April 28, 2009

မြန်မာတစ်ယောက်ဖြစ်ပါရစေ

ဒီလိုပါ........ ကျွန်တော်ဘလော့ဂ်လေး ကိုလာလည်ကျတဲ့ ညီအစ်ကို၊မောင်နှမတွေကို
ဘယ်သူဘယ်ဝါ ဆိုတာကို သိရပင်မဲ့ ကိုယ့်ထက် ကြီးမှန်း ငယ်မှန်းမသိရဘူးဖြစ်နေတယ်။
တစ်ချို့မောင်နှမတွေက Profile မှာ အသက်ကိုဖေါ်ပြထားကြပင်မဲ့ တစ်ချို့ ကဖေါ်ပြထားခြင်း
မရှိပါဘူး။ ( သိကြားမင်းကြီးသိမှာ ကြောက်လို့ ထင်ပါရဲ့)

အဲ့တော့ အိမ်ကိုလိုက်လည်တဲ့ အခါကျရင်း အစ်ကိုပဲခေါ်ရမလား ညီပဲခေါ်ရမလား
အမလား ညီမလား မသိဖြစ်ရပါတယ်။

ဒါကြောင့် ကျွန်တော်ကလည်း မြန်မာထဲက မြန်မာတစ်ယောက်ဖြစ်နေတော့ တစ်ယောက်နဲ့
တစ်ယောက် နှုတ်ဆက်တဲ့ အခါ မြန်မာတစ်ယောက်လို နှုတ်ဆက်ချင်ပါသောကြောင့်
ကူညီပေးကြပါလို့.................................................................

11 comments:

Anonymous said...

ဘယ်ဘလော့လည်လည် ကြိုက်သလိုသာခေါ်ပါဗျာ။ မရိုင်းရင် ပြီးတာပဲ
ဘာလို့လဲ ဆိုတော့ တယောက်နဲပတယောက် မတွေ့ဖူးတော့ ကိုယ့်ထက်ကြီးသည်ဖြစ်စေ
ငယ်သည်ဖြစ်စေ ကောင်းကောင်းမွန်မွန် ဆက်ဆံတော့ ပိုကောင်းတာပေါ့ဗျာ။
ကျနော့်လဲ ချစ်ကိုကြီးလုံ ခေါ်နော်။ အဟီ
နောက်တာ

ဖိုးဂျယ် said...

ကိုအိမ်ပြောတာလဲ ဟုတ်ပါတယ်
ဒါပေမဲ့ အကိုပြောသလိုပဲ တခါတခါ အကိုခေါ်လိုက်တာ မိန်းကလေး ဖြစ်နေတတ်သလို
အမခေါ်လိုက်တာ ယောင်္ကျားလေး ဖြစ်နေပြန်ရေား)
အဲ့တော့လဲ မှားတဲ့ အခါလဲ မှားမပေါ့း)

Sein Lyan Tun said...

ကျနော်ကြီးတယ် အဟီးးး
အသက်ထင်တာပဲ
ဒါပေမယ့်ကြီးချင်ဘူး
အငယ်ဖြစ်ချင်တယ်
ဒါကြောင်းကျနော်ကိုညီလို့ ပဲခေါ်လေ
အဟားးး

Welcome said...

စိတ်ကူးလေးကောင်းတယ်၊ တိုက်ဆိုင်တယ်၊ အများသဘောနဲ့ ကိုက်ညီအောင်
၂၀၁၀ ရွေးကောက်ပွဲမှာ အဆိုတင်သွင်းရအောင်ပါ။ (ချိတ်ချိုးနဲ့ စတာ)

လူတစ်ယောက်ကို နေ့တိုင်း မျက်မှန်းတန်းမိပြီး မြင်နေကျဖြစ်သွားရင် ခင်မင်တဲ့ သံယောဇဉ်တွေ မှိန်သွားနိုင်တယ်။ မမြင်ဖူးရင် ချောနိုးနိုး လှနိုးနိုးနဲ့ နေ့တိုင်း သံယောဇဉ်တွယ် နေမိတာကလည်း ပျော်စရာဖြစ်နေမလားပဲ။ ပွားကြည့်တာပါ။
ပျော်ရွှင်ပါစေ

မိုးခါး said...

