November 8, 2009

သူတို့နဲ့ ပတ်သက်ပြီး ကျနော်စိတ်ကူးမိတယ်

မနက် ရ နာရီတောင်ထိုးသွားပြီပဲ။ ဒီနေ့ဘာနေ့ပါလိမ့်။ တနင်္ဂနွေနေ့ပဲ ဆက်အိပ်လို့ရနေတာပဲ။ ဆက်အိပ်မယ်လေဆိုပြီး အတင်းဆက်အိပ်ကြည့်တယ်။ မရဘူး။ ဘယ်လို့မှကို ပြန်အိပ်လို့မရဘူး။ အိပ်လို့မရလည်း နပ်နေလိုက်အုံးမယ်။ နပ်နေရင်းနဲ့ ငါဒီနေ့ဘာလုပ်ရင်း ကောင်းမလဲလို့လည်း တစ်ခါတည်း စဉ်းစားမိတယ်။ ကိုလူထွေး ကိုသွားသတိရမိတယ်။( မဆီမဆိုင်နော်) ဘလောဂ့်ဂါမောင်နှမတွေကို စုစုစီစီလေးဖြစ်အောင် အမြဲတမ်း ဇာတ်လမ်းအဖြစ် ဖမ်းတီးတက်လို့ပါ။

ဟာ..ဒီနေ့ ဥပုဒ်နေ့များလို့ ညီမလေးမိုးခါး(ထာဝရကြယ်စင်)က အမြဲတမ်းပိုစ့်အဖြစ်တင်နေတော့ သတိရပြီ အိပ်ရာဘေးနားမှာရှိတဲ့ ပြက္ခဒိန်ကို လှန်ကြည့်လိုက်မိတယ်။ ကဲ မဖြစ်သေးပါဘူးလေ။ အိပ်လို့မရမှတော့ မျက်နှာသစ် ရေချိုးလုပ်ပြီ မနက်စာ အတွက်ပြင်ဆင်မယ်ဆိုပြီး အိပ်ရာကထာတော့ နှင်းနဲ့မာယာ ရဲ့ အခန်းဖော်ကို သတိရပြီး ကျနော်ရဲ့ အခန်းဖော်ကို လှမ်းကြည့်လိုက်တော့ သူကအိပ်နေတာမှ သိုးနေတာပဲ။

မျက်နှာသုပ်ပဝါနဲ့ ရေလဲ ကိုယူပြီး အောက်ထပ်ကိုဆင်းလာခဲ့တယ်။ ရေမချိုးခင် ညီလေးပန်ပန်(ဂျပန်ကောင်လေး) ရဲ့အီးဋီးကာကိုသွားသတိရ လို့ ရေမချိုးခင် ကိစ္စရှင်းလိုက်တယ်။ မနက်စာ စာဖို့ ပြင်ဆင်တော့ ခုတလောခွင့်ယူပြီပျောက်နေတဲ့ ညီမလေးမြူးသျှရီ ကိုသွားသတိရလိုက်မိပြန်တယ်။ ညီမလေးရေ ဘာလေးစာချင်တယ် ဘာလေးချက်ကျွေးပါဆို ချက်ကျွေးနေကြလေ။

မနက်စာ စားပြီတော့အပြင်ထွက်ဖို့ ပြင်ရတော့မယ်။ အဝတ်လဲဖို့ ဗီဒိုကိုဖွင့်တော့ ဝတ်စရာ အဝတ်ကကောင်းကောင်းမရှိဘူး။ မဖြစ်ဘူး မဖြစ်ဘူး နောက်လမှာ ဖိုးစိန် စင်ကာပူကိုလာမှာ။ သူက ညဝတ် ဝတ်စုံကို ၃၅စုံတောင် စုထားတာ။ ငါလည်း အမခင်ဦးမေ အတိုင်းပိုက်ဆံ မကုန်တဲ့နည်းနဲ့ Shopping ထွက်လိုက်အုံးမယ်လေ ဆိုပြီး ရှိတာလေးဝတ် အပြင်ထွက်ဖို့ ပြင်လိုက်ပါတော့တယ်။

