အမှန်တကယ်က ၁၅ရက်နေ့က ညီမလေး မိုးခါး ရဲ့ မွေးနေ့ပါ။ အဲဒီနေ့ ကသူငယ်ချင်းတွေ အားလုံးကိုယ်စီ အလုပ်တွေနဲ့ ဆိုတော့ ဖုန်းနဲ့ တစ်မျိုး၊ Message နဲ့ တစ်သွယ် Wish လုပ်ခဲ့ကြပါတယ်။ ဒီလိုနဲ့ ၁၆ရက် စနေနေ့ မှာအားလုံးကို ဖိတ်ပြီး မကြီးရောင်ပြန် အိမ်မှာ KFC နဲ့ ဧည်ခံခဲ့ပါတယ်။ သို့ပေသိ ကျနော်တို့ ရဲ့ မကြီးရောင်ပြန် ကလည်း သူမ၏မောင်လေး ညီမလေးများအတွက် ခေါက်ဆွဲသုပ်နဲ့ လ္ဘဖက်သုပ်ကို ထပ်လောင်းစီစဉ် ထားခဲ့ပါတယ်။
သိကြလား ဘယ်သူတွေလဲဆိုတာ ရှင်ရဲထွတ် ၊ ဖိုးဂျယ် ၊ သီဟသစ် ၊ နေးတစ် ၊ ဂျပန်ကောင်လေး ၊ မွေးနေ့ရှင် မိုးခါး ၊ အဆိပ်ခွက် ၊ ရီနိုမာန် ၊ မေတ္တာရောင်ပြန် ၊ တောင်ပေါ်သား
ကျနော်အရင်ဆုံး မကြီးတို့ အိမ်ကိုရာက်သွားပါတယ်။ ကျနော်ရောက်တဲ့ အချိန် ဘယ်သူမှ ရောက်မလာ ကြသေးဘူး ။ အားလုံးက On the way ပဲရှိကြပါတယ်။ ကျနော် ရောက်တော့ မကြီရောက်ပြန် ( ဦးရျင်ကြီး က ဒီလို ခေါ်တယ် “ ပြန်ပြန်” တဲ့) က အသုပ်အတွက် အားလုံးပြင်ဆင်ပြီးလို့ လ္ဘဖက်သုပ်ဖို့ အတွက် ဂေါ်ဖီ နဲ့ ခရမ်ချည်းသီး လှီးနေပါတယ်။ ခဏနေတော့ အဆိပ်ခွက် ၊ ဂျပန်ကောင်လေး နဲ့ ကြယ်ဖြူစင် ရဲ့ ညီမလေး တို့ရောက်လာကြပါတယ်။ သူ့တို့ရောက် သိပ်မကြာလိုက်ဘူး တောင်ပေါ်သား၊ ရှင်ရဲထွတ်၊ သီဟသစ်၊ နေးတစ်၊ ဖိုးဂျယ် နဲ့ မိုးခါးတို့ သူငယ်ချင်းနှစ်ရောက်လာကြပါတယ်။ အားလုံး လူစုံတက်စုံပါပဲ။ မရောက်လာကြသေး တာကတော့ ကြယ်ဖြူစင် နဲ့ စနေသား။ ကြယ်ဖြူစင်လည်း သူ့မှာ အလုပ်သာလုပ်နေရတာ စိတ်ကတော့ ကျွန်တော်တို့အဖွဲ့ ဆီကိုရောက်နေတာအမှန်ပါ။ ခဏနေ ဖုန်းခေါ်လိုက် ခဏနေ Message ပို့လိုက် ခဏနေ ပေါင်းမြှောက်များစွာနဲ့ သူ့ခများရာက်လာခဲ့ပါတယ်။ ကြည်ဖြူစင်ရောက်ပြီး အကြာခင်မှာပဲ စနေသား ကျောင်းကနေ ရောက်လာပါတယ်။
