June 27, 2009

တမလွန်....နောင်တ (အပိုင်း - ၁)

လူတွေက အသက်ရှင် နေထိုင်ကြတုံးကတော့ တိုးတောင်းလှတဲ့ ဒီလူ့ဘဝလေးကို ဘာလို့များအမှားတွေနဲ့ ရှင်သန်နေထိုင် နေချင်ကြ ရတာလဲနော်။ ကိုယ့်ကိုကိုယ် ဒုက္ခရောက်အောင်လုပ်တဲ့လူ၊ မိဘကို စိတ်ဆင်းရဲအောင်လုပ်လူ၊ ပတ်ဝန်းကျင်ကို ဒုက္ခပေးတဲ့လူ လူတွေဟာ အမျိုးမျိုး အဖုံဖုံ ရှိနေကြတယ်။ ပြန်စဉ်းစားကြည့်ရင် ကျနော်ကကော ဘယ်လို လူမျိုးလဲ...... ။ ကိုယ်တိုင်လည်း ဒုက္ခရောက်အောင်လုပ်တယ်။ မိဘကိုလည်း ဒုက္ခ ပေးတက်တယ်။ ပတ်ဝန်းကျင်ကိုလည်း အမျိုးမျိုး ဒုက္ခပေးတက်တဲ့ လူ အဖြစ်ကျနော် ကိုယ် ကျနော် သက်မှတ်တယ်။

ဒီလို လူမျိုးကို ကမ္ဘာမြေကြီးက အလေးခံပြီး နှစ်သုံးဆယ်ကျော် ထမ်းထားပေးတာကိုပဲ ကျနော်က ကျေးဇူးပြန်တင်နေရပါတယ်။

ငယ်ငယ်လေးထဲက လူချစ်လူခင်ပေါတဲ့ ကျနော်ဟာ ကျနော် အဘိုးရဲ့ မြေးဦး အသည်းကျော်ပေါ့ဗျာ။ အဘိုး ဘယ်သွားသွား ကျနော် ပါတယ်။ အဲလောက်ကိုချစ်တာ။ ဪ မေ့နေတာ။ ကျနော်ကို ကျနော် မိတ်ဆက်ပေးရအုံးမယ်။ ကျနော်နာမည်က စိုးညွှန့်ဝင်းပါ။ တမလွန်နောင်တ ရဲ့ ဇာတ်ကောင် ဆိုရင်လည်း မမှားဘူးပေါ့။

မွေးကတည်းက အဘိုးနဲ့ အဖွားရဲ့ လက်ပေါ်မှာပဲ နေလာရတော့ အဘိုး နဲ့ အဖွား ကို အဖေ နဲ့ အမေ ခေါ်ပြီး အဖေနဲ့ အမေ့ကို ကျတော့ အကိုနဲ့ အမ လို့ပဲခေါ်တယ်။ (အညာက ဓလေ့ကို အားကျလို့ ထင်ပါရဲ့ဗျာ) နောက်ပိုင်း အဘိုးလည်းဆုံး အဖေလည်း တပ်ပြောင်းလိုက်တော့မှပဲ အဖေနဲ့ အမေ ကို အဖေ အမေ လို့ ပြန်ခေါ်တာဗျ။ ကဲ ဘယ်လောက်တောင်များလဲနော်။

ကျနော်က အင်္ဂါသား။ ခံမပြော နားမထောင်တဲ့ အမေက အမြဲပြောတယ်။ ပြောလိုက်ရင် ဟုတ်ကဲ့ ဟုတ်ကဲ့ နဲ့ ပြီးရင် လုပ်ချင်ရာ လုပ်တော့တာကိုဗျ။ ကျနော်ရဲ့ ပင်ကိုစိတ်ကလည်း အဲဒီ အတိုင်းပဲ။ တစ်ချို့ အင်္ဂါသား တွေလိမ္မာတာ တွေရှိကြပါတယ်။ ကျနော့ ကြမှပဲ။