ကျနော်နေတာက ငါးလွှာမှာဆိုတော့ အောက်ဆင်းခါနီး စဉ်းစားလိုက်မိတယ်။ Lift ကိုအဖော်ပြုပြီးဆင်းရင် ကောင်းမလား။ ဒါမှမဟုတ် လမ်းလျှောက်ဆင်းမယ်လေ ဆိုပြီးဆင်းလာရင်း ကိုရွာသားလေး(ဝိုင်တီယူ) ရဲ့ လှေခါးရယ် ရှည်လျားလေကွယ် ဆိုတာကိုသတိရပြီး မရှိသေးတဲ့ ကျနော်ချစ်သူကို ပုံဖေါ်ဆင်းလာခဲ့တာ ကြည်နူးဖို့တော့ ကောင်းသားဗျ။ အောက်ရောက်တယ်ဆိုရင်ပဲ ပတ်ဝန်းကျင်ကို လှည့်ကြည့်ရင်း ရာသီဥတုကို ကောင်းမကောင်း ကောင်းကင်ကို မော်ကြည့်လိုက်တော့ ကောင်းကင်ကြီးအောက်မှာ ကြီးပြင်းလာတဲ့ အပြာရောင်ကြိုက်တဲ့ သာမန်မိန်းကလေးတဦးပါဆိုတဲ့ မကောင်းကင်ပြာ ကို သတိရသွားမိပြန်တယ်။

ဒီနေ့ ငါ့ရဲ့အားလပ်ရက်ပဲ အင်း ဒီညနေတော့ အမဝါ (အမှတ်တရလေးများ) ကို ပြောပြီး ဦးဥာဏ်( မြင်းမိုရ်ဦး) နဲ့အတူ Golf သွားရိုက်အုံးမှပဲ ဆိုပြီး အမဝါဆီ ကို ဖုန်းခေါ်မယ် အလုပ်မှာ နှင်းဆီပန်းချစ်တဲ့ ကောင်မလေး ဆီကဖုန်းဝင်လာတယ်။ ကိုရီနို ဒီနေ့ နေ့လည်စာ မကျွေးနိုင်တော့ဘူးတဲ့လေ။ Part time သွားရမှာမို့ အတွက်တဲ့လေ။ ရှိပါစေတော့လေ ပင်နီဇွဲလာမှာပဲ သံလွင်ဟီးရိုးနဲ့ ချမ်းရဲ ကိုခေါ်ပြီး ဒါကာလုပ်ခိုင်းတော့မယ် ဆိုပြီး ကိုယ့်အတွေးနဲ့ ကိုယ့်ပေါ့။

ဒီလိုနဲ့ အိမ်ပြန်ရောက်တော့ ကွန်ပြုတာရှေ့ထိုင်ပြီး ဘလောဂ့်တွေကို လျှောက်လည်တော့တာပေါ့။ ဒါကလည်း ကျနော်ရဲ့တစ်နေ့တာ အလုပ်တစ်ခုပဲလေ။ ဒီနေ့ ဒီရက်မှာ ဘလောဂ့်သက်တမ်းတစ်နှစ်ပြည့် တဲ့ အမအိန္ဒြာရဲ့ ဘလောဂ့်မွေးနေ့လေးကို ဝိုင်းပြီးပိုစ့် အဖြစ်တင်ပေးကြတဲ့ မကြီးနော်( မနော်ဟရီ) ၊ ဦးနော် ( ကိုရင်နော်ခင်လေးငယ်၊ ဖိုးစိန်(သယ်ရင်းဖိုးချစ်) နှင့် Wonderful Universe ကိုမိုးကုတ်သား (ကိုဘို) တို့ဆီ လိုက်လည် စာဖတ်ပြီး ဘယ်သူ့ဆီမှာမှ ကော့မန်မရေးဖြစ်ပဲ အမအိန္ဒြာ ဆီမှာပဲ ရေးပြီး ကွန်ပြုတာကိုပိတ်လိုက်တယ်။