ဖိုးစိန်က ပြောတဲ့ စကတ် နဲ့ လှတယ်ဆိုတဲ့ မကြီးရောင်ပြန်
ဖိုးစိန်က ခုထိ ပန်ကန် မချသေးဘူးလို့ ဆိုတဲ့ ဂျပန်ကောင်လေး နဲ့ အဆိပ်ခွက်
နောက်ကျနေပြီး ကုန်တော့မှာပဲ လို့ စိုးရိမ်နေတဲ့ ကြယ်ဖြူစင် ၊ မိုးခါး ၊ မိုးခါးသူငယ်ချင်း ၊ ကြယ်ဖြူ ညီမလေး နဲ့ မကြီးရောင်ပြန်
B Day Card မှာ အမှတ်တရ လက်မှတ် ထိုးထားကြတယ်။
ခေါက်ဆွဲသုပ် ကိတ်မုန့် အအေး
ခေါက်ဆွဲ သုပ်ရန် ပြင်ဆင်နေပုံ



မျက်လုံးပြူး လျှာထုတ် ခေါင်းကုတ် နေတာ ဘယ်သူလို့ ထင်လဲ အဲ့ဒါ ပေါ့................ဖိုးစိန် ဆိုတာ
ကဲ ကျနော်တို့ ရဲ့ မွေးနေ့ပွဲ အစီအစဉ် လေးကို စလိုက်ကြရအောင်။ မွေးနေ့ကိတ်လှီး တဲ့ အချိန်မှာ ကြယ်ဖြူစင် နဲ့ စနေသား တို့ မရောက်လာကြသေးပါဘူး။ မစခင်လေးမှာတင် ဆိုက်ပရက်ခ် က ဖိုးစိန် ရောက်လို့လှမ်းခေါ်နေပါပြီ။ သူ့ကိုပါ တစ်ခါတည်းခေါ်ပြီး Happy Birthday လေးကို စတင်လိုက်ကြပါတယ်။ ကြယ်ဖြူစင်ရောက်လာတော့ တခါ ကွန်ပြုတာ တစ်လုံးထပ်ဖွင့် မော်စကို က မောင်ငယ်ပါရောက်လာပါတယ်။ ဟိုဘက်ပြောလိုက် ဒီဘက်ပြောလိုက်၊ စားလိုက်သောက်လိုက်နဲ့ပေါ့။ တကယ့်ကို ပျော်စရာကြီးပါ။
ပြီတော့ ဘာလုပ်တယ်မှတ်လဲ (......) ရိုက်ကြတယ်လေ။ အဲဒီအချိန်မှာပဲ သူငယ်ချင်းတွေနဲ့ ချိန်းထားတဲ့ မိုးခါးနဲ့ ပန်ပန် ရယ် လေဆိပ်မှာ သူငယ်ချင်းကိုကြို စရာရှိတဲ့ ကျနော်ရယ် က မပြန်ချင်ပဲ အားလုံးကို နှုတ်ဆက်ပြီး ထွက်လာခဲ့ရပါတယ်။
ညီမလေး မိုခါး မွေးနေ့ ကို ဘာမှအမှတ်တရ မပေးရသေးတာနဲ့ ဒီပိုစ့်လေးနဲ့ အတူ အစ်ကို လေဆိပ်သွားရင် ပန်းတွေကိုတွေ့လို့ ရိုက်လာတဲ့ ပုံတွေကို အမှတ်တရ မွေးနေ့ လက်ဆောင်အဖြစ် တင်ပေးလိုက်ပါတယ်။ ပျော်ရွှင်ပါစေ ညီမလေး မိုးခါးရေ...............................
