November 21, 2009

အစီအစဉ် လေးတစ်ခု ( Photo ReeNoeMann )

လေးစားချစ်ရပါသော ညီအစ်ကိုမောင်နှမများ ခင်ဗျာ

ကျနော်ဘလောဂ့်လေးမှာ ထူးခြားတယ်လို့ မဆိုနိုင်ပေမယ့် လစဉ်ပုံမှန် ဖြစ်တဲ့ ပြိုင်ပွဲလေးတစ်ခုလောက် လုပ်ချင်နေခဲ့သည်မှာ ကြာခဲ့ပါပြီ။ အကြောင်း အမျိုးမျိုးကြောင့်သော၎င်း၊ အချိန်မအားလပ်သောကြောင့်၎င်း၊ စိတ်ကူးမရသေး၍သော၎င်း အစီအစဉ်အား ဆောင်ရွက်နိုင်ခြင်းမရှိခဲ့ပါ။ ယခုအခါမှာ အစီအစဉ်သစ် တစ်ခုကိုတွေးမိသောကြောင့် ပြုလုပ်လိုစိတ်များ ဖြစ်ပေါ်နေပါသည်။ ထို့ကြောင့် မောင်နှမများ ဖက်မှ တက်နိုင်သလောက် ဝိုင်းဝန်းကူညီပေးကြပါလို့ အရင်းဆုံး ပြောကြားလိုပါတယ်။

အစီအစဉ်လေးကတော့ (Photo ReeNoeMann )ဓါတ်ပုံပြိုင်ပွဲလေး တစ်ခုပါ။ လူတိုင်းလူတိုင်းမှာ ဓါတ်ပုံရိုက်တာ ဝါသနာပါကြပါတယ်။ ဒါကြောင့် လစဉ်လတိုင်း စာဖတ်ပရိတ်သက်ရဲ့ မဲဆန္ဒနဲ့ ပုံလေးတွေကို ရွေးချယ်မှာဖြစ်ပါတယ်။ ကူညီပေးကြပါအုံးလို့ ပြောကြားရင် အောက်မှာပါတဲ့ စည်းမျဉ်းများ အတိုင်း ဆောင်ရွက်မှာ ဖြစ်ပါတယ်။

စည်းကမ်းချက်များ--

၁)ပတ်ဝန်းကျင် အလှပုံများ ဖြစ်ရမည်။ (လူပုံများ လုံးဝမပါဝင်ရ)
၂)ကြည်လင်ပြတ်သားရမည်။
၃)တစ်ခါပို့လျှင် တစ်ပုံမှ သုံးထိပို့နိုင်သည်။
၎)ဓါတ်ပုံနှင့်တကွ လူနာမည် (Nick Name ကိုသာ အသုံးပြုရန်) ထည့်ပေးရပါမည်။
၅)ကိုယ်တိုင်ရိုက်ထားသောဓါတ်ပုံဖြစ်ရပါမည်။

အထက်ပါစည်းကမ်းချက်များနဲ့ ကိုက်ညီမှသာလျှင် ဖေါ်ပြမှာဖြစ်ပါသည်။ မဲအများဆုံးရရှိသော ဓါတ်ပုံအား ကျနော်ဘလောဂ့်တွင် တစ်လတိတိ ဖေါ်ပြပေးမှာဖြစ်ပါသည်။ လစဉ်ပြုလုပ်မှာ ဖြစ်သောကြောင့် ပါဝင်စေချင်သော လ နှင့်တကွ ကြိုပို့ထားနိုင်သည်။

ဆက်သွယ်ရန်လိပ်စာ - reenoe1981@gmail.com သို့ပေးပို့နိုင်ပါသည်။

လေးစားစွာဖြင့်
ရီနိုမာန်

18 comments:

WWKM said...

အိုကေ .. အစ်မလည်း ရူ့ခင်းပုံလေးတွေပို့လိုက်မယ်.
ပထမရရင် အကျွေးအမွေးရောမပါဘူးလား.း)

Anonymous said...

sorry dude, nobody interested.

Wut Hmon said...
This comment has been removed by the author.
Yu Ya said...

Day Scene နဲ့ Night Scene သက်သက်ဆီခွဲပြိုင်မယ်ဆိုရင် ပိုအဆင်ပြေမယ်နဲ့တူတယ် ကိုရီနိုရေ...

ဆန္ဒမွန်ဖြင့်
yu ya

ဆောင်းနှင်းရွက် said...

ကင်မရာ
ကောင်းကောင်း တစ်လုံးလောက်
အရင် ၀ယ်ပေးပါလားးး ဟင်..???

ဂျပန်ကောင်လေး said...

း)

Waing said...