ဪ ဘာလိုလိုနဲ့ ညနေခြောက်နာရီတောင်ရှိနေပါပြီကော။ မနက်ဖြန်က အလုပ်ရှိပင်မဲ့ ဒီညတော့ ညီလေးတောင်ပေါ်သားနဲ့ ညီလေးတလနွန် တို့က ဒီည နှဲသမားနဲ့ လိုက်သွားပြီမှ ပထမဆုံးပြန်ကတဲ့ မင်သမီး မြရေလျဉ် နဲ့ ပြဇာတ်မင်းသား စိုင်းစိုင်းလာရှိုး(ရှင်ရဲထွဋ်)တို့ရဲ့ ပထမဆုံးပွဲကို သွားကြည့်ရအောင်လို့ ပြောလာတော့။ အေးအေး သွားမယ်လို့ ပြောပြီး ပွဲဈေးတန်းကို စီစဉ်တဲ့ သူငယ်ချင်း မြစ်ကျိုးအင်း ဆီကို ဖုန်းဆက်လိုက်တော့ အေးအေး လာခဲ့ သယ်ရင်း ဆိုတော့လည်း သွားဖို့ လာဖို့ ပြင်ဆင်ရင် ခေါင်းထဲ အတွေးတစ်ခုကရောက်လာတယ်။

ဟာ.....မေ့နေတာ။ ဒီည မဆုမွန် နှုတ်ဆက်ပွဲရှိတယ်။ မဖြစ်ဘူး မဖြစ်ဘူး မဆုမွန် ဆီ ဖုန်းဆက်ပြီးပြောရမယ်။ အမနှုတ်ဆက်မယ့် အစီအစဉ် ကိုပျက်လိုက်တော့လို့ ဖုန်းဆက်လိုက်အုံးမှပဲ ............

ကဲ ကျနော်ရဲ့ သူတို့နဲ့ ပတ်သက်ပြီး စိတ်ကူးမိတာလေးတွေကို ဒီမှာပဲ ခဏရပ်နားပါရစေဗျာ။ အခါအခွင့် သင့်ရင် ကျနော် ဆက်လက်ရေးသားဖေါ်ပြပေးပါအုံးမယ်။ ဘလောဂ့်ဂါ မောင်နှမများရဲ့ နာမည်တွေကို တောင်းဆိုထားခြင်းမရှိပဲ ခုလိုမျိုး ရေးလိုက်ရတဲ့ အတွက် အထူးတောင်းပန်အပ်ပါတယ်ဗျာ။


လေးစားစွာဖြင့်
ရီနိုမာန်

23 comments:

မြစ်ကျိုးအင်း said...

တိုက်တိုက်ဆိုင်ဆိုင်ပါလား သယ်ရင်းရ

လာဖတ်တာက ကျနော့်လက်ရာ ပို့စ်

ရောက်လာတော့ အသစ်နဲ့ တန်းတိုးတာပဲ

၁ ကို ဆွဲစိ လိုက်မယ်

လာလေရော့

မြစ်ကျိုးအင်း said...

အိုင်ဒီယာ လန်းတယ်ကွ

မိုက်စ်တယ် ဆက်ဆွဲ သယ်ရင်းရေ

နောက်ထပ်ကျန်တဲ့ မောင်နှမတွေပါ ထည့်ရေးအုံးကွ

အားလုံး စုစုစည်းစည်းရှိအောင် လို့

မြစ်ကျိုးအင်း said...

ဒါက အိုင်ဒီယာကို ဂုဏ်ပြုတာ

Mogok Thar said...

ဟေး ဟေးးးး ဟေးးးးး

တစ်လာဦးတာ ညီလေးဆီမှာ...

စာဖတ်နေတာနဲ့ မြစ်ကျိုးက တစ်ဦးသွားဘီ။

နာတယ်ကွာ

ဒီလိုမှန်းသိ မအိန္ဒြာရဲ့ တစ်နှစ်ပြည့် မွေးနေ့ပွဲကနေ အပြန် ညနေစာကို ရွာသားလေးဆီ အပြေးသွားဆွဲဖို့ ရေချိုး အ၀တ်လဲနေတာနဲ့ ညီလေးရဲ့ စိတ်ထဲ ၀င်ကူးဖို့ နဲနဲလေး နောက်ကျသွားတာ။

ကု ခုတော့ ညိလေးစိတ်ထဲ ၀င် ကူး၊ ရေမိုးချိုးပီး ၀က်အူမကြီးချက်၊ ဟင်းရွက်စုံကြော် နောက် ဖွယ်ဖွယ်ရာရာ စားဖွယ်လေးတွေ ပါမဲ့ ညနေစာလေး သွားလွေးလိုက်အုံးမယ်။ ဘယ်သူ့ကိုမှ မခေါ်ဘူး။ ယီညနေ ရွာသားလေးအိမ်မှာ ညနေစာ သွားစားပါတယ် လို့ ဘယ်သူ လာမေးမေး၊ သေတောင် မပြောဘူး။

ခင်မင်လျက်

Mogok Thar said...

