April 13, 2009

နေဒေးသစ် သို့ အမှတ်တရ

လောကမှာ လူရယ်လို့ဖြစ်လာရင် တစ်ခါတစ်လေ စိတ်ချမ်းသာမှုရှိမယ်၊ တစ်ခါတစ်လေ ၀မ်းနည်းရမယ်။
တစ်ခါတစ်လေ ပေါင်းမြှောက်များစွာ နဲ့တွေ့ရလိမ့်မယ်။

ဒီနေ့ ၀မ်းသာရပင်မဲ့၊ မနက်ဖြန်မှာ ၀မ်းနည်းနေရတက်တယ်။လိုတာမရ ရတာမလို ဆိုတဲ့အတိုင်းပေါ့။
လောကကြီးမှာ ဘယ်အရာမှ ပြည့်စုံတယ် ဆိုတာမရှိပါဘူးဗျာ။

နေဒေးသစ်ရဲ့ ပို့စ် နှစ်ခုလုံးကိုဖတ်လိုက်ရတယ်။ ပထမ ပို့စ်အတွက် Comment ရေးနိုင်ပင်မဲ့၊ ဒုတိယ ပို့စ် အတွက်
မရေးနိုင်ခင်မှာပဲ Edit လုပ်လိုက်တာကို တွေ့ရတယ်။

နေဒေးသစ်ရဲ့ဒုတိယ ပို့စ်ကို ဖတ်ရပြီး " နေဒေးသစ် သို့ အမှတ်တရ " ဆိုတဲ့ ဒီပို့စ်လေးကို ရေးဖြစ်သွားတာပါ။

အမိမဲ့သား ၊ အကွတ်မရှိတဲ့ တောင်း ၊ ကာရံမဲ့တဲ့ ကဗျာ လို့ပဲ ဘလော့ဂ် တစ်ခုမှာလည်း C Box မရှိရင်တစ်ခုခု လိုအပ်နေသလိုခံစားရပါတယ်။

ကျွန်တော်တို့တွေ ခင်မင်လာခဲ့ကြတာ ဒီ C Box လေးကြောင့်ပါ။ တစ်ဦးနဲ့ တစ်ဦး မသိပဲ ပြောဆို နှုတ်ဆက်ကြရင်းနဲ့ Online မောင်နှမတွေအဖြစ်နဲ့ ရင်းနှီးခဲ့ကြတာပါ။

C Box ကြောင့် စိတ်ညစ်ခဲ့ရတာကို ကျွန်တော်လက်ခံပါတယ်။ ဒါပင်မဲ့ တစ်ခုလောက်တော့ စဉ်းစားကြည့်ပါ။

နေဒေးသစ်မှာ သူငယ်ချင်းတွေအများကြီးရှိတယ်။ လမ်းမှာတွေ့ရင် မခေါ်ပဲနေလို့ရလား။

အဲလိုပဲ နေဒေးသစ်ရဲ့ ဘလော့ဂ် ကို သူငယ်ချင်းတွေ လာလည်တဲ့အခါ နေဒေးသစ်ကို သာကြောင်း၊ မာကြောင်း မမေးရပဲ ဒီအတိုင်းပြန်ထွက်သွား စေချင်တာလား။

C Box ဆိုတာက ကျွန်တော်တို့လို့ တစ်ယောက်နဲ့တစ်ယောက် မသိကြတဲ့လူတွေအတွက်တော့ ပေါင်းကူး တံတားလေးပါ။

အောင်မြင်ချင်တဲ့လူဆိုတာ ဝေဖန်ပြစ်တင်ချင်ကို မကြောက်ရဘူးဗျ။
ကျေကျေနပ်နပ်ကြီးလက်ခံပြီး ဆက်လက်ရပ်တည်သွားရမှာပါ။

ဗုဒ္ဓရဲ့ တရားတော်အတိုင်းပဲ သူ့လမ်းသူသွားပါလိမ့်မယ်။ ကိုယ့်ကောင်းရင်လည်းကောင်းတဲ့ အကျိုးခံစားရမှာပါ။

ဘာပဲဖြစ်ဖြစ်ပေါ့ဗျာ စိတ်မကောင်းစရာလေးတွေကို ဖယ်ပြီး၊ သူငယ်ချင်းတွေနဲ့ ပျော်ပျော်ရွှင်ရွှင် အရင်အတိုင်း လေးပဲ ဖြစ်စေချင်ပါတယ်ဗျာ။

သူငယ်ချင်းများ ကိုယ်စား ကျွန်တော်ကပဲ တောင်းဆိုပါတယ်ဗျာ။ C Box ကို ပြန်လည်ထားစေချင်ပါတယ်။

ကျွန်တော်တို့ရဲ့ ဆန္ဒ၊ ကျွန်တော်တို့ရဲ့ ခင်မင်မှု ကို အသိအမှတ်ပြုတယ်ဆိုရင်....................................

1 comment:

Anonymous said...

ဟုတ်ပါတယ် ကို Reenoe ... C-Box မရှိတာ တော်တော်လေး တော့ ဧည့်ဝတ်မကျေသလို ပါပဲ ... ဒါပေမယ့် ဗျာ .... C-Box မရှိလို့ ခင်မင်မှုတွေ လျော့ပါးသွားမှာမှ မဟုတ်တာ .... ကျွန်တော်က စာသိပ်မရေးဖြစ်ဘူးဗျ .... သူများဆီ လိုက်ဖတ်နေတာ များတာ ..... တော်ကြာ စာမရေးတာ ကြာလို့ ဘလော့က ဖုန်တက်နေပြီလို့ လာအော်မှာလည်း ကြောက်သေးတယ် ဟဲဟဲ :D ... ကျွန်တော်က စိတ်ကူးတော်တော်ကြီး ပေါက် နေတာတောင် ဘာရေးလို့ ရေးရမှန်း ကောင်းကောင်း သိတာ မဟုတ်ဘူး ... အကောင်းဘက်က လှည့်တွေးလိုက်ပါ ကို Reenoe ရယ် ... ဘာဖြစ်လဲ ... C-Box မရှိတော့ အော်ရတာတောင် သက်သာသေးပေါ့ နော့် .. ဟီးဟီး ... သင်္ကြန်လည်း ကျပြီဗျို့ .... ဒီနေ့ ဘယ်သူမှ ရေမလောင်းရသေးတော့ ကို Reenoe ကိုပဲ လောင်းလိုက်ပြီဗျာ .. လာလေ့ ဗွမ်း ... ဟဟ ... ကျုပ်တော့ ကျောင်းတက်နေရတယ်ဗျို့ ... သင်္ကြန်တဲ့ ဘာမှန်း ကို မသိတော့ပါဘူး .. ဆိုးပ ဆိုးပ ..