November 28, 2009

စိတ်ထောင်း ကိုယ်ကျေ

ဒီခေါင်းစဉ်လေးနဲ့ ပတ်သက်ပြီး သင့်ဘယ်လိုများ အဓိပ္ပာယ်ဖွင့်မလဲတော့ ကျွန်ုပ်သိနိုင်မှာ မဟုတ်ဘူး။ ကျွန်ုပ်နားလည်မိသလောက်တော့ ပြောချင်မိတယ်။ လူရယ်လိုဖြစ်လာရင် တစ်ခုမဟုတ်တစ်ခုတော့ အလုပ်လုပ်နေရမှာပါ။ အလုပ်လုပ်တဲ့နေရာမှာလည်း နေရာနှစ်မျိုးရှိပါတယ်။ ပထမက ခွန်အားကိုသုံးပြီး အလုပ်လုပ်ရတဲ့ အလုပ်၊ နောက်တစ်ခုက ဦးနှောက်ကို အသုံးပြုပြီး လုပ်ရတဲ့ အလုပ်ဆိုပြီး ကျွန်ုပ်နားလည်ထားပါတယ်။

အလုပ်လုပ်နေတဲ့ လူတိုင်းမှာ အခက်အခဲ ဒုက္ခမျိုးမျိုး ကြုံတွေ့ရမှာပါ။ ဒီလိုကြုံတွေ့ လာရပြီဆိုရင်တော့ ပုထုဇဉ်ဖြစ်တဲ့ ကျွန်ုပ်တို့ဟာ ခံနိုင်ရည်ရှိဖို့ လိုအပ်လာပါပြီ။ ခံနိုင်ရည်ရှိဖို့ ဆိုတဲ့ နေရာမှာ အဓိက ကျွန်ုပ်ကတော့ စိတ်ကိုပဲပြောချင်ပါတယ်။ စိတ်ဆိုတဲ့ အရာက ဦးဆောင်နေလို့လဲ ခုကျွန်ုပ်တို့ ဟာ အသက်ရှင်နေထိုင်နေရတာပါပဲ။ အကယ်၍များ စိတ်ဆိုတဲ့ အရာကြီးသာ မရှိခဲ့ဘူးဆိုရင် ကျွန်ုပ်ဆိုတာ ဖြစ်လာနိုင် စရာ အကြောင်းမရှိပါဘူး။


စိတ်ဆိုတဲ့ အကြောင်းအရာကို ကျွန်ုပ်တွေးမိတဲ့ အချိန်မှာ စကားလုံးလေး တစ်လုံးကိုလည်း တပြိုင်နက်တည်း စဉ်းစားလိုက်မိတယ်။ စိတ်ထောင်း ကိုယ်ကျေ ဆိုတာ ဘာကိုပြောတာလဲ.............
ဒီနေရာမှာ ကျွန်ုပ်တစ်ခုတော့ ပြောချင်မိတယ်။ သိလို့ တက်လို့ ပြောနေရေးနေတာ မဟုတ်ဘူး။ စဉ်းစားမိတာလေးကို နားလည်သလို့ စာဖတ်သူအနေနဲ့ နားလည်အောင် ရေးနေမိချင်ဖြစ်တယ်။ စာဖတ်သူ တစ်ယောက် အနေနဲ့လည်း ကိုယ်ထင်မြင်ချက်ကို လွတ်လပ်စွာ ဝေဖန်ခွင့်ရှိပါတယ်။

သိတက်စ ကလေး ( ၅နှစ်အရွယ်)ကို အရင်ကြည့်လိုက်ကြရအောင်။ ကျောင်းစတက်နေပြီဖြစ်တဲ့ ကလေးငယ်တစ်ယောက်ဟာ သူ့လိုချင်တာကို မိဘဆီမှာ ပူဆာမယ်။ ပူဆာလို့မှ မရရင် ငိုမယ်။ အဲဒီနှစ်ခုကိုကြည့်ခြင်းအားဖြင့် ကလေးငယ်က သူ့ရဲ့ မသိစိတ်နဲ့ စိတ်ကိုစေခိုင်းစေတယ်။ စိတ်ကိုစေခိုင်းလို့ မအောင်မြင်တော့ သူ့ရဲ့ခွန်အားဖြစ်တဲ့ ငိုကြွေးခြင်းကို ပြုလုပ်ပြီးထပ်ခိုင်းတယ်။ ဒါကိုနားလည်တဲ့ မိဘက သဘောပေါက်ရင် ကလေးငယ်အတွက် စိတ်ထောင်း ကိုယ်ကျေ ဆိုတဲ့ အဆင့်ကို မရောက်နိုင်တော့ဘူး။

