ကျွန်တော်ကို ၁၉၈၁ စက်တင်ဘာလ ၁၀ရက်နေ့မှာ ရန်ကုန်တိုင်း မင်္ဂလာဒုံ မြို့နယ်ရှိ စစ်ဆေးရုံးအမှတ်(၁) မှာ မွေးဖွားခဲ့တာပါ။ စစ်ဆေးရုံးမှာ မွေးမှတော့ စစ်မျိုး စစ်နွယ် ပဲ ဆိုပါတော့။ရန်ကုန်သား ဖြစ်ကံပါတယ်ထင်ပါရဲ့။ အဖေ တာဝန်ကျနေတဲ့ မြို့က တောင်ငူမြို့ အဲ့ဒီမှာ မွေးမရလို့ ရန်ကုန်ကို သွားမွေးရတာပါ။ မိဘကို ဒုက္ခပေးတယ် လို့တော့မထင်ပါနဲ့ဗျာ။ မွေးရက်စေ့တာတောင်း အမေက ဗိုက်မနားလို့ ဆေးမှူးကကြောက်ပြီး ရန်ကုန်ကိုအတင်း လွတ်လိုက်လို့ ရန်ကုန်သားဖြစ်သွားရတာပါဗျာ။
ကျွန်တော်မှာ မွေးချင်း ၄ယောက်ရှိတယ်။ အစ်ကိုတစ်ယောက်၊ အမတစ်ယောက် နဲ့ ညီမတစ်ယောက်ရှိတယ်။ ကျွန်တော်ရဲ့ ဇာတာလို့ပဲ ပြောရမလား မသိဘူး။ ကျွန်တော် မွေးပြီးကတည်းက ခုချိန်ထိ နေရာအတည်အကျ မရှိသေးပါဘူး။ မယုံရင် အပေါ်မှာရေးခဲ့သလိုပဲ ဗိုက်ကြီးတာက တစ်နေရာ မွေးတာက တစ်နေရာ ဆိုတာကို သတိထားမိမှာပါ။
ကျွန်တော် ကို မွေးပြီး သူငယ်တန်း တက်တဲ့နှစ်မှာပဲ အဖေကို ဖျာပုံသို့ ပြောင်းမိန့်ကျတယ်။ဖျာပုံမှာ သူငယ်တန်း၊ (၁) တန်း၊ (၂) တန်းပညာသင်နှစ် ပြီးတော့ ပုသိမ်ကို ထပ်ပြောင်းရတယ်။ ၈၈ အရေးအခင်းတုံးက ဖျာပုံမှာပဲရှိသေးတယ်။ ကျွန်တော်တို့ ကျောင်းတစ်နှစ် အောက်လိုက်ရတဲ့နှစ်လေ။ ၈၃ ခုနှစ်နောက်ပိုင်း မွေးတဲ့ လူတွေတော့ မှီလိုက်မှာမဟုတ်ဘူး။
အဲလိုနဲ့ ပုသိမ်မှာ တတိယတန်းနဲ့ စတုတ္တတန်း နှစ်ဝက် အရောက်မှာ စစ်ကိုင်းတိုင်း ခန္တီး မြို့ ကို ပြောင်းရပြန်တယ်။ ခန္တီးမှာ (၄) တန်း နှစ်ဝက် နဲ့ (၅) တန်းပြီးတဲ့ အထိနေခဲ့ရပါတယ်။ ၁၉၉၄ခုနှစ်မှာ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းကို ပြောင်းရပြန်တယ်။
ပင်လောင်းမှာ (၆)တန်း (ရ)တန်း (ဂ)တန်း ကျောင်းနေခဲ့ရတယ်။ (ဂ)တန်း အောင်တော့ အဖေပြောင်းတာ မဟုတ်တော့ဘူး။ ကျွန်တော်တို့ ပြောင်းတာဖြစ်သွားတယ်။ အဖေက ပင်းလောင်းမှာပဲ ကျန်ခဲ့တယ်။
ပညာသင်နှစ် (၉) တန်းနဲ့ (၁ဝ) တန်း ပထမနှစ်ကို ဘားအံမှာ နေရပြန်တယ်။ (၁၀)တန်း ဒုတိယနှစ်ကို တော့ အဖေရှိတဲ့ ပင်လောင်းမှာ ပြန်ဖြေတာ ကံကောင်း ထောက်မစွာနဲ့ အောင်လာတယ်။ ( ဆယ်တန်းများ မအောင်ခဲ့ ရင် ကျွန်တော် ဘဝ ကြီးတော့ မတွေးရဲ စရာပါ ........ဟီးဟီး နောက်တာပါ)
(၁၀) အောင်တော့ ရန်ကုန် ကိုတစ်ယောက်ထဲလာပြီး အလုပ်လုပ်တယ်။ ရန်ကုန်မှာ အလုပ်လုပ်ရင်းနဲ့ ဘွဲ့ တစ်ခုပါရ အောင်ယူလိုက်ရသေးတယ်ဗျ။ ၂၀၀၀ ကနေစလုပ်လိုက်တာ ၂၀၀၄မှာ မလေးရှားသွားဖို့ကြောင်းက ဖန်လာပါရော။ ၂၀၀၄ မှာ မလေးရှား ရောက်ပြီး ၂၀၀၇မှာ မြန်မာပြည်ပြန်ရောက်တယ်။
အဲ့လိုနဲ့ ၂၀၀၈မှာ တော့ ရန်ကုန် တစ်မြို့စားလောက်တောင်မရှိတဲ့ ဟောဒီ စင်ကာပူကိုရောက်လာရပြန်ပါတယ်။
ဆက်လက်ပြီးတော့လည်း ဘယ်ကျွန်း ဘယ်သောင်း ဆိုက်အုံး မလဲဆိုတာတော့ ဘဝ ဇာတ်ဆရာရဲ့ အလိုကျ ကပြဖို့ အဆင်သင့် စောင့်စားရင်း ............................
ကျွန်တော် ရဲ့အမှတ်တရ ခရီး (၁) ကို ဒီမှာပဲ ခဏရပ်နားလိုက်ပါတယ်။
ဆက်လက်ပြီး အမှတ်တရ ခရီး မှားကို အချိန်ရရင်းရသလို ရေးသားဖေါ်ပြသွားပါမယ်။
ခုလိုမျိုး စိတ်ဝင်းတစား လာရောက်ဖတ်ရှု သူများ ကို အထူးကျေးဇူးတင်ရှိပါကြောင်း.............................

4 comments:
ရောက်ချင်တဲ့ နေရာရောက် ... Reenoe ကတော့ အေးဆေးပဲ ဟုတ်တယ်ဟုတ် ... :D
ကောင်းပါတယ်..ခရီးသွားမှတ်တမ်းလေးပေါ့..။
ဆက်ရေးပေါ့..အားတဲ့အချိန်..။
ဘယ်နေရာရောက်ရောက် အဆင်ပြေပါစေဗျာ..။
ကျမကတော့ တမျိုး..
ဆယ်တန်းအောင် ကတည်းက အိမ်မှာကို သိပ်နေရတယ်
မရှိဘူး။
phat yin nat .. myat si nout lar pi ..saging yout lite , shan pyi yout lite .. anyway is reenoe is reenoe... :) how about no (2) ??
Requestxxxxxxx
Post a Comment