November 24, 2009

တရားကျနေတာလား..မိုက်မဲမှုတခုလေလား......


သူ့မှာလဲ ချစ်တတ်တဲ့အသဲနှလုံးရှိတာပဲ..
ကိုယ့်အတွက်မဟုတ်ခဲ့တာ..မပြောသာ..

သူ့မှာလဲ ထားရမယ့်သစ္စာတရား ရှိမှာပေါ့..
ကိုယ့်အပေါ်မဟုတ်ခဲ့တာ..ကံကြမ္မာ..

ဘယ်အရာမှ မတည်မြဲတဲ့လောက
ကိုယ့်ကိုမှ ချစ်စေချင်တဲ့ ငါ့လောဘ..

သြော်သင်္ခါရတရားတွေ သိပါလျက်နဲ့
သံဝေဂမရနိုင်တဲ့ ငါ့မောဟ..

အချစ်အတုပါဆိုတာ သိရက်နဲ့
သူ့ကိုမှ ဥပက္ခာ မပြုနိုင်တဲ့ ငါ့ဘ၀..

သူ့မေတ္တာအတိမ်အနက်ကို မမေးဘူးခဲ့ပေမယ့်..
ကိုယ့်ရှေ့မှာ မလိမ်တတ်ခဲ့တာ ကျေးဇူး အနန္တ..
ငါ့လွတ်လပ်မှုတွေ ဆုံးရှုံး..
ငါ့ပျော်ရွှင်မှုတွေပျက်သုဉ်း..
မမုန်းနိုင်လေတော့လည်း.....
.........
.......

အင်းဒီလိုနဲ့ပဲ.. အချစ်ဆိုတာကို ခ၀ါချဖို့ အသက်က အချက်ပြလာပြီ..

လေးစားစွာဖြင့်
ရီနိုမာန်

ကဗျာပိုင်ရှင် - မမလွင်(ခ) မမိုး

9 comments:

Beauty Studio USA Branded Store said...

အသက်တွေကြီးလာရင် အချစ်တွေ ခဝါချနိုင်လာရင် ကောင်းမှာပဲ အကိုရေ။

ဂျပန်ကောင်လေး said...

ချလိုက်တော့ အစ်ကိုရေ... အသက်ကြီးပြီ.. ဘုရားသွား ကျောင်းတက်ကြစို့ရဲ့... ဟီးဟီး

မိုးစက်အိမ် said...

ခ၀ါမချပါနဲ့ ဗျာ အချစ်ဆိုတာ ချစ်နေဖို့ ပါဘဲ . . . ကျန်တာ
မလိုအပ်ပါဘူးဗျာ . . . အချစ်မှာ အသက်အပိုင်းအခြားလည်း မရှိပါဘူး . . . ပျော်ရွှင်ပါစေ
အစ်ကိုရေ Good Luck :)

ညီညီ said...

ဟာ.. အစ်ကိုကြီးကလည်း အချစ်က လေးဆယ်ကျော်မှ စတာလေ.။ ခ၀ါမချပါနဲ့ဦးဗျ.။ ပန်ပန် ပြောတိုင်း လျှောက်မလုပ်နဲ့ ငါ့အစ်ကိုကြီး:) မှားမယ်. :D

ခင်မင်တဲ့

ညီညီ

မိုးခါး said...

ဘာလဲ
ခံစားချက် တိုက်ဆိုင်တယ် ဆိုပါဒေါ့ ...
ဟွန်းးးးးးးးးးး
ပြောချင်ဘူး
ရေးထားတော့ တမျိုး
ထပ်ရေးတော့ တမျိုး :P

ညလင်းအိမ် said...

အင်းဒီလိုနဲ့ပဲ.. အချစ်ဆိုတာကို ခ၀ါချဖို့ အသက်က အချက်ပြလာပြီ..

း)

ကောင်းကင်ပြာ said...

ဟင် အသက်က အချက်ပြနေပြီ ဟုတ်လားးး:O

သုခုမလေဒီ said...

ကဗျာလေး တကယ်ခံစားသွားရတယ်။ အသက်က တကယ်အချက်ပြနေတာ။း))

သူကြီးမင်း (တုံးဖလား) said...

ရီနိုရေ..
ကဗျာလိုလို ရက်ပ်လိုလိုကြီးပါလား။ ပထမ ကဗျာလို ဖတ်ကြည့်တယ်။ နောက် ရက်ပ်လို ဆိုကြည့်တယ်။ နှစ်ဘက်ရ ကဗျားဝ။