April 5, 2009

သင်္ကြန် ဆုတောင်း




ဘာလိုလိုနဲ့ ကျွန်တော်တို့ရဲ့ မြန်မာနှစ်သစ်ကူးကိုတောင် ရောက်တော့မှာပါလားနော်။
၂၀၀၉ ခုနှစ်ရဲ့ နှစ်သစ် အချိန်အခါကတော့ ဧပြီလ ၁၃ ရက်မှ ၁၆ ရက်နေ့ထိဖြစ်ပါတယ်။
ဧပြီလ ၁၇ ရက်နေ့ မှာဆိုရင် ကျွန်တော်တို့ မြန်မာနှစ်သစ်ရဲ့ နှစ်ဆန်း (၁) ရက်နေ့ဖြစ်ပါတယ်။
ဒီနေ့မှာ မြန်မာပြည်မှာ ရှိကြတဲ့ လူများကတော့ ဘုရားသွားကျောင်းတက် ပြုလုပ်နိုင်ကျပင်မဲ့
အဝေးရောက်နေတဲ့ မြန်မာများအတွက်တော့ စိတ်တိုင်းကျ ပြုလုပ်နိုင်ကြမှာ မဟုတ်ပါဘူး။
ဒါကြောင့် ကျွန်တော်နှင့်တကွ တိုင်းတစ်ပါးသို့ ရောက်ရှိနေကြသော မြန်မာအားလုံး ကို ထိုနေ့
တွင် အလုပ်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ စိတ်သစ် ကိုယ်သစ်နဲ့ အတူ ပျော်ရွှင်နိုင်ကျပါစေလို့......................




နှစ်သစ်ကို ကြိုဆိုသောအားဖြင့် မြန်မာနှစ်သစ်ရဲ့ အမှတ်အသား အဖြစ် ပိတောက်ပန်း ၊ မုန့်လုံးရေပေါ် နှင့် ရွှေရင်အေး တို့အား ဒီ reenoemann ဆိုဒ်သို့ လာရောက်လည်ပတ် ကျသော ကျွန်တော် သူငယ်ချင်းများအတွက် သင်္ကြန်မုန့်များစားပြီး သင်္ကြန်ပန်း ပန်းပိတောက်နဲ့ အတူ နှစ်သစ်မှာ ပျော်ရွှင်
နိုင်ပါစေ လို့ ဆန္ဒပြုလိုက်ပါတယ်။


မှတ်ချက် ။ ။ အဝေးရောက် မြန်မာ နိုင်ငံသူ နိုင်ငံသား များအား လုံးအတွက် အဓိက ရည်ရွယ်ပါသည်။

4 comments:

ဝလုံးဝိုင်းဝိင်း said...

အဝေးမရောက်ပေမယ့် မစားဖြစ်တာ များတယ်။ ခုတော့ စားချင့်စဖွယ်မို့ ဝင်မြည်းသွားတယ်ဗျာ။ နှစ်သစ်မှာ အားလုံး ပျော်ရွှင် ငြိမ်းချမ်းနိုင်ပါစေ။

မိုးခါး said...

ဟုတ်ပနော် .. ရန်ကုန်မှာဆို ရုံးတွေပိတ်မှာ .. ခုတော့း(

မမသီရိ said...

မုန့်လုံးရေပေါ်လာစားသွားတယ် မောင်လေး
အလွမ်းပြေ..လေး..

ဖိုးဂျယ် said...

နှစ်သစ်မှာ ပျော်ရွှင်ပါစေဗျာ
သင်္ကြန် လွမ်းလို့ ပြန်ချင်နေတာနော် လာလာ မစနဲ့ဗျး)