November 14, 2009

အတောင်ပံများနှင့်

တောင်ပံတွေ တလှပ်လှပ်ခတ်နေတဲ့
ငါ့ရင်ခွင် တစ်စုံကို ရင်ခုန်သံလားလို့
ပြန်မေးနေမိတယ်။

" ဒုံး " ဆိုတဲ့ တုံးထုသံတွေ မမြည်းပဲ
ငါ့ရင်ထဲမှာ တံဆိပ်တွေ အပြည့်နဲ့
မင်းရဲ့ ပုံရိပ်တွေ။

ဝင်လာခဲ့ပါလို့ ခေါ်နေလျှက်နဲ့
ငါ့ရင်ခွင်ကို ကားစီးထားတဲ့
မင်းရဲ့ လက်တစ်စုံ။

အိစပ်နုညံ့လှတဲ့ မင်းရဲ့ပါးပြင်
နမ်းမယ်လုပ်တော့ ကြိုဆိုနေကြတဲ့
အစိမ်းရောင် သွေးကြောလေးတွေ။

မင်းရဲ့ အထိအတွေ့မှာ
ငါ့အချစ်တွေ ပျော်ဝင်သွားတာ
တကယ်ကို မသိလိုက်ရပါလားကွာ..........။ ( အဟေးဟေး....ဟေ့)

လေးစားစွာဖြင့်
ရီနိုမာန်

18 comments:

သီဟသစ် said...

( အဟေးဟေး....ဟေ့) က ဘာတုန်း မောင်ရင် ရဲ့
machine machine နဲ့

:)

သူကြီးမင်း (တုံးဖလား) said...

နောက်ဆုံးမှာ ပျော်မြူးနေပုံထောက်တော့ တစ်ခုခုတော့ တစ်ခုခုဘဲ။ ပျော်ဝင်ခဲ့ဖူးပြီထင်တယ်။ :D။
ဆက်လက်ပျော်ဝင်နိုင်ပါစေ ညီ။

ကဗျာအဓိပ္ပါယ်လေး ပေါ်လွင်ပါတယ်။


ပျော်ရွှင်ကြည်နူးပါစေ။

Anonymous said...

ဒုံးဆိုတဲ့ အတုံးသံတွေ မမြည်ပဲ တဲ့ ဒါပေမဲ့ ကျွန်တော် ကြားလိုက်ရသလိုပဲ တစ်ယောက်ယောက် ထုသွားတယ်ထင်တယ် . . . ကဗျာကောင်းလေး ကိုရီနိုရေ

ကောင်းကင်ပြာ said...

ကဗျာလေး ကောင်းရဲ့သားနဲ့ နောက်က အဟေးးးအဟေးးး က ဘာတုန်း
မသင်ကာ စရာပဲ...း)

ညီညီ said...

ငါ့ကိုကြီး. တစ်ခုခုတော့ တစ်ခုခုပဲနော်.။ ဘာတွေ ကြိတ်ကြံနေလဲ မသိပါဘူး. ဟိ. နောက်က လိုက်ချောင်းရင် အစိမ်းရောင် သွေးကြောလေးတွေ မြင်ရမယ်ထင်ပါ့.။
အဆင်ပြေပါစေဗျာ.။

ခင်မင်လေးစားတဲ့

ညီညီ

Sein Lyan Tun said...

တဖျတ်ဖျတ်နဲ့ လှုပ်ခတ်နေတဲ့တောင်ပံတစ်စုံနဲ့
လရောင်ကိုသုတ်လိမ်း လို့ မင်းဆီကို အရောက်ပျံလာမယ်လေ...


ချစ်တဲ့

ဖိုးချစ်

ကိုလူထွေး said...

အူးမြူးနေတာလား...
ဘာလဲ အဟေးဟေး... ဟေ့ဆိုတာ...
အတော်နောက်တဲ့ ရီနို...

းဝ)

ဂျပန်ကောင်လေး said...

အယ်..ကဗျာကိုဖတ်နေတုန်း.. ဘာတုန်း အဟေးဟေး ဟေ့....း)...

Welcome said...

ကဗျာကောင်းလေး ဖတ်သွားတယ်

ပျော်ရွှင်အဆင်ပြေပါစေ

Unknown said...

ခံစားဖတ်ပါတယ်

ပုံ့မေ said...

အင်း ဟုတ်တယ်... အဟေးဟေး ဆိုတဲ့ ပြသနာကိုဖြေရှင်းပါ..... ဒါပဲ... :D

ညလင်းအိမ် said...

ကဗျာလေး ကောင်းတယ်ဗျ...

အဟေးဟေး..ဟေ့ ကို မေးမနေကြပါနဲ့တော့....
အကြောင်းရှိလို့ပေါ့နော်..
ဟုတ်တယ်မလား ကိုရီနိုး)

မမသီရိ said...

( အဟေးဟေး....ဟေ့)

အဲဒါကြီး မပါ ရင် ကဗျာက ပိုကောင်းမယ်..း)

ahphyulay said...

အဲ့ ဒါကြီးပါလိုက်လို့  ကဗျာရှင်ရဲ့  ဖြီးကနဲ ပြုံးနေတဲ့ 
ရင်တုန်ချင်စရာ အပြုံးအကြီးကြီး ကိုမြင်လိုက်ရသလိုပဲနော.....

မငုံ said...

ကဗျာလေး ကောင်းတယ်။ လှတယ်။ အဲ..နောက်ဆုံးက ဘာဖြစ်တာလဲဟင် အရမ်းပျော်နေတယ် ထင်တယ်နော်။ :) ၀င်လာဖို့ ဖွင့်ပေးထားတဲ့ နှလုံးသား တံခါးကိုတွန်းဖွင့်ပြီး အမြန်ဆုံး ၀င်ရောက်လာပါစေလို့ ဆုတောင်းတယ်နော့။

စည်သူ said...

အဟဲဟဲဟဲ.. အဟဟေးးးး
ဘာတဲ့တုန်းဗျ..

မဟတ်ုမှလွဲရော..
တို့ကိုကြီးတော့.. အဟေဟေးးးးးးးးး

ခင်မင်စွာဖြင့်
စည်သူ။

စိုင်းစိုင်းလားရှိုး said...

ရီနိုဘာလဲ မောင့်ရင့် အဟေဟေးက.........
ဧကန်တော့ အဟေဟေး...............
ဘယ်မှာသွားပြီး အစိမ်းရောင် ပါးပြင်ကို ခိုးနမ်းခဲ့တာလဲပြော....... အဟေဟေး..........

Angel Shaper said...

သမီးအကိုတော့ အူမြူးနေတယ်။
ဘာဖြစ်နေလဲ မသိဘူး။ ဧကန်ဒတော့ ဧကန်ဓ ပဲ။ ဟိဟိ