ဟေး ဟေးးးး ဟေးးးးး

တစ်လာဦးတာ ညီလေးဆီမှာ...

စာဖတ်နေတာနဲ့ မြစ်ကျိုးက တစ်ဦးသွားဘီ။

နာတယ်ကွာ

ဒီလိုမှန်းသိ မအိန္ဒြာရဲ့ တစ်နှစ်ပြည့် မွေးနေ့ပွဲကနေ အပြန် ညနေစာကို ရွာသားလေးဆီ အပြေးသွားဆွဲဖို့ ရေချိုး အ၀တ်လဲနေတာနဲ့ ညီလေးရဲ့ စိတ်ထဲ ၀င်ကူးဖို့ နဲနဲလေး နောက်ကျသွားတာ။

ကု ခုတော့ ညိလေးစိတ်ထဲ ၀င် ကူး၊ ရေမိုးချိုးပီး ၀က်အူမကြီးချက်၊ ဟင်းရွက်စုံကြော် နောက် ဖွယ်ဖွယ်ရာရာ စားဖွယ်လေးတွေ ပါမဲ့ ညနေစာလေး သွားလွေးလိုက်အုံးမယ်။ ဘယ်သူ့ကိုမှ မခေါ်ဘူး။ ယီညနေ ရွာသားလေးအိမ်မှာ ညနေစာ သွားစားပါတယ် လို့ ဘယ်သူ လာမေးမေး၊ သေတောင် မပြောဘူး။

ခင်မင်လျက်

Mogok Thar said...

ဟိုက် ဘီလိုဖစ်ပီး နှစ်ခုတောင် တက်သွားတာလဲ မသိဘူး။

ညီလေးရေ..
အိုင်ဒီယာ ကောင်းကောင်းနဲ့ နွေးနွေးထွေေးထွး ရှိတဲု ခင်မင်မှု စာလေး စိတ်ကူး ရေးပေးအတွက် ကျေးဇူးပါ။

နောက်လဲ များများ ဆက်ရေးနိုင်ပါစေ။

ခင်မင်လျက်

ကိုလူထွေး said...

ကိုလူထွေးကို ဦးဆုံးသတိရတယ်ဆိုလို့ တကယ်ကို ပီတိစားရသလိုပါပဲ...

းဝ)

ကိုလူထွေး said...

ကောင်းတယ်ညီရေ...
ညအိပ်တော့ရော အိပ်မက်ထဲ ထည့်မက်သေးသလား...

းဝ)

ကိုလူထွေး said...

စာအုပ်ထုတ်ဖြစ်ရင် ဒီစာမူကို ပေးမယ်မဟုတ်လား...

းဝ)

Sein Lyan Tun said...

အတွေးကောင်း

စိတ်ကူးကောင်း


ချစ်တဲ့

ဖိုးချစ်

တလနွန် said...

ကိုရီနိုရေ

သတိတရရှိပေးတဲ့အတွက် ဝမ်းသာတယ် ဝေးလေ့ဝေးလေ့ :)

အဲဒီ အငြိမ့်ပွဲ ဒိုးကြတာပေါ့။ ဒါပေမဲ့ ကျနော်ထင် ကိုမြစ်ကျိုး လုပ်တဲ့ ပွဲဈေးတန်း တဝဲဝဲလည်ဖြစ်နေမယ်။ မင်းသမီးမြရေလျဉ်ကလည်း ဆလိုက်မီးမကောင်းလို့ ဆိုပြီးတော့ မကတာကြာနေပါကော် :P

ဖတ်ပြီး ပျော်ရွှင်ကြည်နူးရပါ၏

ခင်မင်ခြင်းများနှင့်
တလနွန်

ဂျပန်ကောင်လေး said...

