November 8, 2009

ကျနော့်လက်ရာ

ဒါက ကျနော်အလုပ်လုပ်နေတဲ့ ION Shopping Centre ရဲ့ အပေါ်က လူနေ အဆောက်အဦးပါ။ ဈေးကတော့ ကြီးသလာတော့မမေးပါနဲ့။ ဈေးအနည်းဆုံးကတော့ စင်ကာပူဒေါ်လာ 5.5 Millions ကစပါတယ်။ စဉ်းစားနေတာ တစ်ခန်းလောက်ဝယ်လိုက်ရမလားလို့...
ကျနော်တို့ ဆောက်နေတဲ့ အထပ်က အားလုံးပေါင်း ၅၆ထပ်ပါ။ ခုကျနော် အလုပ်လုပ်နေတာအထပ်၄၄မှာပါ။
ဒီ ၄၄ထပ်ကနေ လက်အား အလုပ်အားနေတာနဲ့ လက်တည့်စမ်းထားတာပါ။











ဒီပုံတွေက စင်ကာပူ တစ်မြို့လုံးကို အကုန်မြင်နေရတဲ့ လေးဖက်လေးထောင့်ကနေ လိုက်ရိုက်ထားတဲ့ ပုံပါ။ ဘာမှမဟုတ် ဆားချက်သည်ပေါ့။ ဟဲဟဲ.......


7 comments:

Yu Ya said...

မိုက်တယ် ကိုရီနိုရေ.. ၀ယ်လိုက်ဗျ.. 5.5 Millions တဲ့လားဗျာ။ 6 Millions ပေးမယ်လို့..အဟီး.. မြန်မာငွေနဲ့ 6 Millions ပေးမယ်လို့.. လက်ခံမလားမေးပေးပါဗျာ..။

yu ya

Mogok Thar said...

ဝယ်လိုက်စမ်းပါ။ ရဲ ရဲ ကြီး ၀ယ်လိုက်စမ်းပါ.......

ညီ့ အိမ်မှာ လာစုကြမယ်...
ပျော်စရာကြီးဝေ့

ဂျပန်ကောင်လေး said...

စင်္ကပူက တကယ့်ကို လှတာပါပဲနော်... လာလည်ပါဦးမယ်.. ရောက်ဖူးသည်ရှိအောင်..း)

ဂျပန်ကောင်လေး said...

နောက်လိုက်တာနော်.. လှတယ်.. ကြိုက်တယ်.. ဓါတ်ပုံ..

မြစ်ကျိုးအင်း said...

အိမ်သာကို ၀ရံတာအပြင်ဘက်မှာ မှန်နဲ့ တပ်ပေးမယ်ဆို တခန်းလောက် ဆွဲထားလိုက်ကွာ။

ငါနေဘို့မဟုတ်ပါဘူး ဧည့်သည်လာရင် ထားရအောင် လို့။

ပုံ့မေ said...

ကိုကြီးရိန်နို မေသူ့ အတွက် တစ်ခန်းလောက် မှာထားလိုက်စမ်းပါဦး။ ပိုက်ဆံတွေ ပေါလွန်းလို့ ဘယ်ထားရမလဲ စဉ်းစားနေတာ ခုမှပဲ တွေ့ တော့တယ်။ ဒီအိမ်မှာ မေသူတို့ မောင်နှမတွေ ဆုံဖို့ ထားလိုက်မယ်။

သိပ်ကျေးဇူးမတင်ပါနဲ့ ။ ဒါလေးက မေသူ့ အတွက် အပျော့ပါ။ :D

ကောင်းကင်ပြာ said...

အဲ့ ပေါ်ကနေ ကောင်မလေးတွေ ကြည့်ရင် စိတ်ကူးယဉ်တာလေးပါ ထည့်ရေးလေ..