April 10, 2009

ချစ်သူနဲ့ ကြိုက်သူ

ချစ်တဲ့သူရှေ့မှာ နှလုံးခုန်တာ ပိုမြန်နေတယ်
ဒါပေမဲ့...ကြိုက်တဲ့သူရှေ့ကျတော့  ပျော်နေတယ်လို့  ခံစားရတယ်။

ချစ်တဲ့သူရှေ့မှာ ဆောင်းရာသီဟာ နွေဦးရာသီလို ထင်ရတယ်...
ဒါပေမဲ့...ကြိုက်တဲ့သူရှေ့ကျတော့ ဆောင်းရာသီဟာ လှပတဲ့ဆောင်းရာသီပါပဲ။


ိချစ်တဲ့သူမျက်လုံးထဲ ကြည့်လိုက်တဲ့အခါ ရှက်သွေးဖြန်းသွားတယ်..
ီဒါပေမယ့်...ကြိုက်တဲ့သူမျက်လုံးထဲကြည့်လိုက်တော့ ပြုံးပြဖြစ်တယ်။


ချစ်တဲ့သူရှေ့မှာ စိတ်ထဲရှိတာ ဘာမှမပြောနိုင်ဘူး...
ဒါပေမဲ့..ကြိုက်တဲ့သူရှေ့ကျတော့ ပြောပြနိုင်တယ်။


ချစ်တဲ့သူရှေ့မှာ..ရှိုးတိုးရှန်းတန့်  ဖြစ်လေ့ရှိတယ်..
ဒါပေမယ့်...ကြိုက်တဲ့သူရှေ့ကျတော့ ကိုယ့်ပင်ကိုအတိုင်း နေပြတတ်တယ်။


ချစ်တဲ့သူမျက်လုံးကို တည့်တည့်စိုက်မကြည့်နိုင်ဘူး..
ဒါပေမယ့်...ကြိုက်တဲ့သူမျက်လုံးကိုကျတော့ အမြဲတမ်းပြုံးပြနိုင်တယ်။


ချစ်တဲ့သူငိုတဲ့အခါ သူနဲ့ အတူလိုက်ငိုတယ်...
ဒါပေမယ့်...ကြိုက်တဲ့သူငိုတဲ့အခါကျတော့ သူ့ ကိုနှစ်သိမ့်အငိုတိတ်စေတယ်။


ချစ်တဲ့ခံစားမှုဟာ မျက်လုံး အမြင် ကစတယ်...
ဒါပေမယ့်...ကြိုက်တဲ့ခံစားမှုကျတော့ နားအကြားကစတယ်။


ဒါကြောင့်...ကြိုက်တဲ့သူကို ဆက်မကြိုက်ချင်တော့ရင် သင့်နားတွေကို ပိတ်ထားလိုက်ပါ။
ဒါပေမယ့်...သင့်မျက်လုံးကို ပိတ်ဖို့ ကြိုးစားခဲ့ရင် အချစ်က မျက်ရည်စက်အဖြစ်ပြောင်းသွားပြီး
နှလုံးသားထဲ ထာဝရတည်နေတော့မှာ......................

1 comment:

Anonymous said...

ဟဟ ကို Ree Noe က ကဗျာသမား စာသမား ကြီး လုံးလုံးကို ဖြစ်နေတော့တာ ပါလား .. ကောင်းပဗျာ စာသားလေးတွေကို တစ်ခုချင်းစီ သေသေချာချာ ဖတ်ကြည့်တော့ အင်း .......... တော်တော်များများ လက်ခံလို့ ရနေတယ် .... စကားမစပ် ကော့မန့်ရေးထားခဲ့တာတွေရော Cbox မှာ ရေးခဲ့တာတွေ အတွက်ပါ ကျေးဇူးအများကြီး တင်ပါတယ်ဗျာ .. အောင်မြင်ပါစေ ...