နောက်တစ်ခုက အိမ်ထောင်သည်ဘဝကို ကြည့်လိုက်ရင်လည်း တူတူပါပဲ။ အိမ်ထောင်ဦးစီဖြစ်တဲ့ လင်ယောက်ျားက ပင်ပင်ပန်းပန်း ( ပိုက်ဆံကို ခွန်အားနဲ့ ရှာနေရတဲ့ လူ) အလုပ်လုပ်ပြီး အိမ်ပြန်လာတဲ့ အချိန်မှာ မိန်းမဖြစ်တဲ့ မယားက ပွစိပွစိနဲ့ စိတ်ညစ်အောင် ထပ်ပြီးပြုလုပ်မယ်ဆိုရင် ဒီအိမ်ထောင်ရေးမှာ အဆင်ပြေမှာ မဟုတ်သလို မယားလုပ်တဲ့ မိန်းမကလည်း မယားဝတ္တရားငါးပါး မပျက်မကွက် လုပ်ဆောင်ပေးနေပါလျှက် ယောက်ျားလုပ်တဲ့ သူကလည်း လင့်ဝတ္တရားအတိုင်း ကောင်းကောင်းမွန်မွန် မထားနိုင်ခဲ့ဘူးဆိုရင်တော့ သာယာတဲ့ အိမ်ထောင်ရေး ဖြစ်လာနိုင်စရာမရှိပါဘူး။ ဒါကြောင့်လည်း အိမ်ထောင်တစ်ခုမှာ နားလည်မှုဟာ အလွန့်ကိုအရေးကြီးတဲ့ လိုအပ်ချက် ဖြေရှင်းနည်း တစ်ခုပါပဲ။

နောက်တစ်ခုက HIV ရောဂါသည် တစ်ယောက်( ဥပမာ - ကျနော်ဆိုပါစို့) ဒီရောဂါရှိနေပြီလို့ သိလိုက်ရတဲ့ အချိန်မှာ တော်တော်လေးကို စိတ်ဆင်းရဲခဲ့ရတယ်။ ဟာ... ငါသေရတော့မှာပါလားဆိုတဲ့ စိတ်နဲ့ မစားနိုင် မသောက်နိုင်၊ ဟိုလူနဲ့ မတွေ့ရဲ ၊ ဒီလူနဲ့ မတွေ့ရဲ ဘဝမှာ ငါဘာလုပ်သင့်သလဲ ဆိုတဲ့ အတွေးမျိုး ဝင်လာတယ်။ အသက်ရှင်ဖို့ရက်က ရည်တွက်လို့ရနေပြီ။ စိတ်ဓာတ်တွေကျ မလုပ်ချင် မကိုင်ချင် ဖြစ်နေတဲ့ ကျနော့်ရဲ့ စိတ်ကို ငါစိတ်ဆင်းရဲနေမယ့်အစား ဒီရောဂါကိုမေ့ထားပြီ လုပ်သင့်လုပ်ထိုက်တာတွေကို အကောင်းဆုံးဖြစ်အောင်ဆိုတဲ့ စိတ်ကို Control ကောင်းကောင်းပေးနိုင်ခဲ့မယ်ဆိုရင် စိတ်ထောင်း ကိုယ်ကျေ ဆိုတဲ့ စကားကို ဂရုစိုက်စရာ မလိုပါဘူး။ လူ့ဘဝသက်တမ်းကိုလည်း ပြည့်ပြည့်ဝဝ ခံစားနေထိုင်သွားရမှာပါ။

ခုလိုတိုင်းတစ်ပါးမှာ လာပြီးအလုပ်လုပ်ကျောင်းတက်နေကြတဲ့ ညီငယ်၊ ညီမငယ်၊ ညီအကို မောင်နှမများ အားလုံးလည်း စိတ်ထောင်း ကိုယ်ကျေမဖြစ်ဖို့ အရေးကြီးပါတယ်။ ခွန်အားနှင့် အလုပ်လုပ်တဲ့ လူတွေက စိတ်ကို ပင်ပန်းအောင် မလုပ်မိစေဖို့နဲ့ ဦးနှောက်နဲ့ အလုပ်လုပ်တဲ့ လူတွေကလည်း ခွန်အားတွေ မဆုံးရှုံးသွားစေရန် ဂရုပြုသင့်ပါတယ်။

