April 8, 2009

စိတ်ကူးပေါက်ရာ

စာရေးချင်တဲ့ စိတ်ကတော့ရှိပါတယ်။ ဘယ်ကဘယ်လို စရေးရမှန်း မသိတာကခက်နေတယ်။
ဒီ ဘလော့ဂ်လေး စလုပ်တာ တစ်ပတ်ပဲရှိဦးမယ်။ သူငယ်ချင်း အများကြီးရတဲ့ အတွက် ၀မ်းသာကျေနပ်ရပါတယ်။

ဒီ ဘလော့ဂ်လေးကို စမလုပ်ခင်က ကျွန်တော် ကိုစိုင်းထွန်း ရဲ့ www.royal-myanmar.com လေးကို
အမြဲတမ်း သွားလည်ဖြစ်တယ်။ ခုချိန်ထိ ပဲဆိုပါတော့။ သူ့ ဘလော့ဂ်ထဲမှာ လျှောက်ဖတ်ရင်းနဲ့
ဘလော့ဂ် လုပ်နည်း စာအုပ်ကို ဖတ်ပြီး ဒီ ဘလော့ဂ်လေး (reenoemann) ကို စတင်ခဲ့တာပါ။
ကိုစိုင်းထွန်း ကို ကျေးဇူးတင်ပါတယ်ဗျာ။
ဒီလိုနဲ့ လူချင်း တစ်ခါမှမမြင်ဖူးတဲ့ Blogger သူငယ်ချင်း တွေအများ ကြီးနဲ့သိလားခဲ့ရတယ်။
သူငယ်ချင်းများဆီမှ ဗဟုသုတ တွေရော မဟုတ်သုတ်ခ တွေကောအများ ကြီးသိလာခဲ့ရတယ်။
ဒီ ဘလော့ဂ်လေး ကို အားရှိအောင် အားဆေးတွေလာအော်ပေးကြတဲ့ ကိုစိုင်းထွန်း၊ မောင်စေတနာ၊
ကောင်းကင်ပြာ၊ မမသီရိ ၊ မင်းဇော်ဟိန်း၊ သီဟသစ်၊ မနောသား၊ နှင်းသောက်ပန်း ၊ အိမ်မက် ၊ လင်းကြယ်ဖြူ၊
ဝလုံးဝိုင်းဝိုင်း၊ မိုးခါး၊ ကိုတိုး၊ နွေးနွေးသဲမွန်၊ ရဲဝင့်သူ၊ ကိုရင်ညိန်း၊ စိတ်စမ်းရေ၊ အိုက်ခီလောက်၊
မေတ္တာရောင်ပြန်၊ ၀င်းဇော် နဲ့ ကောင်လေးအိမ် တို့ကို လည်းအထူးကျေးဇူးတင်ပါတယ်။
မတွေ့ဖူးကြပင်မဲ့ အခုလိုမျိုးလာရောက်လည်ပတ် အော်ဟစ်ကြတဲ့အတွက် ကျွန်တော် အထူးပင် ပျော်ရွှင်ရပါတယ်။
နောက်အားတိုင်းလဲ လာလည်ပြီး အကြံဉာဏ်များ ပေးကြပါအုံးလို့ .....................

1 comment:

မိုးခါး said...

ကျေးဇူးတင်လို့ ကျေးဇူးပါရှင် :D