April 30, 2009

သားချစ်တဲ့ " အမေ "

အမေကိုချစ်တဲ့ သားတစ်ယောက်
အဝေးကို ရောက်လို့နေခဲ့ပြီ
တမ်းတရင်း ရင်မှာ လွမ်းဆွတ်
သတိရနေတယ် ..... အမေ

အမေ့ရဲ့ မေတ္တာ စာဖွဲ့လို့မရ
ရင်မှာခံစား မျက်ရည်လည်းကျ
သတိယ မိတာ အမေ တစ်ယောက်ထဲပါ

အမေဟာ ကျွန်တော်အတွက်တော့
မြင့်မိုရ်တောင် ထက်မက
သမုဒ္ဒရာ ထက်ကျယ်ဝန်းတဲ့
အနန္တမေတ္တာ ပိုင်ရှင်ပါပဲ ........အမေ

မှတ်ချက်။ ။ သားသမီးအားလုံးအတွက် ရည်ရွယ်ပါသည်။

5 comments:

ဖြိုးဇာနည် said...

အမေ့ကိုအရမ်းချစ်ရတဲ့သားတစယောက်အတွက်
အမေနဲ့သက်ဆိုင်တာမှန်သမျှကိုအရမ်းကြိုက်မိပါတယ့်

Anonymous said...

ကို Reenoe ... အမေ့ကို အရမ်း သတိရနေတယ် ထင်ပါ့ ... အမေချစ်တတ်တဲ့ သားတစ်ယောက် အမေ့ရဲ့ အဝေးတစ်နေရာမှာ အစစအရာရာ အဆင်ပြေပြီး မိဘကို ပြုစု လုပ်ကျွေးနိုင်တဲ့ သားရတနာတစ်ယောက် ဖြစ်နိုင်ပါစေလို့ ဆုတောင်းပေးခဲ့ပါတယ်။

လင်းကြယ်ဖြူ said...

အင်မတန်မှကောင်းတဲ့ကဗျာလေးပါခင်ဗျာ။
ဆက်လက်အောင်မြင်ပါစေခင်ဗျ

မဆုမွန် said...

ဒီနေ့ အမေကို လွမ်းနေတဲ့ အချိန် ဒီကဗျာလေး ဖတ်လိုက်ရတော့ စိတ်ထဲ တော်တော်ခံစားလိုက်ရတယ်..
ဘလော့ခ် မိတ်ဆွေတွေ အကုန်လုံးကို ခင်ပါတယ် အကုန်လုံးကိုလည်း အပြင်မှာ မြင်ဖူးချင်ပါတယ်ရှင်..စင်ကာပူလာရင်တော့ ထွက်မပြေးကြေးပေါ့နော့ ဟဟဟ

mgnge said...

တူတူ ပဲ ဗျာ...။
အမြဲ သတိရ လွမ်း နေ တာ
အမေ ပါဗျာ