နောက်ဆုံးကျွန်ုပ်ပြောချင်တာကတော့ လူကောစိတ်ကော ပြိုင်တူ အပင်ပန်းမခံမိစေဖို့ အကြံပေးချင်ပါတယ်။ အကယ်၍များ သင်သည် စိတ်ပင်ပန်း လူပင်ပန်း ဖြစ်နေခဲ့မယ်ဆိုလျှင် ကျွန်ုပ်ခုနက ပြောခဲ့တဲ့ လင်မယားနှစ်ယောက်ရဲ့ နားလည်မှုလေးကို ယူသုံးပြီ တစ်ခုခုတော့ ရှော့လိုက်ပါက စိတ်ထောင်း ကိုယ်ကျေဆိုတဲ့ စကားလုံးက သင့်နှင့် ခက်ဝေးဝေးမှာ ရှိနေမှာပါပဲ.......


လေးစားစွာဖြင့်
ရီနိုမာန်

15 comments:

Welcome said...

လူကို စိတ်ကဆောင်ပါတယ်
စိတ်ကမရွှေင်မပြ မကြည်မလင်ဖြစ်နေရင်
ရုပ်ပါလိုက်ပြီး နွမ်းလျလျ ဖြစ်နေတတ်ပါတယ်..
ဒါကြောင့်
ပျော်ပျော်နေသေခဲ ဆိုတဲ့စကားအတိုင်း
ပျော်ပျော်ပဲ နေတော့မယ်ဗျာ
ပို့စ်ကောင်းလေးတစ်ပုဒ်ပါ

ခင်မင်တဲ့

Dream said...

မှန်ပါတယ်...လုပ်ငန်းခွင်ထဲမှာလဲ စိတ်ညစ်ရ ၊ အိမ်ပြန်လာရင်လဲ စိတ်ညစ်ရ ဆိုရင် ဘယ်ကောင်းပါ့မလဲနော့်...

အင်း..စိတ်...စိတ်...စိတ်.....

အားလုံးစိတ်ချမ်းသာပါစေ...း)

Dream said...

မှန်ပါတယ်...လုပ်ငန်းခွင်ထဲမှာလဲ စိတ်ညစ်ရ ၊ အိမ်ပြန်လာရင်လဲ စိတ်ညစ်ရ ဆိုရင် ဘယ်ကောင်းပါ့မလဲနော့်...

အင်း..စိတ်...စိတ်...စိတ်.....

အားလုံးစိတ်ချမ်းသာပါစေ...း)

kiki said...

ဟုတ်ပါရဲ့ 
စိတ် ဆိုတာ အကောင်အထည် မမြင်ရပဲ နဲ့ 
ကိုယ်ခန္ဓာကြီး တခုလုံးကို ထိန်းချုပ်ထားနိုင်တဲ့ စွမ်းအားတွေ ရှိတယ်နော် ။
စိတ်သွားတိုင်း ကိုယ်ပါ လို့ ဆိုပေမဲ့
စိတ်၏စေရာ အတိုင်း လိုက်လုပ် နေပြန်ရင် လည်း အခက် ..
အင်း .. စိတ်လည်း မထောင်းစေနဲ့ 
ကိုယ်လည်း မညောင်းစေနဲ့  ။။
(တနေ့  တနေ့  ဘလော့ရွာ လည်နေရတာ ကိုက
အတော်လေး ညောင်းတာပဲ ....း)))

စကားမစပ်...
ဆေးခန်းမှာ ဘယ်သူလာ ပြပြ ရပါတယ် .. ဟိဟိ .ဘွတ်ကင် လုပ်ထားပေးရ မလား လို့  ..

ခင်မင်စွာဖြင့်
မကိ

ညလင်းအိမ် said...

ပို့စ်လေးကို ဖတ်ပြီး စိတ်ခွန်အားတွေရရှိသွားပါတယ် ...အစ်ကို

မေလေး said...

စိတ်ထားတတ်ရင်မြတ်ပါဒယ်
လူဘဝနေရတဲ့ အခိုက်အတန့်လေးပျော်အောင်နေ
နာ့အကိုရေ

သူကြီးမင်း (တုံးဖလား) said...

နောက်တစ်ခုက HIV ရောဂါသည် တစ်ယောက်( ဥပမာ - ကျနော်ဆိုပါစို့)

အဲဒီအကြောင်းလေးဖတ်တဲ့အချိန်မှာ..
ရီနိုတစ်ယောက် ဘာဖြစ်လို့ အဲလိုဖြစ်သွားပါလိမ့်လို့ စဉ်းစားမိလိုက်သေးတယ်။ :D :D။

ပညာပေးဆောင်းပါးလေးတစ်ခုပါဘဲ။
တန်ဖိုးရှိလှပါတယ်။

ကိုလူထွေး said...

