April 29, 2009

အဝေးက အမေ သို့..

လိုအပ်ချက်တွေများလွန်းလို့
စိုလက်နေတဲ့ အမေ့ မျက်ဝန်းကို
ကျောခိုင်းရစ်ခဲ့တယ်။

တားဆီးမရတဲ့ ဆန္ဒတွေနဲ့
အမေ့ရင်ထဲက သောကတွေကို
ဥပေက္ခာပြုခဲ့တယ်

အမေနဲ့ဝေးအောင် ဖန်တီးတဲ့ ကံကြမ္မာကိုပဲ အပြစ်တင်ရမလား
ဖြစ်ချင်တာတွေ သိပ်များတဲ့ ငါ့ လောဘကိုပဲဒေါပွရမလား။ ။

ပျော်ရွှင်နေကြတဲ့ မိသားစုတွေမြင်ရင်
အမေ့ရင်ခွင်ပြန်တမ်းတရင်း
အိမ်လွမ်းစိတ်ကို ဖြေသိမ့်ရတယ်
(အမေရယ် သူစိမ်းတွေရဲ့အလယ်မှာ)
အနေတတ်အောင် ကြိုးစားရင်းကိုက
ပြိုဆင်းလာတဲ့ မျက်ရည်တွေနဲ့အတူ
ဘ၀ပေး ၀ဋ်ကြွေးတွေဆပ်ရင်း
အဝေးက မေမေ့ ကို .. အတွေးနဲ့ပဲ လွမ်းရတယ်
(ကျန်းမာပါစေ မေမေ.. ဆုခြွေ)

ကဗျာပိုင်ရှင် - အဖြူရောင်နတ်သမီး

7 comments:

ဖြိုးဇာနည် said...

အမေ့ကိုအရမ်းချစ်တတ်လွန်းလို့အမေနဲ့ပက်
သက်တဲ့စာတွေဖတ်မိရင်အရမ်းခံစားရတယ်ဗျာ့

အိုက်ခီလောက် said...

အမ် အမေအကြောင်းပဲဟ ဒီမှာလည်း
ခုပဲအမေအကြောင်းဖတ်ပြီးပြန်လာတာ
ဒီနေ့ တော့အမေ့ကိုလွမ်းပြီးတိုင်းလွမ်းနေရမှာပါလားနော်
ဝမ်းသာပါတယ်ဗျာ အမေကဗျာလေးဖတ်ရလို့ လေ
ကျေးဇူးပါ ပဲ


ခင်မင်လျှက်
ပေတလူဆိုးပေ အကောင်းစားလေး
အိုက်ခီလောက်

Anonymous said...

အမေချစ်သားလေး ... အဝေးတစ်နေရာမှာ အစစအရာရာ အဆင်ပြေစေဖို့ ဆုတောင်းပေးခဲ့ပါတယ်။ ကဗျာလေးကိုလည်း သဘောကျပါတယ်။

Anonymous said...

ကဗျာလေး အရမ်းသဘောကျပါတယ်။ အလွန်လဲကောင်းမွန်ပါတယ်။ ရင်နဲ့ကိုခံစားသွားတယ်ဗျာ။ မသိရင် အရင်တုန်း
က ဖင်နဲ့ ပဲ ခံစားသလိုလို၊ ဘာလိုလို၊ ရေးလိုက်
ရင်ဘယ်တော့မှ အချိုးမပြေတဲ့ ကျနော့်ကို ခွင့်လွှတ်ပါဗျာ။
တိုတိုပဲ ပြောမယ် ကောင်းတယ်ဗျာ။ ကဗျာကို
ပြောတာပါနော်.. တမျိုးထင်မှာစိုးရသေးတယ်။

မိုးမြင့်အောင် said...

အမေချစ်သူတယောက်အနေနဲ့ရော လူသားတဦးရဲ့နှလုံးသားနဲ့ပါ ကဗျာလေးကိုခံစားဖြစ်တယ်

Welcome said...

လွမ်းစရာအမေမရှိတော့ပေမယ့် သူများတွေရဲ့ အမေကိုလွမ်းတဲ့ စာတွေ ကဗျာတွေ ဖတ်မိရင် အလိုလို ၀မ်းနည်းမိတယ်။

နွေးထွေးပျော်ရွှင်တဲ့ မိသားစုလေး အမြန်ဆုံစည်း နိုင်ပါစေနော်

သူကြီးမင်း (တုံးဖလား) said...

အမေ အမေ အမေ။
စာဖွဲ့လို့ရပေမဲ့ အလွမ်းတွေတော့ ဘယ်တော့မှ ပြေနိုင်မှာ မဟုတ်ကြပါဘူး။