June 20, 2009

အမေရိကန် Idol ဒုတိယရ Adam Lambert မှဝန်ခံချက်


အမေရိကန် Idol ဒုတိယဆုရ အဒမ်လန်းဘာ့ သည် Rolling Stone မဂ္ဂဇင်းအတွက် မျက်နှာဖုံးကာဗာ ရိုက်ကူးစဉ်က သူ၏ လိင်ပိုင်းဆိုင်ရာ၊ ဆေးဝါးသုံးစွဲမှုနှင့် သူ၏ အမေရိကန် Idol အတွေ့အကြုံများအား ပြောကြားခဲ့ပါတယ်။ အသက်၂၇ နှစ်ရှိ အမေရိကန် San Deigo မှ လမ်းဘာ့ သည် ထိုအင်တာဗျူးတွင် သူသည် gay ဖြစ်ကြောင်းနှင့် ၄င်းအတွက် တစ်ဦးတစ်ယောက်မျှ အံ့အားသင့်စရာမဖြစ်သင့်ကြောင်းပြောဆိုပါတယ်။ "ကျွန်တော်၊ ကျွန်တော့်ရဲ့  လိင်ပိုင်းဆိုင်ရာ ကို ကျွန်တော်ဂုဏ်ယူပါတယ်၊ အဲဒါက ကျွန်တော့်ဘ၀ရဲ့  တစ်စိတ်တစ်ပိုင်းပါပဲ" လို့ လမ်းဘာ့က ပြောဆိုပါတယ်။

ယခင်လ အမေရိကန် Idol နောက်ဆုံး အဆင့်ပြိုင်ပွဲဝင်များ တည်းခိုနေထိုင်ရာ Bel-Air စံအိမ်တွင် လမ်းဘာ့သည် Idol ပထမဆုရ ခရစ် အယ်လ်လန် နှင့် တခန်းတည်း တည်းခိုခဲ့ကြောင်းသိရပါတယ်။ "သူတို့ကျွန်တော့်ကို အဲဒီ ကောင်လေးချောချောနဲ့ တစ်ခန်းတည်းထားပေးကြတယ်၊ ကျွန်တော်ကလည်း Idol ရှိုးတစ်ခုလုံးမှာ အဲဒီကောင်လေးပဲ ချောတယ်ထင်တာ၊ သူကပွင့်လင်းတယ်၊ ဖြောင့်မတ်တယ်၊ ဒါပေမဲ့ . . . သူ့မှာက မိန်းမရှိတယ်" လို့ လမ်းဘာ့ကပြောဆိုပါတယ်။ ထိုသို့ Rolling Stone မဂ္ဂဇင်းအားပြောဆိုပါတယ်။ မတ်လ တွင်လည်း လမ်းဘာ့နှင့် သူ၏ (သူမ၏ ?) ex-boyfriend တို့ နမ်းနေကြပုံများ အင်တာနက်ပေါ်တွင်ပျံ့ နှံ့ ခဲ့ပါတယ်။


"အမေရိကန် Idol ကို သွားပြိုင်မယ်ဆိုတုန်းက ကျွန်တော်ထင်တာက အဆင်ပြေမယ်ထင်တာပါ၊ လူတွေကလည်း အဲဒီအချက်ကို ပြောဆိုကြမယ်ဆိုတာသိပါတယ်။ ကျွန်တော် Los Angeles မှာ gay ဘ၀နဲ့ ရှစ်နှစ်နေလာခဲ့ပါတယ်။ ကလပ်တွေမှာလည်းကျွန်တော့်ခြေရာတွေပါပဲ။" လို့လဲ ပြောဆိုပါတယ်။ လမ်းဘာ့ကပြောဆိုရာမှာ သူ ယခုကဲ့သို့ လူထုကို gay ဖြစ်ကြောင်းတရားဝင်ပြောဆိုမှုဟာ သူ၏ သီချင်းသီဆိုမှုမှာ ထိခိုက်လာ မှာကို သူ စိုးရိမ်နေကြောင်း၊ ထို့အတွက်ကြောင့်လည်း ရှိုးများတွင် လည်း သူ၏ လိင်ပိုင်းဆိုင်ရာမေးခွန်းများကို မတုန့်ပြန်ခဲ့ကြောင်းပြောဆိုပါတယ်။ "ကျွန်တော်က အနုပညာသမားတစ်ယောက်ပါ၊ ကျွန်တော် က ကျွန်တော်ပါ၊ ကျွန်တော့်ရဲ့  ပြင်ပလူနေမှုပုံစံနဲ့ ကျွန်တော့် သီဆိုမှု အနုပညာ က သက်သက်စီပါ၊ ကျွန်တော့်လူနေမှုပုံစံကြောင့် အနုပညာဘက်မှာ ထိခိုက်မှုမရှိသင့်ဘူး" ဟု လမ်းဘာ့ကဆိုပါတယ်။ "gay တွေရဲ့ လုပ်ပိုင်ခွင့်တွေအတွက် ကျွန်တော့်ဓာတ်ပုံကို အသုံးချမှာကို ကျွန်တော်စိတ်မ၀င်စားပါဘူး၊ ကျွန်တော်က အဆိုတော်ပဲဖြစ်ချင်တာပါ၊ လူ့အခွင့်အရေး လှုပ်ရှားမှုခေါင်းဆောင်မဖြစ်ချင်ပါဘူး။" ဟု ပြောဆိုပါတယ်။

ကိုစိုင်းထွန်း
ဆိုဒ်လေးမှ ပြန်လည် ဖေါ်ပြထားခြင်းဖြစ်ပါတယ်

10 comments:

စနေသား said...