မွေးနေ့လက်ဆောင် (၁)
မွေးနေ့လက်ဆောင် (၂)
မွေးနေ့လက်ဆောင် (၃)
မွေးနေ့လက်ဆောင် (၄)
မွေးနေ့လက်ဆောင် (၅)
ကဲ ကျနော်တို့ ရဲ့ မွေးနေ့ပွဲ အစီအစဉ် လေးကို စလိုက်ကြရအောင်။ မွေးနေ့ကိတ်လှီး တဲ့ အချိန်မှာ ကြယ်ဖြူစင် နဲ့ စနေသား တို့ မရောက်လာကြသေးပါဘူး။ မစခင်လေးမှာတင် ဆိုက်ပရက်ခ် က ဖိုးစိန် ရောက်လို့လှမ်းခေါ်နေပါပြီ။ သူ့ကိုပါ တစ်ခါတည်းခေါ်ပြီး Happy Birthday လေးကို စတင်လိုက်ကြပါတယ်။ ကြယ်ဖြူစင်ရောက်လာတော့ တခါ ကွန်ပြုတာ တစ်လုံးထပ်ဖွင့် မော်စကို က မောင်ငယ်ပါရောက်လာပါတယ်။ ဟိုဘက်ပြောလိုက် ဒီဘက်ပြောလိုက်၊ စားလိုက်သောက်လိုက်နဲ့ပေါ့။ တကယ့်ကို ပျော်စရာကြီးပါ။
ပြီတော့ ဘာလုပ်တယ်မှတ်လဲ (......) ရိုက်ကြတယ်လေ။ အဲဒီအချိန်မှာပဲ သူငယ်ချင်းတွေနဲ့ ချိန်းထားတဲ့ မိုးခါးနဲ့ ပန်ပန် ရယ် လေဆိပ်မှာ သူငယ်ချင်းကိုကြို စရာရှိတဲ့ ကျနော်ရယ် က မပြန်ချင်ပဲ အားလုံးကို နှုတ်ဆက်ပြီး ထွက်လာခဲ့ရပါတယ်။
ညီမလေး မိုခါး မွေးနေ့ ကို ဘာမှအမှတ်တရ မပေးရသေးတာနဲ့ ဒီပိုစ့်လေးနဲ့ အတူ အစ်ကို လေဆိပ်သွားရင် ပန်းတွေကိုတွေ့လို့ ရိုက်လာတဲ့ ပုံတွေကို အမှတ်တရ မွေးနေ့ လက်ဆောင်အဖြစ် တင်ပေးလိုက်ပါတယ်။ ပျော်ရွှင်ပါစေ ညီမလေး မိုးခါးရေ...............................
24 comments:
ပျော်ရွှင်စရာပါ အကိုရေ... ()ဘာတုန်း ဘာရိုက်တာတုန်း သားပါဘူးနော့်
လေးစားလျက်
တောင်ပေါ်သား
ပျော်စရာကြီး ဝေ့...း)
အကိုရေ..ဘာရိုက်တာတုန်း...တောင်ပေါ်သားက
ကုလားကားအခွေယူပြန်တယ်တဲ့..နောက်ဆုံး
သတင်းက..သူ့စီဘောက်မှာတွေ့တာ...
ညီမလေး
ကြယ်ဖြူစင်...
ပျော်စရာကြီးဗျာ
တစ်နေ့ တော့စလုံးကို
ချန်ဂိကနေ ၀င်လာပြီး
မောင်နှမတွေ လာတွေ့ ဦးမယ်ဗျာ
ခင်မင်မှုများနဲ့ 
ဝသန်
17 May 09, 15:55
kom: အဲဒါ terminal 3ပါ
17 May 09, 15:52
ဝသန်မိုး: မန့် သွားတယ် ဗျို့ 
17 May 09, 15:51
kom: ရောင်ပြန်မမလှလှ
17 May 09, 15:51
kom: ဖိုးစိန်သရဲကြီး
17 May 09, 15:47
kom: ဖတ်နေတယ်
happy birthday moe kha
မွေးနေ့မင်္ဂလာပါဗျာ....
မောင်နှမတွေစုစုစည်းစည်းနဲ့အားကျစရာ...
ကိုရီနိုတို့များပိုင်ပါ့
Changi က ပန်းတွေကို မွေးနေ့လက်ဆောင်ပေးသကိုး..
ကျွန်တော်တို့ ညီအစ်ကို မောင်နှမ တွေ ဆုံရတာ ပျော်စရာကြီးဗျာ...
See you..
Good luck
း) ကျေးဇူးဗျို့.. အခုလိုတင်ပေးတာ..
မပါတဲ့သား ပေါ်ပေါ်က ၅ ဒေါ်လာကုန်တယ်ဆိုပဲ
မကြီးရောင်ပြန်က စကတ်နဲ့လှတယ် ဟီးးဟီးး
(သားဘာမှပြောဘူးနော့်)
ဖိုးစိန်ကချစ်ရှာလေးနော့်
တကယ့်ကို အမှတ်တရနဲ့ ပျော်စရာကောင်းတဲ့
စနေနေ့လေးတစ်နေပါ
ကျနော်လဲပျော်ပါတယ်
ဒါပေမယ့် ဘဝက
သားသမီးတွေ မမာတဲ့ အဖေအိမ်လာလည်
ပြီးတော့ ကုတင်ပေါ်ကအဖေ့ရှေ့မှာ
အဖေစားမရတဲ့ အစားအသောက် စားပြနေတဲ့ဘဝနဲ့ တူနေတာ
ဒါပေမယ့်
အဖေပီတိဖြစ်ပါတယ်
သားတို့ သမီးတို့ရယ်
ချစ်သယ်ရင်း
ဖိုးချစ်
ဖိုးစိန်
အဲဒီကိုရီနိုကြီးကလေ.ပြေားပါလား
မမိုးခါးဘတ်ဒေးလုပ်မှာလို့ 
ဘတ်ဒေးရှိတယ်လာခဲ့နော်ဆိုတော့
မြူးကကိုကြီးဘတ်ဒေးပဲထင်တာပေါ့
မြူးဖြင့်ဆုတွေတောင်းပေးလိုက်ရတာ
ပြန်လျော်ပေးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
ဟဟ....
