September 2, 2015

စက်တင်ဘာ အောင်ပွဲ

ရိုးသားလှတဲ့ စက်တင်ဘာ
အေးချမ်းလွန်းတဲ့ စက်တင်ဘာ
နှစ်သစ်ရောက်ခဲ့ပြီ စက်တင်ဘာ
ဘဝပေါင်းများစွာထဲက စက်တင်ဘာ
ပြောင်းလဲခြင်းတွေပေးတဲ့ စက်တင်ဘာ
ကျေးဇူးရှင်မိဘနှစ်ပါးနဲ့ စက်တင်ဘာ

ဒီအချိန်ကိုရောက်ရင် သတိရတယ် စက်တင်ဘာ
မွှေးလွန်းတဲ့ပန်းအနံ့လေးတစ်ခုရှိတယ် စက်တင်ဘာ
နိုးထခြင်းကို အသက်သွင်းပေးနိုင်ခဲ့တဲ့ စက်တင်ဘာ
ရိုးသားမှုတွေကို ချပြနိုင်ခဲ့တဲ့ စက်တင်ဘာ
ရုန်းကန်မှုတိုင်းမှာ အဓိပ္ပာယ် ရှိလှတဲ့ စက်တင်ဘာ
ကြိုးစားရင်း မေ့လို့မရတဲ့ စက်တင်ဘာ
နှစ်သစ်ပေါင်းများစွာနဲ့အတူ ရှင်သန်ခဲ့တဲ့ စက်တင်ဘာ

စက်တင်ဘာကိုရောက်တိုင်း
စက်တင်ဘာတွေ ပျော်ရွှင်ခဲ့ရတယ်။
စက်တင်ဘာတွေ ငိုကြွေးခဲ့ရတယ်။
စက်တင်ဘာတွေ အံ့သြခဲ့ရတယ်။
စက်တင်ဘာတွေ ရူးသွပ်ခဲ့ရတယ်။
စက်တင်ဘာတွေ အောင်မြင်ခဲ့ရတယ်။
စက်တင်ဘာတွေ တမ်းတခဲ့ရတယ်။

ခုတော့ စက်တင်ဘာတွေ
ပျော်ရွှင်ဖို့ အချိန်ရောက်ခဲ့ပြီ။
ငိုကြွေးဖို့ အချိန်ရောက်ခဲ့ပြီ။
အံ့သြဖို့ အချိန်ရောက်ခဲ့ပြီ။
ရူးသွပ်ဖို့ အချိန်ရောက်ခဲ့ပြီ။
အောင်မြင်ဖို့ အချိန်ရောက်ခဲ့ပြီ။
တမ်းတဖို့ အချိန်ရောက်ခဲ့ပြီ။

စက်တင်ဘာတွေ စက်တင်ဘာနဲ့ စလိုက်ကြရအောင်။

🌺🌸🌳🌲🌷🌻🌵🌴
ရီနိုမာန်