June 20, 2009

ပြန်လည် နိုးထ လှုပ်ရှားခြင်း

ဒီနေ့မှ လူလည်း လန်းလန်းဆန်းဆန်းရှိလာခဲ့တယ်။ နေမကောင်း ဖြစ်တာရှားတယ်။ ဒီတစ်ခေါက်ပဲ ကြာကြာဖျားဖူး တော့တယ်။ စိုးရိမ်လို့ သတင်းလာမေးကျတဲ့ မောင်နှမတွေ၊ phone messageနဲ့ လှမ်းမေးတဲ့ မောင်နှမတွေကော၊ မသိချင်ကော သိချင်ကောဆောင်သွားကြတဲ့ မောင်နှမတွေ အားလုံးကို ကျေးဇူးတင်ပါတယ်။

ဒီ နေမကောင်းတုန်းလေး လေးငါးရက်မှာ ဘလောက်လောကကြီး ဘာတွေဖြစ်လို့ ဘာတွေဖြစ်မှန်းကို မပြောပြတက်တော့ အောင်ပါပဲ။ အဓိက ကတော့ စိတ်ဓာတ်တွေကျနေကြတာပေါ့။ အကြောင်းအမျိုးမျိုးကြောင့် ပဲဆိုပါတော့လေ။ အဲဒီအထဲမှာ ကျနော်က ရှေ့ဆုံးကလို့ ပြောကြပါလိမ့်အုံးမယ်။ စိတ်ကျနေတဲ့ ညီအကိုမောင်နှမ သူငယ်ချင်းများ အားလုံးကို ကျနော်က ဒီနေရာကနေ “ ကျနော် ပြန်လည်နိုးထ လှုပ်ရှား ” လာပါပြီလို့ ကြွေးကြော်ရင်း ပို့စ်အသစ်လေးတွေ ဆက်လက်တင်နေပါတော့မယ်ဗျာ။

ဒါကြောင့် ကျနော့် မောင်နှမ ညီအစ်ကို သူငယ်ချင်း အားလုံးကို ကျနော်နဲ့ အတူတူ ပြန်လည် နိုးထတက်ကြွစွာနဲ့ ဘလော့ဂ်လောကကြီး ကို အသက်သွင်းကြပါဆို့လို့ ..............................ပြောကြားရင် လိုအပ်တာများကို မှာစားနေပါတယ်ဗျာ။

လေးစားလျှက်
ရီနိုမာန်

15 comments:

သားကြီး said...

welcome back bro....
here we go again..... :)

ကြယ်ဖြူစင် said...

မှာစားရင်ချန်ထားဦး..တရေးနီုးဗိုက်ဆာလို့
အိမ်လည်လာတာ...ပို့အသစ်လေးတွေ
မျှော်နေလျှက်ပါ..
ခင်တဲ့
ညီမလေး
ကြယ်ဖြူစင်

မေလေး said...

ကိုကြီးရေ
ကောင်းတယ်ဗျိုးးးးးနေကောင်းမှ ပို့စ်အသစ်လေးတွေတင်နော်
ခင်တဲ့
မေလေး

kaungkinpyar said...

ဝမ်းသာပါတယ် မောင်လေး

ကိုလူထွေး said...

နလံထဆိုတော့ တွေ့ကရာတွေ သိပ်မစားနဲ့ဦး..
ချဉ်ငံစပ်ဆိုလို့

သံပုရာသီး တခြင်း
ငံပြာရည်တဘုံးနဲ့
ငရုပ်သီးတအိပ် လာပို့ပါတယ်...

ကြိုက်သလောက် စားပေရော့.....................

ခင်တဲ့
ိကိုလူထွေး

Sein Lyan Tun said...

