April 18, 2009

ငါ့ ...................

စိတ်ကူးပုံရိပ် အတွေးရပ်ဝန်း
ကျင်လည်ခဲ့တာ ကြာခဲ့ပါပြီ။
ပျက်စီးပျောက်ကွယ် ရင်ခုံသံလည်း
ရပ်တံ့ခဲ့တာ ကြာခဲ့ပါပြီ။

ချစ်သူရယ် အနားမှာ မင်းမရှိတော့
အသက်ရှူသံတွေလည်း မကြားရတော့ဘူး
နွေးထွေးတဲ့ မင်းရဲ့ရင်ခွင်မှာလည်း
ခိုးနားခွင့် မရတာလည်း ကြာခဲ့ပါပြီ။

ငါမင်းကို လွမ်းလို့ သေတော့မယ်
ဒါကို မင်းမသိလို့လား ချစ်သူရယ်
ငါ့ စိတ်ထဲမှာ မင်းအကြောင်းပဲ
တွေးနေခဲ့တာပါ ချစ်သူရယ်။

ငါ မင်းကို သတိရလို့ ကဗျာတွေရေးနေမိတယ်။
ကဗျာတွေထဲမှာလည်း မင်းအကြောင်းတွေ
စိတ်ကူးတွေထဲမှာလည်း မင်းပုံရိပ်တွေ
သတိရမိတာလည်း မင်းပါပဲ ချစ်သူရယ်......................

2 comments:

Welcome said...

ချစ်တတ်သူနှစ်ဦး
အမြန်ဆုံတွေ့နိုင်စေဖို့
တောင်းဆုချွေခဲ့ပါတယ်

လေးစားလျက်

Anonymous said...

ကို Reenoe က ခံစားချက်ကို ပေါ်လွင်အောင်လည်း ပုံဖော်တတ်သားဗျ ... အလွမ်းဆိုတာ လူတိုင်းနဲ့ မကင်းနိုင်တာတော့ အမှန်ပဲ ... ဒါပေမယ့် တစ်နေ့နေ့တော့ ဆုံတွေ့ခွင့်ရှိနိုင်ဦးမှာပါဗျာ .. ဆုံလည်းဆုံတွေ့မှာပါ ...