နံပါတ် ၁ နံပါတ် ၁
ပထမဆုံးမန့် ရမှဘဲ gay ကြီးနဲ့  လာတိုးနေပါရော...

တော်တော်စိတ်ဝင်စားသွားတယ်ဗျာ.. ဟဟး)

လေးစားလျက်

Unknown said...

နောက်ဆုံး ဇကာတင် ၄ ယောက်ထဲမှာ သူ့ကို အကြိုက်ဆုံး၊ ခရစ်ထက်တောင် အာဒမ် ဆိုတာ ပိုကြိုက်တာ... သူက ဂေး ကိုး..။

Unknown said...

အပေါ်က SDL ပါ။ :D

မသက်ဇင် said...

လာဖတ်သွားတယ်နော်
ခင်မင်လျက်

Sein Lyan Tun said...

သယ်ရင်း
ကိုယ် နက်ကျသွားတယ်
ခုတစ်လော နက်လဲမကောင်းဘူး....

ကိုလဲ adam ကိုကြိုက်တယ်..

သီချင်းဆိုတာကကောင်းပါတယ်..


သူ့ ဘာသူဘာဖြစ်ဖြစ်ပါ

း)
သယ်ရင်းနေကောင်းနေပြီးဆိုလို့ ဝမ်းသာပါတယ်ဗျာ

ချစ်တဲ့

ဖိုးစိန်

သူကြီးမင်း (တုံးဖလား) said...

အော် သူက ဂေးကြီးကိုး။
လန်ဒန်က အမျိုးသမီးတွေကတော့ သူ့ကို ငုံထားမတတ်ချစ်ကြသကိုးဗျ။
တော်သေးတယ်။

တော်ကြာမှ ဘုန်းကညာတစ်ပါး လုံးရာကပြား ဖြစ်တော့မလို့။

ကြိုတင်သိထားရတော့လဲ မိန်းခလေးတွေအတွက် ကောင်းတာပေါ့ဗျာ။

chitpalone said...

မိုက်တယ်။ ဗဟုသုတပေးထားတာ။ တခါမှ သူ့ကိုမသိဘူး အစက အခုတော့ ပါးလုံးသိပြီ အဟိ
ပျော်ရွှင်ပါစေ ကိုကြီးရေ။
ညီမလေး ပါးလုံး

Ree Noe Mann said...

ဟုတ်တယ်ဗျ ကျနော် လည်း အဲဒီတုန်း က ကြည့်တာ အာဒမ် ပဲရလိမ့်မယ်လို့ ထင်တာ။
ဂေး လာ ဘာလား အကြည့်ဘူးလေ။
အသံ ကိုပဲ နားထောင်တာဆိုတော့ အာဒမ် ပဲ ရလိမ့်မယ်လို့ တွက်ထားတာ။
ဘာဖြစ်လို့ လဲဆိုတော့ IDOL 8 ရဲ့ ကိုယ်ပိုင်သီချင်း
ဖြစ်မဲ့ သီချင်းမှာ တစ်ပုဒ်ထဲကို နှစ်ယောက်ဆိုရတာလေ။ အာဒမ် ဆိုတာ တောက်လျှောက်ကောင်းတယ် အသံ အနေအထား အဆွဲ အငင်း ကောင်းပြီ အပျက်အတောက်မ ရှိဘူး။
ခရစ် အဲဒီ သီချင်းကို ဆွဲတဲ့ နေရာမှာ ပျက်ပျက်သွားတာရှိတယ်လေ။
ဒါကြောင့် သူပဲ ရလိမ့်မယ်လို့ ထင်တာ။

ဒါပင်မဲ့ အာဒမ် ကံကောင်းပါတယ် ။
Queen အဖွဲရဲ့ ပင်တိုင် အဆိုတော် အဖြစ်
သူ့ကို ဖိတ်ခေါ်လိုက်တယ်လေ။

အဆိုးထဲက အကောင်းပေါ့။

ရီနိုမာန်

ဂျပန်ကောင်လေး said...

ဒီနှစ် အိုင်ဒေါကို တခါမှ မကြည့်ဖြစ်လိုက်ဘူး.. ဘယ်သူတွေမှန်းလည်းမသိလိုက်ဘူး..း)

မိုးစက်အိမ် said...

အော်ခက်ပ ခက်ပ လူတွေ ရတာမလို
လိုတာမရတွေပါလားနော် အဘိုးကြီး
လေသံနဲ. ပြောတာ ဟီးးးးးးးးးးးးးးးး