April 23, 2009

ခွင့်လွှတ်နေမယ့်သူ

ချစ်သူ....
တခဏတာလေး တွေ့ရပေမယ့်
တစ်ဘ၀စာ မင်းကိုငါ.. ချစ်ခဲ့တယ်။
ချစ်သူ.....
မင်းနှုတ်ကပြောတဲ့စကား
အားလုံးကို အဟုတ်ထင်ပြီး ငါ... ယုံခဲ့တယ်။
ချစ်သူ....
မင်းရဲ့ကြင်နာမှုတွေကို
ကလေးတယောက်လိုငါ.. စွဲလန်းခဲ့တယ်။
ချစ်သူ.....
မင်းနှုတ်ကစကား
ကြင်နာမှုတွေအားလုံးဟာ
အမှန်တွေမှ ဟုတ်ရဲ့လားလို့ ငါ.. သံသယ၀င်ခဲ့တယ်။
ဒါပေမယ့် ချစ်သူ
အရာအားလုံးဟာ
လိမ်ညာမှုတွေဖြစ်ခဲ့ရင်တောင်
မင်းကိုချစ်တဲ့စိတ်တခုကြောင့်
နှလုံးသားမှာ
ဒဏ်ဖြစ်လဲ ငါ.... ကျေနပ်တယ်။

ကဗျာပိုင်ရှင် - White Angel

8 comments:

Welcome said...

ကဗျာလေး ဖတ်သွားတယ်

(ဆိုလိုရင်းပေါ့သွားမှာဆိုးလို့ မှတ်ချက် မရေးတော့ဘူး)
ပျော်ရွှင်ပါစေ

Anonymous said...

ခွင့်လွှတ်ပြီး ချစ်တတ်သူပါလားနော်။ အားကျလိုက်တာ..း))

ကြယ်ဖြူစင် said...

ကဗျာလေးကိုအရမ်းကြိုက်လို့..ဘလော့မှာတင်ချင်
ပါတယ်...ခွင့်တောင်းတာပါ...

လင်းနေ said...

ကျွန်တော်ကပဲ ကဗျာတွေကိုခလုတ်တိုက်တာလား
ကဗျာတွေကပဲ ကျွန်တော့်ရင်ခုန်သံကိုခလုတ်တိုက်တာလား အဟုတ်တကယ် ကောင်းနေတာရင်ထဲထိနေတာငြင်းဆန်လို့မရ
ဒီတော့ စကားလုံးများများနဲ့ကဗျာကို မမှီမကန်းမဝေဖန် တော့ပါဘူးဗျာ ကောင်းပါ၏ပေါ့။

ဝေမင်းအိမ် said...

ကောင်းတယ်ဗျာ။ ခံစားချက်တူသွားပြီ။

mgnge said...

ခွင့်လွှတ်နိုင်ပါစေ...။
တစ်ချိန်မှာတော့ အဲ့ဒီခွင့်လွှတ်မှုတွေ က နာကျည်းမှု တွေ မဖြစ်ပါစေနဲ့ လို့ .....

Anonymous said...

ဒဏ်ရာတွေနဲ့လား ...
ဒဏ်ရာတွေ နဲ့ ဆိုပေမယ့် ခွင့်လွှတ်တတ်တဲ့ နှလုံးသား တစ်စုံကိုတော့ လေးစားမိတယ်ဗျာ ...

Anonymous said...

ကိုဝဲကမ်းကြီး ပြောသလိုပဲ ပေါ့သွားမှာ စိုးလို့
ဘာမှကိုမပြောတော့ဘူး။ ကောင်းတယ်လို့ပဲ
တိုတိုတုတ်တုတ်ပြောသွားမယ်။