အဟဲ..တွေ့တယ်နော်.. အီးဋီကာ ဘယ်လိုအသုံးဝင်ကြောင်း... မထွက်ရင် ညစ်.. ထုတ်.. ညစ်..ထုတ်...း)

Anonymous said...

အကုန်လုံးကို ဒလိယနေတယ်ပေါ့လေ .. :P
ပန်ပန်ကတော့ ကြံဖန် ဂုဏ်ယူနေပြန်ပါဘီ .. နှာခေါင်းပိတ်ထားမှ :D

မိုးခါး

နှင်းနဲ့မာယာ said...

ကိုရီနိုရေ
တနင်္ဂနွေနေ့တိုင်း အိမ်လည်နေကျပေါ့လေ...
သူငယ်ချင်း မိတ်ဆွေတွေ အများကြီးနဲ့ ပျော်ပျော်ပါးပါးပေါ့နော်...
လည်စရာ အိမ်တွေကလဲပေါ
ဒကာတော်တွေကလဲပေါ
ပိတ်ရက်ဆို ဇိမ်ပဲပေါ့...
နောက်လာမယ့် ဆန်းဒေးမှာ ဘယ်အိမ်တွေလည်အုံးမှာလဲ..
ဒူဘိုင်းလဲ လာလို့ရပီနော်
အခုဆောင်းတွင်းဆိုတော့ မပူတော့ဘူး....

ကောင်းကင်ပြာ said...

ရာသီဥတု ကောင်းတယ် ဆရာ...ဆက်ရေးး

khin oo may said...

Participant ဖြစ်ခွင့်ရလို့ဂုဏ်ယူမဆုံးပါ။

သုခုမလေဒီ said...

စိတ်ကူးလေးက လန်းပါတယ်။ နောက်ထပ်စိတ်ကူးလေး များလုပ်ပါအုံးးး။ အားပေးလျှက် ရီနိုရေ
အဆင်ပြေပျော်ရွှင်ပါစေ။

တောင်ပေါ်သား said...

အဟား လုပ်ပြန်ပြီဟ အိုင်ဒီယာကတော့ မပြောချင်ဘူးး) ကောင်းမှကောင်းပဲး) မကွန် ပြောသလိုပါပဲ ပါဝင်ခွင့်ရတာ ကျေးဇူးတင်ပါတယ်း) ဒါပေမဲ့ နာမည်ကို မသိပဲ သုံးတာဖြစ်တဲ့အတွက် တ၀ိုင်းတော့ လိုက်ပြုစုရမယ် အမိန့်........


လေးစားလျက်
တောင်ပေါ်သား

ပုံ့မေ said...

ကိုယ့်အကိုကြီး ရေးထားတာ လန်းလိုက်တာ... မိုက်တယ်..... လူတွေကိုစုံသွားတာပဲ....

သူအိပ်မပျော်တိုင်း သူများအိပ်နေတာ လှမ်းရှိုးလိုက်သေးတယ်... ဂယ်ပဲ.... :)

Anonymous said...

ကျွန်တော် ကွန်မန့်က ဘူလတ်ပေါ့နော် 10 လဲမဟုတ် 30 လဲမဟုတ် 21 လဲ မကျဆိုတော့ ကိုးလို့ကန့်လန့် နံပါတ် 20 တဲ့ . . . . အင်း အကုန်ပါတယ်ဗျာ ရေးထားတာ တစ်ရေးနိုး အကြံပေါ်တော့ ရေးချလဲ ဇာတ်လမ်းတစ်ပုဒ်ဖြစ်သွားသေးတယ် ကောင်းပါ့ ကိုရီနိုရာ

rose of sharon said...

ဖတ်လို့ကောင်းသား.... ကိုလူထွေးနဲ့ ဂိုဏ်းတူထင်ရဲ့

ဆောင်းနှင်းရွက် said...

ကိုရီနို ကလည်း ...
မမေလေး နေ့လည်စာ မကျွေးနိုင်တော့
ညနေစာ ကျွေးခိုင်းပေါ့ ..
ဘာလို့ ရှိပါစေတော့ လုပ်ရတာလဲ ..

အဖြူရောင်နတ်သမီး said...

သရုပ်ဆောင်နေရာကမပါရတော့လည်း...
စာဖတ်ပရိတ်သတ်နေရာကနေပါတာပေါ့...နော်...