ဓါတ်ပုံပြိုင်ပွဲဆိုတော့ စိတ်ဝင်စားပါတယ်
သဘာဝရှုခင်းတွေ ရိုက်ထားတာ အများကြီးရှိတယ်ဗျ
ပို့ပေးလိုက်မယ် ဆုပေးအစီအစဉ်ပါ ထည့်ပေးဦးလေး)

မိုးစက်အိမ် said...

အလိုဆိုကိုယုယကြီး ဗိုလ်စွဲမှာသေချာတယ်အမရ . . .
ရိုက်ချက်ပြင်းတယ် ( ဓာတ်ပုံပြောတာပါ ) :P
ပျော်ရွှင်ပါစေ အစ်ကိုရေ . . .

ညီညီ said...

စိတ်ဝင်စားစရာကောင်းတယ်ဗျ. ကျွန်တော်လည်း ပြိုင်မယ်ဗျာ.။ ဒါပေမဲ့ ကင်မရာ ကမရှိ :(.

ခင်တဲ့

ညီညီ

Ree Noe Mann said...

ဟုတ်ကျေးဇူးတင်ပါတယ်ဗျာ။

ခုလို ကျနော်ရဲ့ အစီအစဉ်လေးကို

စိတ်ဝင်စားတဲ့ လူရှိသလို့ စိတ်မဝင်စားတဲ့ လူတွေကိုရော

အားလုံးကျေးဇူးအထူတင်ပါတယ်။

ဓါတ်ပုံဆိုတဲ့ နေရာမှာ ကင်မရာနဲ့ ရိုက်မှ ရတဲ့ဓါတ်ပုံ

ရယ်မဟုတ်ပါဘူး။ ဖုန်းနဲ့ ရိုက်လို့ရတဲ့ ကြည်လင်တဲ့

ဓါတ်ပုံတွေဆိုရင်လည်းရပါတယ်ဗျာ။

ခင်တဲ့ ရီနိုမာန်

သီဟသစ် said...

ကင်မရာက ဘေဘီလေးကို ဓါတ်ပုံရိုက်ရအောင် မြန်မာပြည်ကို ပို့လိုက်ပြီ..

အသစ်ဝယ်မှပဲ..

အကြောင်းပြစရာ ရသွားပြီ..


ခင်မင်စွာဖြင့်
သီဟသစ်

နေဒေးသစ် said...

လူပုံနဲ့မှ ယှဉ်ပြိုင်ခွင့် မရရင်တော့ လုံးဝ မပြိုင်နိုင်ဘူး .. ဒါဗြဲ :D

Sein Lyan Tun said...

ဟုတ်တယ်..

နေဒေးကို ထောက်ခံတယ်...

ကိုယ်လို လူချော လူလှ လေးပုံကို ရွေးရမှာ ကြောက်နေလားးးးးးးးးးးး

ဝန်ခံလိုက်စမ်းဘာာာာာာာာာာာာာာာာာာ


ခိခိ...

ခုတည်းက ကင်မရာတစ်လုံးနဲ့ အလုပ်ရှုပ်နေတော့မယ့် ဖိုးစိန်ပုံကို မြင်ယောင်သေး....


း)))


ချစ်တဲ့

ဖိုးချစ်

သူကြီးမင်း (တုံးဖလား) said...

ဧရာမပြိုင်ပွဲပြီးတစ်ခုဖြစ်မှာ မြင်ယောင်မိသေးတယ် ရီနိုရေ။

အဆင်ပြေပျော်ရွှင်ပါစေဗျာ။

စည်သူ said...

ဟဲဟဲဟဲ..

ဘယ်ရမလဲကွ

အင်း..
ကင်မရာဆိုတာက ဘယ်ဟမှန်းမသိ ဖြစ်နေတော့ ကွိုင်ပဲ
အကြံရပြီးဟ ကိုဘိုဆီသွားအုံးမှ

အကြာကြီးမငှားပါဘူး
တစ်လလောက်ဆို အဆင်ပြေပါတယ်..းP

မြစ်ကျိုးအင်း said...

မင်းအစီအစဉ်ကောင်းတယ်ကွ

ဝင်ပြိုင်စေချင်ရင် ကင်မရာ ပို့လိုက်

ဖုန်းနဲ့ရိုက်ရင် ပြိုင်တိုင်း နောက်ပဲ ရောက်နေမှာကွး)

ကောင်းကင်ပြာ said...

အမ လဲ ကင်မရာ တလုံးးးးးဖုန်းက စုတ်နေတယ်အေ့...

ကိုလူထွေး said...

ဒါဆို ကိုလူထွေးဆီကိုလည်း တလုံးပို့ပေးပါ...
ကင်မရာပြောတာ...

းဝ)