ပရိုဖိုင်မှာ အသက်ပါတယ် .. ၂၄ :p

ဆည်းဆာသံစဉ် said...

တားတားက ငယ်မယ်ထင်တယ်နော် တိုကြီး...ဟီးဟီး..စတာပါ..။ ကြိုက်သလိုခေါ်ပါ ရပါတယ်..အားလုံးက ညီအကို မောင်နှမတွေပဲဟာ..ဟုတ်ဝူးလား...ပျောါရွှင်ပါစေဗျာ...

Anonymous said...

ကျွန်တော်လား ဟဲဟဲ မိတ်ဆက်လိုက်ဦးမယ် ခွင့်ကြုံတုန်းလေ .... ကျွန်တော်က ၁၉၈၅ ဘွန်းဗျ ( Born ) ဂျိမ်းဘွန်း မဟုတ် :D ဘယ်သူတွေ ဘယ်လိုပဲ ခေါ်ခေါ် ကျွန်တော်ကတော့ အားလုံးကို ကြီးကြီး ငယ်ငယ် " ကို " တပ်ခေါ်ပါတယ်။ အသက်ကြီးတယ် ထင်လို့ ကိုတပ်ခေါ်တာမျိုး မဟုတ်ပါဘူး။ လူတစ်ယောက်နဲ့ တစ်ယောက် လေးစားတဲ့ အနေနဲ့ ကို တပ်ခေါ်လိုက်တာပါ။ သူငယ်ချင်းတွေ ၁ နှစ် ၂ နှစ်လောက်ကွာတာ ဆိုရင်တော့ နောက်ပိုင်း ရင်းနှီးသွားလည်း ခေါ်ချင်သလို ခေါ်ကြပေါ့ဗျာ .. လတ်တလောတော့ စပြီး ဟေ့ကောင်ကြီး Reenoe တွေ ဘာတွေ မလုပ်ရဲဘူးဗျ ... ဟီးဟီး ... ကဲကဲ ဒီလောက်ပါပဲဗျာ ... ညီကိုတွေပဲဗျာ .. သည်ရင်းတွေပဲ ... ရင်းနှီးတဲ့ အနေနဲ့ ခေါ်ကြ ပြောကြတာ ဗွေယူစရာ မရှိပါဘူး .. တစ်ခုတော့ ရှိတာပေါ့ဗျာ ... အသက်က ၁၀ နှစ်လောက် ငယ်ပြီး ဟေ့ကောင်ကြီး ဘာညာနဲ့ ဘော်ဒါလို လာခေါ်မယ်ဆိုရင်တော့ မကောင်းဘူးပေါ့ ဟီးဟီး :D

မဆုမွန် said...

မမဆုမွန်လို့ခေါ်ရင် စိတ်မဆိုးပါဘူး.

Ree Noe Mann said...

အခု ပထမဦးဆုံး ကျွန်တော်ကို မြန်မာဖြစ်ခွင့်ပေးကြတဲ့
အိမ်( စင်ကာပူ မှာ ငှားရမ်းခ တွေဈေးကြီးလို့ ကိုညီမောင် အိမ်မှာပဲလားနေတော့မယ်ဗျာ၊
ဖိုးဂျယ် ( ညီလေးဖိုးဂျယ်)၊
ဖိုးစိန် ( သယ်ရင်း ဖိုးစိန်)၊
Welcome (ကိုဝင်းဇော်)၊
မိုးခါး ညီမလေး၊ ဆည်းဆာသံစဉ်၊ နေဒေးသစ် နှင့် မဆုမွန် တို့ကိုကျေးဇူး အထူးတင်ပါတယ်။

ဝသန်မိုး said...

ကျွန်တော်ငယ်တယ်ဗျ ..
ညီလို့ ပဲခေါ် ခေါ် ၀သန်ပဲ ခေါ် ခေါ်
အဆင်ပြေသလို သာခေါ် ပါဗျာ..
ရပါတယ်

Anonymous said...

ကျနော်က အကို့ထက် ငယ်တယ်ဗျ။ ဒါကြောင့် ခေါ်ချင်သလို ခေါ်ဗျာ။ အဆင်ပြေပါတယ်။ :P