ဟမ်.......

HIV ဆိုတာနဲ့ ညီနဲ့ ဘယ်လိုပတ်သက် နေလို့လဲ...

းဝ)

လင်းကြယ်ဖြူ said...

ဟုတ်ပါတယ်..
တကယ်တန်းကျတော့
ပူပင်သမျှ သောကတွေ အားလုံး ကို လည်း
အချိန်ကျရင် နှုတ်ဆက်သွား ထားခဲ့ရမှာပါပဲ..
မဖြစ်မနေလုပ်ရတော့မယ့် ဖြေရှင်းရတော့မယ့် ကိစ္စတစ်ခုကို စိတ်သောကကြီးစွာနေလည်း ဖြေရှင်းရမှာပဲ
စိတ်အေးစွာ တည်ငြိမ်စွာဖြေရှင်းလည်းရတာပဲ ..ကိုယ်က ဘယ်နည်းကို ပိုကြိုက်လဲ ..သုံးမလဲဆိုတာကတော့ Attitude နဲ့ Perception ပေါ်မူတည်ပြီး ကွာသွားကြပါတယ်...
မှတ်သားစရာစာစုလေးပါပဲ..အပြုသဘောဆောင်ပါတယ်
ပျော်ပါစေ
လေးစားစွာ
*.*.*

puluque said...

စိတ်ထောင်းကိုယ်ကျေမဖြစ်အောင် ကျတော့မာမီက ဒီလိုဆုံးမဘူးတယ်ဗျ.. စိတ်ကို အမှိုက်ပုံးလို မကျင့်နဲ့တဲ့
အမှိုက်ပုံးဆိုတော့ အမှိုက်တွေပဲလာထည့်ကျမယ်လေဗျာ

ပုလုကွေး said...

စိတ်ထောင်းကိုယ်ကျေမဖြစ်အောင် ကျတော့မာမီက ဒီလိုဆုံးမဘူးတယ်ဗျ.. စိတ်ကို အမှိုက်ပုံးလို မကျင့်နဲ့တဲ့
အမှိုက်ပုံးဆိုတော့ အမှိုက်တွေပဲလာထည့်ကျမယ်လေဗျာ

မိုးခါး said...

စိတ်ထားတတ်ဖို့က အရေးကြီးဆုံးပါပဲ ..
လူတယောက်ကို ဟိုးအပေါ်ထိ ဆွဲတင်ပေးနိုင်တာလဲ စိတ်ပဲ .. ဟိုးအောက်ဆုံးထဲ ဆွဲချပေးနိုင်တာလဲ စိတ်ပဲ ..း))
ဒါပေမယ့် စိတ်က ထစ်ကနဲဆို သည်းမခံနိုင်တာလည်း ပြင်ရဦးမယ် .. :D

Beauty Studio USA Branded Store said...

အကိုရေးသားချက်ကလေးတွေ သဘောကျတယ်ဗျာ။ စိတ်ထောင်းကိုယ်ကျေ မဖြစ်ဖို့ ညစ်နေတာတွေ လွှင့်ပြစ်လိုက်ပါပြီဗျာ။

Mogok Thar said...

စိတ်...
သတိလေးထိန်းတာလဲ ဒီစိတ်
သတိလေး လွတ်တာလဲ ဒီစိတ်...
ကျလိုက်၊ တက်လိုက် ဖြစ်နေတာလဲ ဒီ စိတ်....

“လူတစ်ကိုယ် စိတ်တစ်မျိုး”

“လူအမျိုးမျိုး၊ စိတ်အထွေထွေ”

“စိတ်သာရှင်စော၊ ဘုရားဟော”

“စိတ်ထားတတ် မြတ်ပါတယ်”

(နားဝကြားဖူးတွေ ပြောသွားခြင်းပါ)

ညီလေး ၇ီနို

စိတ်ချမ်းသာခြင်းများနဲ့ ပြည့်စုံပါစေဗျာ။

မငုံ said...

အဲဒီ စိတ်ထောင်းကိုယ်ကြေဆိုတဲ့ စကားကို လက်ခံတယ် ရီနိုရေ..တခါတလေ အလုပ်မှာ တအားပင်ပန်းချိန်ဆို စိတ်ကမကြည်တော့ဘူး။ လူကမရွှင်နေတော့ နည်းနည်းလေးဆို အထိအခိုက်က မခံနဲ့။ မျှမျှတတဖြစ်အောင် မနည်းကြိုးစားနေရတယ်။