကော တကုန်တော့တာပဲ။
အဲ...... ပြောလို့လဲပြီးရော ဘာသံမှကို မကြားရတော့ဘူး။ ရှေ့နာရောက်တော့ လူသံကြားလိုက်ရတာနဲ့ ပိုပြီးအားတက်သွားတယ်။

ကျူရှင်ရောက်တော့ ဆရာကိုပြန်ပြောပြတော့ ဆရာလည်း ကျနော်ကိုကြည့်ပြီး ရယ်တော့တာပေါ့။ ဒါ ကျနော် ဘဝမှာ ပထမဆုံးအကြိမ် သရဲအခြောက်ခံရခြင်းပါ။ တိုက်ဆိုင်သွားတာလည်း ဖြစ်နိုင်ပါတယ်။ ခုချိန်ထိလည်း သူငယ်ချင်း၊ မိတ်ဆွေတွေနဲ့စကားပြောဖြစ်ရင် ဒီအကြောင်းလေးကို အမြဲ ပြောပြဖြစ်ပါတယ်။

ခုလည်း ကျနော့် သူငယ်ချင်း ညီအစ်ကို မောင်နှမ တွေကို ပြောပြချင်လို့ ပို့စ်အဖြစ်ဖော်ပြလိုက်ပါတယ်ဗျာ........


ချစ်ခင်လေးစားစွာဖြင့်
ရီနိုမာန်

18 comments:

kaungkinpyar said...

အိပ်ခါနီးမှ လာဖတ်မိတယ် မောင်လေးရေ၊ ကြောက်တတ်ပါတယ်ဆို၊ ပြန်ပီ

yehtutnaung said...

ဟား ဟား..တော်သေးတယ်... သရဲဒေါကီးပြီး ဂုတ်ခွ မစီးသွားတာ..။ ကြည့်ရတာ ကိုရီနို ဗလကြည့်ပြီး လန့် ပြေးတာထင်တယ်..။

သားကြီး said...

အစ်ကိုရဲ့သရဲအတွေ့အကြုံကိုလာဖတ်သွားပါတယ်

Anonymous said...

ယောကျာင်္းတော့ ယောကျာင်္းပဲ သရဲတော့ကြောက်တယ်ဗျို့ .. သရဲရှိတယ်လို့ သိထားတဲ့လမ်း တစ်ယောက်တည်း သွားဖို့ မပြောနဲ့ သရဲကားကြည့်လို့ သရဲလာပြီဟေ့ဆိုရင်တော့ ခေါင်းအုံးကြားထဲက ကွယ်ပြီး ကြည့်တာ .. ဟီးဟီး .. ခုလည်း ဒီပို့စ်ကိုသာ ဖတ်နေတာ ဘာများ ဖြစ်မလဲပေါ့ .. ဟူးးးးးးးးးးးးး တော်ပါသေးရဲ့ ကိုရီနို ဘာမှမဖြစ်ဘူးကိုး .. ကျွန်တော်က ရှူးရှူးနဲ့လှည့်ပန်းလို့ သရဲက ဟိုနေရာကိုများ ဆွဲထည့်လိုက်ပြီလားလို့ .... ဘောင်းဘီဇစ်ပြောပါတယ် :D

မြစ်ကျိုးအင်း said...

သရဲကို ရွတ်လိုက်တာ ဘာဂါထာ တုန်းဗျ..။
..ခင်မင်သောအားဖြင့်...

Sein Lyan Tun said...

ရှပ်.....ရှပ်.....ရှပ်......
လာနေပြီး
ဘယ်ပြေးမလဲ မောင်ရီနို

Anonymous said...

သရဲကြောက်ပါတယ်ဆိုနေမှ
ကိုရီနိုကြီးကလဲ

ဝသန်မိုး said...

ဂါထာက တော်တေ် စွမ်းတယ်ဗျာ
သရဲ ပြေးမပြေးတော့မသိဘူး
ကို ရီ နိုတော့ တစ်ချိုးတည်းနော်

း)
ခင်မင်တဲ့
ဝသန်မိုး

မိုးခါး said...

ကိုရီနိုနဲ့တွေ့တာ သရဲတော့ ကံဆိုးတာပဲ .. :P

အဆိပ်ခွက် said...

