April 18, 2009

ကျေးဇူးပါ ချစ်သူ...

ရက်မှလပြောင်း
နှစ်တွေဟောင်းလဲ
မပြောင်းလဲတာ.. ငါ့အချစ်တွေပါ။

ကံကြမ္မာစေစား
ကမ္ဘာတစ်ဖတ် နင်ရောက်သွားလဲ
ငါ့ရဲ့အနီးမှာ မင်းရှိနေဆဲပါ။

အချိန်တွေတိုက်စား
မင်းအချစ်များလဲ
ပြောင်းလဲသွားမလား.. ငါကြောက်တယ်။

သက္ကရာဇ်တွေပြို
ကံကြမ္မာကထိုးနှက်
အချိန်တွေကရက်စက်
ဒီလောကဓံတွေရဲ့ကြား
ရှင်သန်ရပ်တည်သွားဖို့
သတ္တိတွေအပြည့်နဲ့ ငါ
ဘယ်အရာမှ မကြောက်
အဲဒါ.. မင်းအချစ်တွေကြောင့်ပါ။

ကဗျာ ပိုင်ရှင် - White Angel

2 comments:

ဂျပန်ကောင်လေး said...

တယ်လဲ ရဲရင့်တဲ့ အချစ်ပါလား အစ်ကိုရ..း)

Welcome said...

အချစ်က ပေးတဲ့ စွမ်းအားတွေ ဖတ်သွားတယ် ..
ဆင်ဆင်ပြေပါစေ ။