ကျနော် သုံးနှစ်သားမှာ အဖေနဲ့ အမေက ကျနော် ကို အဖေါ် ရအောင်ညီမလေးမွေးပေးခဲ့တယ်။ ကောင်းကောင်းတောင် မချစ်လိုက်ရပါဘူးဗျာ။ ညီမလေးသုံးနှစ်အရွယ် မှာပဲဆုံးသွားတယ်။ သိပ်တော့ မကြာလိုက်ဘူး။ ညီးလေးတစ်ယောက် ထပ်ရတယ်။ ကျနော် ညီလေးကို ကျနော် သိပ်ချစ်တာဗျ။ ညီလေးက အနေအေးတယ်။ ကျနော်နဲ့တော့ ကွာပါ့ဗျာ။ ကျနော်က စကားများလို့လာမသိဘူး ကောင်းမလေးတွေက ကျနော်ကို သိပ်ကြိုက်တာဗျ။ ( ဟဲ ဟဲ ကိုယ့်ကို ကိုယ် ကြွားနေရတာလည်း ရှက်ပါတယ်ဗျာ)

ကျနော်တို့ ညီအကိုနှစ်ယောက် အပြင် အတူတူသွားရင် ဦးကံစိန်ရဲ့ သားတွေမှန်း မသိတဲ့ လူတွေက ကျနော်တို့ ညီအကို ကို ညီအကိုလို့ကို မထင်ကြဘူးဗျ။ ကျနော် ညီလေးက ဖြူဖြူဖွေးဖွေးလေ။ တရုတ် ပေါက်စလေးအတိုင်းပဲ။ ကျနော်ကတော့ ဟဲ ဟဲ အိန္ဒိယ မင်းသား ရှရွတ်စ်ခန် လို့ပြောကြတယ်ဗျ။ အသားအရောင် တူတာလောက်တော့ လက်ခံချင်ပါတယ်။ ရူပါကတော့ ကျနော်က ပိုသာမယ်ထင်တယ်ဗျ။ ကဲ ကဲ ကြွားနေရင် ကြွားလို့ ကုန်မှာမဟုတ်တော့ဘူး။

ဒီလိုဗျ ကျနော်က ကျောင်းနေရတာ အရမ်းပျင်းတာ။ အပေါင်းအသင်း ခုံမင်တယ်ဆိုပါတော့။ ဒါ ကျနော်ကိုယ် ကျနော် ဒုက္ခပေးခြင်းအစပေါ့။ အိမ်က အဖေနဲ့ အမေ့ ကိုကြောက်လို့ သာ ၇ တန်းအောင်လို့ ၈တန်းရောက်ခဲ့တယ်။ ကျနော်တို့ ၈ တန်းနှစ်က အစိုးရစစ်ဗျ။ စာကျက်နိုင်မှ ရတာကို။ ကျနော်ကလည်း စာကျက်ရမှာ အရမ်းပြင်းတဲ့ အကောင် ဆိုတော့ဒီ ၈တန်းမှာ စတွေ့တော့တာပေါ့ ။ ဆရာမက နောက်နေ့စာမေးမယ် ဆိုလိုကတော့ စိုးညွှန့်ဝင်းတို့ ကျောင်းပြေးတဲ့ရက်ပဲ။


အပိုင်း - ၂ အား ဆက်လက် စောင့်မျှော်ပေးပါရန်။

လေးစားစွာဖြင့်
ရီနိုမာန်

13 comments:

Anonymous said...

ရီငိုမာန်တယောက်နဲ့တော့ ကမ္ဘာမြေကြီး ထူးပြီး မလေးပင်တော့ပါဘူး...
သူက အသားမာတောင် တက်နေပြီ...

ဒါ့အပြင်ပြောရရင်တော့...
ကြွားလှချည်လားကွ...းဝ)

လက်ကျန်ရှိရင် ဆက်ရန်လေးလဲလုပ်ပါဦး...

ခင်တဲ့
ကိုလူထွေး

ဂျပန်ကောင်လေး said...

ကိုရှာရွတ်ခန်းရေ.. ဟီးဟီး... အလကား ကိုယ့်ညီလေးနဲ့ဖက်ပြီးတော့ပြိုင်နေတယ်.. ဟီး.. ဒါပေမယ့် အစ်ကိုက ဖြူပါတယ်.. ဖြူသမှ စွတ်စွတ်ကိုဖြူလို့..း)

နေဒေးသစ် said...

