April 24, 2009

သံစဉ်တခုရဲ့ ......

မျှော်လင့်ချက်တွေ ပေးခဲ့တဲ့
မင်းရဲ့မျက်ဝန်းကို
ငါ.. မမြင်ခဲ့ရင်ကောင်းမယ်

မင်းနှုတ်ခမ်းထက်က
ချိုမြိန်မှုသံစဉ်တုတွေကို
ငါ... မကြားခဲ့ရင်ကောင်းမယ်

ရင်ဘတ်မရှိတဲ့
မင်းရဲ့ကြင်နာမှုတွေကို
ငါ... မခံယူခဲ့မိရင်ကောင်းမယ်

ဒါပေမယ့် ချစ်သူရယ်
အရာအားလုံးဟာ
မင်းရဲ့လိမ်ညာမှုတွေဆိုတာ
သိသိကြီးနဲ့
ငါ.. ကျေနပ်စွာခံယူဆဲပါ။ ။

ကဗျာ ပိုင်ရှင် - White Angel

3 comments:

ဂျပန်ကောင်လေး said...

မှန်တာပေါ့ဗျာ.. ကျနော်လည်း ကျနော်ဟာ အင်မတန်မိုက်မဲသူလို့ ခဏခဏ စဉ်းစားမိတယ်.. ဟဲဟဲ.. ဒါပေမယ့်ချစ်တာကိုးဗျ...း)

Anonymous said...

ချစ်တတ်သွားတဲ့ ယောကျာင်္းတစ်ယောက်အတွက် ချစ်သူတစ်ယောက်ကို အပြစ်မြင်ဖို့ ခက်ခဲတတ်တာ သဘာဝပါပဲလေ ... ဘာကြောင့်လဲလို့တော့ မမေးကြပါနဲ့ .... အချစ်ဆိုတာကို ခွင့်လွှတ်ခြင်းလို့ တိတ်တဆိတ် လက်ခံလိုက်မိ ပြီးပြီကိုး ...

Anonymous said...

ကောင်းပြီလေ နောင် ယူပြီးလို့နှစ်ကြာသွားတော့မှ အိမ်က ဟာမကြီးလို့ပြောရဲပြောကြည့်...
အဟစ်ဟစ်ဟစ်ဟစ် ..မိန်းကလေးအစား ၀င်ပြောပေးသွားတာပါနော်... စိတ်မဆိုးကြေး