November 10, 2009

လင်နဲ့မယား လျှာနဲ့သွား

အင်း..ဘာလိုလိုနဲ့ ကျုပ်တို့တောင် အိမ်ထောင်သက်ကလေးက ခြောက်နှစ်ကျော်လို့ ခုနှနှစ်ထဲတောင်ရောက် လာပြီ။ သားသမီးမထွန်းကားတဲ့ ကျုပ်တို့ လင်းမယားအတွက်တော့ တစ်ခုခုလိုအပ်နေတာတော့ အမှန်ပါပဲ။ ဒါပေမယ့် ဘုရားပေးတဲ့အတိုင်းပဲ ကျေနပ်နေကြတာပေါ့။ ကျုပ်တို့ နှစ်ယောက်အတွက် နှစ်ဖက်မိဘတွေရဲ့လက်ဖွဲ့များနှင့် ကောင်းကောင်းမွန်မွန် နေနိုင်ကြပေမယ့် အလုပ်မလုပ်ရရင် မနေနိုင်တဲ့ ကျုပ်ကတော့ ကိုယ်ပိုင်စီးပွားရေးလေး တစ်ခုကို တည်ထောင်ထားလိုက်တယ်။

ကျုပ်မိန်းကလည်း ကလေးမရှိလို့နဲ့ တူပါတယ်။ ကျုပ်ကို သားကိုသခင်၊ လင်ကိုဘုရား ဆိုတဲ့ စကားပုံအတိုင်း ကျုပ်က တစ်ခါတစ်ခါလည်း သူမရဲ့ သားဖြစ်လိုက်၊ တစ်ခါတစ်ခါလည်း သူမရဲ့ အရှင်သခင်ဖြစ်လိုက်နဲ့ပေါ့။ ကျုပ်အလုပ်သွားခါးနီဆိုရင်လည်း လိုလေးသေးမရှိအောင် ပြင်ဆင်ပြီးသား။ ကျုပ်က ညနေတိုင်း အရက်သောက်နေကြဆိုတော့ အချိန်ရောက်ပြီးဆိုတာနဲ့ အမြည်းကအဆင်သင့်ဗျာ။

တစ်ခါတစ်ခါလည်း ကျုပ်မိန်းမက ကျုပ်အပေါ် စိတ်ကောက်တက်တယ်ဗျ။ ဒါလည်းမိန်းမ သဘာဝပါပဲလေ။ တစ်ခါကတော့ ကျုပ်မှတ်မိသေးတယ်။ ကျုပ်တို့ အိမ်ထောင်သက်ကလေးကလည်း ကြာလာပြီဆိုတော့ အိမ်ရဲ့ ဆည်းလည်းလေးဖြစ်တဲ့ သားသမီးရတနာ တောင်းတမိကြတယ်။ ဒါနဲ့ကျုပ်လည်း ဘယ်သူ့ကြောင့် ၊ဘာကြောင့်ဆိုတာကို သိချင်လို့ ကျုပ်က မိန်းမကို ဆေးသွားစစ်ရအောင်လို့ တိုင်ပင်တော့ ကြည်ကြည်ဖြူဖြူပဲ သဘောတူလက်ခံ ခဲ့တယ်။ ဆေးစစ်မဲ့ မနက်ရောက်တော့ ကျုပ်ကလည်း ကျုပ်မိန်းမကို စ နေကြဆိုတော့ စလိုက်မိတယ်။

" မိန်းမ ဆေးအဖြေထွက်ရင် ငါက အိုကေတယ်ဆိုရင် ငါနောက်မိန်းမယူမှာနော် " လို့လည်းပြောလိုက်ရော ကံကောင်းလို့ဗျာ။ ညစာ မငတ်တယ်။ ( လျှောက်တွေးမနေနဲ့ ညနေစာ ထမင်းကိုပြောတာပါဗျ )

ဒီလိုပဲ လင်းနဲ့မယားဆိုတာ လျှာနဲ့ သွားလိုပါပဲ။ တစ်ခါတစ်ခါ စိတ်ဆိုးစိတ်ကောက်တာ ရှိသလို တစ်ခါတစ်ခါလည်း တစ်ယောက်နဲ့ တစ်ယောက်နားလည်မှုပေး ရတာပါပဲ။ ဒါပေမယ့် ကျုပ်မိန်းမက ကျုပ်အပေါ် စိတ်ဘယ်လောက် ဆိုးဆိုးကောက်ကောက် ကျုပ်အပေါ်တော့ မယားဝတ္တာရား လုံးဝမပျက်ဘူး။ ဒါကြောင့်လည်း ကျုပ်ချစ်ရတာပေါ့ဗျာ။

မိန်းမဆိုတဲ့ သဘာဝကြောင့်လည်း လှချင်ပချင်တာပေါ့ဗျာ။ ကျုပ်ကလည်း အလှကြိုက်တဲ့ကောင် ဆိုတော့ ကျုပ်မိန်းမ လှနေတာပဲ မြင်ချင်တာပေါ့ဗျာ။ ဒါပေမယ့် ခုတစ်လော ကျုပ်မိန်းမ အလှအရမ်းပြင်နေတာကိုတော့ ကျုပ်သတိထားမိတယ်။ ကျုပ်မိန်းမက သူ့ရဲ့မိန်းမအသုံးအဆောင် အလှကုန်ပစ္စည်းတွေကို ထိုင်ဝမ်မှာ ရှိတဲ့ သူ့သူငယ်ချင်းဆီက မှာသုံးနေကျ ဆိုတာကျုပ်သိတယ်။ ဟိုတလောကတော့ လောရယ်လ် ဆိုလားဘာလား သိပါဘူး။ သွားဝယ်လာခဲ့တယ်။ ကျုပ်လည်း လိုအပ်လို့နေမှာပါပဲလေ ဆိုပြီးဘာမှ မမေးခဲ့ဘူး။

