May 1, 2009

အမေ့ရင်ခွင်

အမေ့ရင်ခွင်ဟာ
သားအတွက်တော့
ကန္တာရက အိုအေစစ်ပါအမေ
အဖေ့မေတ္တာရော အမေ့မေတ္တာပါ
ပေးစွမ်းနိုင်တဲ့ အမေ့ရင်ငွေ့မှာ
သားပျော်မွေ့ပေမယ့်
အမေအားကိုးရတဲ့သား
ဖြစ်ချင်ခဲ့တာကိုး
မပြောဖြစ်သေးတဲ့ စကားလေးတခွန်း
အခုဒီကဗျာလေးနဲ့ပဲ ပြောလိုက်ပါရစေ။
သားအမေ့ကို အရမ်းချစ်တယ်။
လွမ်းတယ်အမေ။
လေပြည်နဲ့အတူ
လွင့်ပါးလို့ရမယ်ဆိုရင်
လွမ်းရမှုတွေ သယ်ပိုးရင်း
ပြန်ခဲ့မိချင်ရဲ့ အမေ့ရင်ခွင်
အမေများနေ့မှာ
အမေများအားလုံး
စိတ်ချမ်းသာ ကိုယ်ကျန်းမာပါစေလို့
သားဆုတောင်းရင်း
ရှိခိုးကန်တော့ပါတယ် အမေ။

ကလောင်နာမည်ကို မပေးပါနဲ့လို့ပြောထားပင်မဲ့
အမေများနေ့ အမှတ်အရအတွက်မို့ ချစ်ပါးလုံး ရေးသားသောကဗျာ ဖြစ်ပါသည်။

5 comments:

ဖြိုးဇာနည် said...

ကျွန်တော်လဲဖြစ်ဖူးတယ်ဗျ ငယ်ငယ်တုန်းကပေါ့
ကျွန်တော်က လားရှိုးမှာနေတယ်လေ မေမေ
တို့နဲ့ မူဆယ်ကိုအလည်သွားရင် မေမေတို့က
အလုပ်ကိစ္စပေါ်လာလို့ အရင်ပြန်နှင့်ကြတယ်။
ကျွန်တော်က ဒေါ်လေးနဲ့နေပီး ကဲအုံးမယ်ပေါ့
အဲဒီတုန်းက မေမေကမသွားခင်မှာ သားလေး
မေမေ့ ကိုမချစ်လို့ ချန်နေခဲ့တာပေါ့ ဂယ်နေခဲ့မှာ
ပေါ့လို့မေးတယ်။ကျွန်တော်ကဘာမှပြန်မဖြေတော့
မေမေ ကသားမေမေ့ကိုမချစ်ဖူးလားလို့မေးတယ်
ဒါလဲသိတယ်မလားဒီကကောင်ကထုံပေပေနဲ့
နောက်ဆုံးကားသားမောင်းထွက်သွားတယ်
မပြောလိုက်ရဘူ့းညကျမှမေမေ့ကိုလွမ်းပြီး
ချစ်တယ်လို့ မပြောလိုက်ရလို့နောင်တတွေရပီး
ငိုမိပါသေးတယ့်အော့်ကလေးဘဝလေ့
အဲတာနောက်၃ရက်နေပြိးလားရှိုးရောက်တော့မှ
ပဲရောက်ရောက်ချင်းအောင့်တောင်မအောင့်နိုင်ဘူး
မေမေ့ဆီကိုတန်းပြေပြီးမေမေ့ကိုအရမ်းချစ်တယ်လို့
ပြောပစ်လိုက်တယ်။အဲဒီကျမှပဲ ရင်ထဲမျာ၃ရက်လောက်
အောင်းနေတဲ့နောင်တတွေ ပါးသွားတော့တယ့်

အဲလို့အဲလို့ဒါကြောင့်မို့လို့
ဒီင်္ကဗျာလေးကိုဖတ်လိုက်ရတဲ့
အချိန်မှာ အတိတ်ကိုပြန်ရောက်
သွားသလိုပဲ့အရမ်းကြိုက်ပါတယ့်

Sein Lyan Tun said...

မိဘချစ်တဲ့ကျနော့်အနေနဲ့
မိဘအဖွဲ့ကဗျာစာတွေမြင်တိုင်း
မျက်ရည်ဝဲဝမ်းနည်းသတိရလွမ်းဆွတ်မိတာအမှန်ပါပဲဗျာ

Anonymous said...

ကျွန်တော်လည်း အမေချစ်တတ်ပါတယ်ဗျာ .. အထင်တော့ လွဲစေချင်ပါဘူး :D

ဝသန်မိုး said...

ဘာလိုလိုနဲ့ အမေများနေ့ တောင်ရောက်တော့မယ်နော်
အမယ် မေမေချစ်တဲ့  သားတွေ ဆုံနေကြတာကိုး
သူတို့ချည်းပဲပြောလို့ ဘယ်ရမလဲ
ကျွန်တော်လည်းပြောမှာပေါ့လို့ 
အမေ့ရင်ခွင်ဟာ
အမြဲတမ်း
သားတွေသမီးတွေအတွက်
အလုံခြုံဆုံး
ကာကွယ်မှုအပေးနိုင်ဆုံး
နေရာလေးတစ်ခုပါဗျား
ပြောရင်းဆိုရင်းနဲ့ အမေ့ရင်ခွင်ကို အပြေးလေးဝင်လိုက်ချင်တယ်ဗျား။

သူကြီးမင်း (တုံးဖလား) said...

အမေဆိုတာ ချစ်မြတ်နိုးဖွယ်ကောင်းဆုံး လူသားတစ်ဦးပါ။