လုပ်ပါဦး .. ရှရွတ်ခန် တစ်ဖြစ်လဲ ကိုရီနိုမာန်ရေ ... .ဘာတွေဘယ်လိုများ နောက်တတွေ ရခဲ့မလဲ ....
ဘာတွေဘယ်လိုများ လှည့်ကွက်တွေ ဆင်ဦးမလဲ ...
ဘာတွေ ဘယ်လိုများ ပညာတွေ ပေးဦးမလဲ ... နောက်တစ်ပိုင်းကို မျှော်ရင်းနဲ့ နှစ်နှစ်ခြိုက်ခြိုက် ဖတ်ခဲ့ပြီဗျို့ ....
နေဒေးသစ်။

သီဟသစ် said...

အလေးခံပေးတဲ့ ကမ္ဘာမြေကြီးကို တကယ်ကျေးဇူးတင်တယ်ပေါ့လေ
ဒါဆို ၀ိတ်ကျအောင်လုပ်ပါ :)

အပိုင်း ၂ မျှော်နေမယ်

ခင်မင်စွာဖြင့်
သီဟသစ်

kaungkinpyar said...

စောင့်ရပြန်ပေါ့ ရှာရွတ်ခန် ရယ်၊ ညန်ညန် ရေးပါ

မေလေး said...

ကိုကြီးတို့ကတော့ တော်ချက် ။
“ကျနော် ညီလေးက ဖြူဖြူဖွေးဖွေးလေ။ တရုတ် ပေါက်စလေးအတိုင်းပဲ။ ကျနော်ကတော့ ဟဲ ဟဲ အိန္ဒိယ မင်းသား ရှရွတ်စ်ခန် လို့ပြောကြတယ်ဗျ။”
အဲဒါလူမသိအောင်ကြွားလိုက်တာ ဟုတ်။ မေလေးတော့ သိသွားတယ်။ဟိ။မြန်မြန်ဆက်ပါဗျိုးးးးးး

မေလေး said...

ကိုကြီးတို့ကတော့ တော်ချက် ။
“ကျနော် ညီလေးက ဖြူဖြူဖွေးဖွေးလေ။ တရုတ် ပေါက်စလေးအတိုင်းပဲ။ ကျနော်ကတော့ ဟဲ ဟဲ အိန္ဒိယ မင်းသား ရှရွတ်စ်ခန် လို့ပြောကြတယ်ဗျ။”
အဲဒါလူမသိအောင်ကြွားလိုက်တာ ဟုတ်။ မေလေးတော့ သိသွားတယ်။ဟိ။မြန်မြန်ဆက်ပါဗျိုးးးးးး

flowerworld said...

ရှာရွတ်စ်ခန်း ကြားရင်တော့ထိုင်ငိုမှာမြင်ယောင်းသေး ရှရွတ်စ်ခန်းကို မီးလေးကသိပ်ကြိုက်တာ ခုတော့ ဟင်းးးးးးးးးးးးးးးးးးးးးးးးးးးးးးး

ခြေလှမ်းသစ် said...

အခန်း ၂ ကို စောင့်နေပါတယ်ဗျာ အခန်း ၁ လဲ ဖတ်လို့ကောက်းကြောင်းပါ

မိုးခါး said...

အကိုရေ လာဖတ်သွားတယ်နော် .. အပိုင်း ၂ ကိုလည်း စောင့်မျှော်နေပါတယ် ..း))

မငုံ said...

အဟဲ.ရှာရွတ်ခန်ကြီး လာအားပေးတယ်။ ဆက်ရေး.ဆက်ရေး.

ဖိုးစိန် said...

ဖြူဖြူဖွေးဖွေး မော်စီတုံးက

သယ်ရင်းရီနိုမာန်ဆိုတာ

သူတို့သေချာမဖတ်ဖူးထင်တယ်


ရှာရွတ်ခန်းပဲခေါ်ခေါ်သွားကြတယ်...


သယ်ရင်းက ဖြူဖွေးမော်စီတုံး...း)

သယ်ရင်းကိုချစ်တဲ့

ဖိုးစိန်

မြူးလေး said...

ကိုကြီးးးးးးးးးးးးးး

Sharrukkhan နဲ့တူတယ်ဆိုတော့
ဓါတ်ပုံလေးခပ်ကြီးကြီးတင်ထားလေ
မြင်ဖူးချင်တယ် ဟတ်ဟားးးးးးးးးးးးးးး
မြူးက သူ့ကို အရမ်းကြိုက်တာနော်
အိမ်မှာဆိုသူ့ကားတွေပဲကြည့်တယ်