ချစ်သယ်ရင်းပြန်လည်လန်းဆန်းလာလို့ ကိုယ်ဝမ်းသာပါတယ်
ကိုယ်လဲ လန်းဆန်းအောင် လုပ်နေုတုန်းပဲ..
း)
တနေ့နေ့ပေါ့
သယ်ရင်းရဲ့ အားပေးစကားတွေကို ရင်ထဲသိမ်းထားပါမယ့်...
နက်မကောင်းဘူးသယ်ရင်း

ဒါကြောင့်စီဘုံးမှာ မအော်တော့ဘူး
သယ်ရင်းပျော်ရွှင်ပါစေ
ချစ်ခင်စွာဖြင့်
ဖိုးစိန်

chitpalone said...

အင်း ပြန်ကောင်းလာတာ ကျေးဇူးဗျို့။ ကိုကြီးစပြီး ဖြစ်တဲ့အချိန်ကစပြီး ကျန်တဲ့သူတွေပါ အားကျမခံလိုက်ဖြစ်ကြတာ။ အဟိ ပါးလုံးတောင်အစစ်ပါသေးတယ်။ အခုတော့ မထနိုင်သေးဘူး ဗိုက်အောင့်နေတယ်။ နေကောင်းသွားတာ ၀မ်းသာပါကြောင်း ပျော်ရွှင်ပါစေကိုကြီးရေ
ချစ်ခင်လေးစားလျှက်
ညီမလေးပါးလုံး

ဝသန်မိုး said...

နေပြန်ကောင်းလာပြီဆိုလို့ 
ဝမ်းသာပါတယ်ကိုရီနိုရေ
လိုအပ်တာများကိုမှာစားရင်လည်း
ကျွန်တော့်အတွက်ပိုမှာပေးဦး
ခင်တဲ့
ညီဝသန်

ဂျပန်ကောင်လေး said...

မသိပါဘူး.. ၀က်တုပ်ကွေးလားလို့... ဟိဟိ.... ဘလော့ခ်ကဘာဖြစ်နေလို့လဲအစ်ကိုရဲ့..း)..

တောင်ပေါ်သား said...

:) ကြိုဆိုပါတယ်ဗျို့ ဘလော့လောကကြီးမှာ ကွဲသူကွဲ၊ ပြဲသူပြဲ၊ ညားသူညား၊ အဟီးဟီးးးးး ဖျားသူဖျားပေါ့ သာယာပျော်ရွှင်ဖွယ်ကောင်းနေပါ့ ဒီလိုမှ ဘ၀ကြီး ပြည့်စုံတာပေါ့ ခုလိုပြန်လာတာပဲ ၀မ်းသာပါတယ်ဗျို့...း)


လေးစားလျက်
တောင်ပေါ်သား

မိုးစက်အိမ် said...

နေပြန်ကောင်လို. ၀မ်းသာပါတယ် အကိုရေ...
ကျန်းမာခြင်းသည် လာဘ်တစ်ပါး ပါခင်ဗျာ

Anonymous said...

ကိုရီနိုကြီးရေ
ခုလိုကြားရတာ ၀မ်းသာပါတယ်
နေကောင်းတယ်ဆိုလို့လည်းဝမ်းသာပါတယ်
ဘယ်တော့ပြန်ပေါ်လာမလဲ သတင်းပေးပါဗျို့

မိုးခါး

မသက်ဇင် said...

ရီနိုလေးရေ
စိတ်ဓါတ်မကျပါနဲ့ ဘဝဆိုတာအခက်အခဲတွေချည်းပါ
ပျော်အောင်အမြဲတမ်းရှာကြံပါ
ခင်မင်လျက်

Anonymous said...

ကိုကြီး နေကောင်းလာပြီဆိုလို့ ဝမ်းသာသွားတယ် ... ဘာစားချင်လဲပြော ... ဘာသောက်ချင်လဲ .. ဘီယာသောက်ချင်လား .. အအေးသောက်မလား .... ချဉ်ငံစပ်စားချင်တာဆိုတော့ ရခိုင်မုန့်တီသောက်မလား ...
နေဒေးသစ်။

mgnge said...

Good Job!
AzaAza Fighting !