တွယ်နေလိုက်ကြတာ..
ဝါး... ဒါကြောင့်ကိုး.. ဒါကြောင့်ကိုး..
အဖြေ ရှာနေတာ.. ဘာဖြစ်လို့လဲ ဆိုတာ အဟီး..
အဖြေထွက်ပြီ.. ဘယ်သူအများဆုံးစားလဲဟင်...
ကျတော့် အထင်တော့.. အင်း.. ဟိုအစ်မပဲ နေမှာပေါ့..
မဟုတ်၇င် အဟိုအစ်ကိုနဲ့တူတယ်.. အဟီး..
မွေးနေ့လက်ဆောင်ပေးတာပဲ အားကျတယ်.. ပြောလိုက်မြန်မာပြည်ပြန်ရင် တခါတည်းယူပြန်သွားနော်လို့.
အဟီး..
ခီခန့်
မောင်နှမတွေ ပျော်စရာကြီး...း)
ကျေးဇူးဗျိုး ကျနော် ဆွဲနေတဲ့ပုံလေး ပါလာတယ်.... ဗိုက်စာလိုပါ
ခင်မင်လျှက်
အဆိပ်ခွက်
ပျော်စရာကြီးဟယ်၊ အမက မအားလို့ မပါလိုက်ရဘူး၊ နောက်တရက်ရက်ပေါ့နော်၊
အင်မတန် ပျော်စရာကောင်းခဲ့တဲ့ နေ့လေးတစ်နေ့ပါ
ကိုရီနို နှစ်ယောက်စာ စားခဲ့လား ။ ချန်ဂီက ပန်းတွေလဲ လက်ဆောင်ဖြစ်ကုန်ပါပြီး ။ ပျော်စရာကောင်းတဲ့ မွေးနေ့ပွဲလေးပါပဲ
Birthday Photo တွေ လာကြည့်သွားပြီဗျာ။ ပျော်စရာကြီးပါလားနော်။
လူလည်လေး Changi ကပန်းတွေကိုများ မွေးနေ့လက်ဆောင်တဲ့။ မကြီးကတော့ မောလိုက်တာ ဒီနေ့ တာကာရှီးမားရားမှာ ပတ်လိုက်ရတာ။ ဘာမှလည်း ၀ယ်မလာဖြစ်ဘူး။ နောက်တပတ် အားလုံး ကိုခေါ်ပြီး သွားဝယ်မယ် ဒါပဲ။ ဟွန့်
ချစ်မကြီး
မရောင်
မနာလိုဘူးလို့ မပြောပါဘူးကျေနပ်ပါတယ်ဗျာ
အားလုံးစုံစုံညီညီတွေ့ ရတော့ အပျော်လေးတွေကူးစက်သွားပါတယ်
နောက်လည်းပြောင်နိုင်ပါစေ အဲ့လေ ပျော်နိုင်ပါစေ
အကိုတွေ အမတွေအကုန်လုံးကို ကျေးဇူးတင်ပါတယ် ..
ခုလိုအိမ်ဝေးနေသူတွေအတွက် တကယ်နွေးထွေးတဲ့ နေ့လေးပါပဲ ..
နောက်လည်း အကြောင်းမရှိ အကြောင်းရှာ ဆုံကြတာပေါ့ ..း)
ထပ်လာကြည့်သွားတယ်
တော်သေးတာပေါ့ ၀က်ဘ်ကမ်ပြမလို့ ခေါ်တဲ့အချိန်မှာအနော်က အပြင်သွားနေလို့ ..နို့ မို့ ဆိုသွားရည်ကျ ပြီး ထိုင်ကြည့်နေရမှာ..အဟားဟား
ကိုယ်သိပြီး ကိုယ်မသိသေးတဲ့သူတွေပေါ့...
Post a Comment