June 7, 2009

ငှက်ကလေးများ သီချင်းဆိုပြိုင်ပွဲ

ကြံကြံဖန်ဖန် ငှက် တွေကို သီချင်းဆိုပြိုင်ခိုင်းရတယ်လို့ဗျာ။ ဒီနေ့ မနက် အလုပ်ကိစ္စနဲ့ အပြင်ထွက်တုံး woodland နားမှာပါ။ ကျနော်လည်း ဘာများလုပ်တာလဲ ဆိုပြီးသွာကြည့် လိုက်ပါတယ်။ အချိန်က သိပ်မရတာနဲ့ အမြန်အဆန် ဓါတ်ပုံလေး ပဲ ရိုက်လိုက်ပါတယ်။ အမှတ်ပေးတဲ့ လူတွေလည်း ရှိတယ်ဗျ။ ကြံကြံဖန်ဖန်နော်............










8 comments:

Anonymous said...

ကျွန်တော် ကြားဖူးတဲ့ မြိတ်ဘက်က ဇီဝဇိုး စံအိမ်ဆိုတာ လိုမျိုးပဲနော် ... ဌက်တွေကို ချိတ်ထားကြတာ .... သူတို့ ဘယ်လိုများ သီချင်းဆိုခိုင်းမှာလဲ .. တစ်ကောင်ချင်းစီလား အုပ်စုလိုက်လား .. တစ်ကောင်ချင်းစီတော့ မဟုတ်လောက်ဘူး ထင်တယ် .. တစ်ကောင်ဆိုနေတဲ့ အချိန် ကျန်တဲ့ကောင်တွေက ကျွတ်စီကျွတ်စီနဲ့နေမှာ ... နားထောင်လို့တောင် ရပါ့မလား မသိ .. အုပ်စုလိုက်ဆိုတာ ဆိုရင်တော့ ဖြစ်ကောင်း ဖြစ်နိုင်တယ် .. ဒိုင်တွေကရော ဘယ်လိုများ အမှတ်ပေးကြမှာလဲ .. စိတ်ဝင်စားစရာပဲ ...
နေဒေးသစ်။

သားကြီး said...

ကြံကြံဖန်ဖန်ဗျာ စိတ်ဝင်စားစရာပဲ
ဓါတ်ပုံအတွက်ကျေးဇူးပါ

မေလေး said...

ကိုရီနို
ဓါတ်ပုံလေးများ လာကြည့်သွားပါတယ်....မျှဝေပေးတာကျေးဇူးပါ

ခင်တဲ့
မေလေး

တောင်ပေါ်သား said...

တော်တော် စိတ်ဝင်စားသွားတယ် ဘယ်လို အမှတ်ပေးပြီး ဘယ်လို ဆုပေးမလဲ ဘယ်လို ဆိုတာကို နားထောင်မလဲ ဆူညံနေမှာကြီးကို


လေးစားလျက်
တောင်ပေါ်သား

ဝသန်မိုး said...

ပိကျိ ပိကျိ ပိကျိ
ငှက်ကလေး တွေ သီချင်းဆိုတာ
လာနားထောင်သွားပါတယ်
ကိုရီနိုကြီးရေ့ 
ခင်တဲ့
ညီဝသန်

Anonymous said...

ထူးဆန်းလိုက်တာ ဒီလောက်ဆူညံနေတာ ဘယ်လို အမှတ်ပေးမှာလဲ သိဘူးနော်။

ခင်တဲ့
မကြီး

Ree Noe Mann said...

ကျနော်လည်း အမှတ် ဘယ်လိုပေးတယ် ဆိုတာကို သိချင်နေတာ။ အချိန်မရလို့
ဘာမှ မသိလိုက်ရဘူး။ စာရွက်လေးတွေကိုင်ပြီး
ကြည့်နေကျတဲ့ လူတွေက ဒိုင်းလူကြီးတွေပေါ့။

ရီနိုမာန်

ဂျပန်ကောင်လေး said...

အစ်ကိုရဲ့.. အသံလေးတွေပါ သွင်းလာရမှာ..း)..ကြည့်ချင်လိုက်တာ...