အလှကုန်တွေ ဝယ်ပြီးလို့များ ပြီးသွားပြီလားလို့ မထင်နဲ့ဗျ။ နောက်တစ်နေ့ ဘာသွားလုပ်လာတယ်မှတ်လဲ။ ဆံပင်သွားဆက်လာတယ်ဗျ။ ကျုပ်လည်း အံ့သြသွားတယ်။ ကြည့်လို့တော့ ကောင်းသားဗျ။ ဒါပေမယ့် ဒီတစ်ခါတော့ ကျုပ်မနေနိုင်ပဲ ပြောလိုက်မိတယ်။

" မိန်းမရာ ဒီအသက်အရွယ်ကြီးရောက်မှ မင်းကလည်း" လို့ ကျုပ်ကပြောတော့

" ခုအရမ်းခေတ်စားနေလို့ လုပ်ကြည့်တာပါ " တဲ့

အိမ်အပေါ်ထပ်မတက်ခင် ကျုပ်ကို သမင်လည်ပြန် လှည့်ကြည့်ပြီး " ဒါလင်ကလည်း " လို့ပြောလိုက်တဲ့ အခါမှာတော့ ကျုပ် ဘုရားမတပဲ မနေနိုင်တော့ဘူး။

"ဘုရား ဘုရား "လို့ ပါးစပ်က အသံထွက်ပြီး အပေါ်ထပ်တက်သွားတဲ့ ကျုပ်မိန်းမကို ကြောင်ကြောင်ကြီး ကြည့်နေမိတော့တယ်......


လေးစားစွာဖြင့်
ရီနိုမာန် (REE NOE MANN)

မှတ်ချက်၊ စိတ်ကူးဇာတ်လမ်းသာ ဖြစ်ပါသည်။

10 comments:

ကောင်းကင်ပြာ said...

ဟင် ပြီးသွားတာလား ဖတ်မလို့ပဲ ရှိသေးတယ်..ဆက်ရန် ရှိသေးလား

ဆောင်းနှင်းရွက် said...

ဆက်ပြီး စိတ်ကူးလေ ..
ဘာလို့ ရပ်သွားတာလဲ ....>>>

ညလင်းအိမ် said...

တော်သေးတာပေါ့ မှတ်ချက်ပါသွားလို့...
ကျွန်တော်က မသိပဲ ပြောတော့မလို့
“ကိုရီနိုက ရှိတော့ကြွားတာပေါ့လို့”
ဆော်ရီး...ဆော်ရီး ... :)))

Angel Shaper said...

အယ်.... ဒါလင်ကပဲ...
အင် အဲဒီထိပဲပေါ့...
ဘုရား ဘုရားးးးးးးးးးးးး ဟိဟိ
ဆက်ပြီး စိတ်ကူးပါဦးးး ဇာတ်ရှိန်မြှင့်တုန်း။ အဟဲ

သူကြီးမင်း (တုံးဖလား) said...

ဟုတ်ပါ့ ရီနိုရေ...
ဇာတ်လမ်းက ထိပ်ရောက်မှ ပြီးသလိုဖြစ်နေတယ်။
စိတ်ကူးယဉ်လက်စနဲ့ ဆက်ယဉ်ပေးရင် ပိုကောင်းမယ်ထင်တယ်။

ဒါပေမဲ့ သိပါတယ်လေ။
ရီနိုတဲ့ ရိုက်ချက်ပြင်းမှန်း။
စိတ်ကူးယဉ်တွေ တက်လာတဲ့အခါ ဖတ်ဖြစ်အောင်ဖတ်လိုက်ဦးမယ်။

ဂျပန်ကောင်လေး said...

လူဆိုး.. ဖတ်ရတာ တငန့်ငန့်နဲ့....

ahphyulay said...

ဒါလင်လို့ ခေါ်လိုက်တာဟာ အချစ်ကဘယ်တော့ မှ အိုမင်း
ရင့် ရော်သွားခြင်းမရှိတဲ့ သဘောပေါ့ နော်။အရွယ်သုံးမျိုးမှာ
အချစ်ကလည်း သုံးမျိုး ရျိနေတာလေ။ဟုတ်တယ်မဟုတ်
လားလို့ ..........။

Anonymous said...

ဟားဟားဟား ကိုရီနိုရေ မိုက်တယ် ဘာတဲ့ ဒါလင်ကလည်း တဲ့ ဟားဟားဟား အင်းအင်း သူ့မိန်းမ လှယုံတင်မက ဆိုရှယ်ပါကျသွားတော့တာပဲနော်

Mogok Thar said...

ခောတ်ရေစီးကြောင်းအတိုင်း မျောလိုက်တတ်တဲ့ လူ့သဘာဝ ပေပဲလား။
အလှအပ ဆိုတဲ့ ရုပ်ဝတ္ထုပစ္စည်းတွေမှာ သာယာတတ်တဲ့ လူ့စိတ်တွေကြောင့်ပဲလား။

“ဒါလင်” လို့ခေါ်မဲ့ သတို့သမီးလောင်းနဲ့ အမြန်ဆုံးတွေ့ပါစေ ညီလေးရေ...

ခင်မင်လျက်

မြစ်ကျိုးအင်း said...

သူ့ယောကျာင်္းမို့လို ဒါလင် ခေါ်တာလေကွာ ဟိုလင် လို့ ပြောမိရင် ကွိုင်ကတက်အုံးမှာ။

အခုမှ ဇာတ်က ပျိုးတုန်းပဲရှိသေးတယ် ဆက်လေကွာ
အပျင်းမကြီးနဲ့။