တိုကြီး အဟ သရဲများ အခြောက်ခံရပါ့ ..... ကိုရီနိုနောက်ကို လိုက်တဲ့ သရဲ က အမ ဘဲဖြစ်မယ် ဘာလိုလဲဆိုတော့ အထီးဆို ရင် နောက်က လိုက်မှာ မဟုတ်ဘူး ရှေ့ကရပ်ပြီး.... ကိုရီနိုကိုဖိုက်မှာ.... ခုကိုရီနို နောက်ကိုလိုက် တာအမ ဘဲဖြစ်မယ် သေချာတယ်....ဟီး..... စွန်တယ်ဗျာ..... အဟ

ခင်မင်လျှက်
အဆိပ်ခွက်

တောင်ပေါ်သား said...

အဟား ဒီသရဲက အရှက်တော်တော်ကြီးတယ်ထင်တယ် ပြောဆိုလိုက်တာ မလိုက်တော့ဘူးနော့် သေချာပါတယ် အရှက်ကြီး သရဲဖြစ်မှာပါ။ အဟား ကျနော်ကတော့ တခါမှ သေချာ မကြုံဖူးသေးဘူး.. စကားမစပ် တောင်ကြီးကလဲ အေးပါတယ်ဗျာ.. ခုတော့ သိတော့ဘူးလေ..


လေးစားလျက်
တောင်ပေါ်သား

အိုက်ခီလောက် said...

အင်း ဘာကို ပြ ပြီး ဘယ်လိုလုပ်တယ်ဆိုတာမရှင်းဘူးဗျာ
ပြီးတော့ ကိုကျိုးပြောသလို ဘာဂါထာလည်းဆိုတာရှင်းအုန်း

ဂျပန်ကောင်လေး said...

ဟားဟား.. ကျနော်သာဆိုလည်း ကြောက်မှာပဲ...း)

Ree Noe Mann said...

သရဲကြောက်တက်တဲ့ မကောင်ကင်းပြာ၊ ညီမလေးမြူး နဲ့ ညီမလေး မိုးခါး တို့ကို ကျေးဇူးပါ။

နေညိုရင့်၊ သားကြီး၊ ဖိုးစိန် တို့ကိုလည်းကျေးဇူး

ဂါထာ ကိုသိချင်နေကျတဲ့ ကိုမြစ်ကျိုးအင်း၊ အိုက်ခီလောက် နဲ့ ဝသန်မိုး

သရဲကြောက်ပါတယ် ဆိုတဲ့ နေဒေးသစ် နဲ့ ဂျပန်ကောင်လေး

တောင်ကြီးလည်း အေးပါတယ်ဆိုတဲ့ တောင်ပေါ်သား

စွန်တယ်ဗျာဆိုတဲ့ အဆိပ်ခွက်
အားလုံးကို ကျေးဇူးတင်ပါတယ်ဗျာ

puluque said...

ကျတော်ကတော့ သူရဲကြောက်ဖူးဗျ. လူပဲကြောက်တယ် သရဲက ကိုယ်ကို မရိုက်ဘူး လူက ကိုယ့်ကို နောက်ကချောင်းရိုက်သွားရင်း ခံရမှာ။ တောင်ကြီးနဲ့ ပင်လောင်း ဘယ်ဟာ ပိုအေးလဲ ဆိုတာ တောင်ပေါ်သားကို မေးကြည့်အုံးမှ

သီဟသစ် said...

ကိုရီနိုရေ
သရဲများ မကြောက်ပါဘူး

မတွေ့ရသေး မချင်း..
:)

မငုံ said...

:)) တကယ်လား။။တကယ်ယုံသွားပလား။ ပင်လောင်းမြို့လေးအေးတာ။ ရှမ်းပြည်တောင်ပိုင်းမှာ အအေးဆုံးမြို့လေးဆိုတာ မမေ့နဲ့။

မဆုမွန် said...

ဟဟဟ ရယ်ရတယ် အမျမပေးပဲ ဘာပေးလိုက်လဲဟေ...

ကျွန်မတုန်းက အိမ်သာက အထွက် ထုတ်တန်းကနေ အစ်ကိုက ဇောက်ထိုးကြိး ပုဆိုးခြုံပြီး စတာ သတ္တိ ဘယ်လောက်ကြီးသလဲဆို အိ...ခနဲ့ တစ်ချက်ပဲ ထွက်တယ် မျက်ဖြူလန်သွားတာတဲ့ မနည်း နှာနှပ်ယူရတယ် ပြောတယ် ဟဟဟဟ

အဲ့လို အနောက်က သာလိုက်ရင် တေပြီ ဆရာပဲ