June 28, 2009

တမလွန်....နောင်တ (ဇာတ်သိမ်း)

ကျောင်းဆိုပြီး အိမ်ကထွက်လာတယ်။ ပြီးရင် ကျောင်းမရောက်ဘူး။ လမ်းမှာတင်ပျောက်ပြီးမြို့ထဲ ရောက်သွားတယ်။ မြို့ထဲရောက်တော့လည်း တွေတဲ့လူတိုင်းက ဗိုလ်မှူး သားဆိုပြီး မုန့်ဖိုးတွေပေးဆိုတော့ ပျော်နေတာပေါ့။ ကျောင်းကို မတက်ချင်တော့ဘူး။ အဖေက အဲဒီတုန်းက တက်ရင်းမှာ ဒုတိယ အကြီးဆုံးဆိုတော့ ကျောင်းကဆရာ၊ ဆရာမတွေကလည်း လုံးဝ မတိုင်ကြပါဘူး။ ဒါပင်မဲ့ သိကြတဲ့အတိုင်း ကြမ်းပေါက်တစ်ရာကို ပိတ်လို့ ရပင်မဲ့ ပါးစပ်ပေါက်တစ်ပေါက်ကို ပိတ်လို့မရပါဘူး။ သိပ်မကြာလိုက်ဘူး။ အိမ်ကသိသွားပြီး အဖေနဲ့ အမေတို့ရဲ့ ဆုံးမ စကားကို ကျနော်ရဲ့ အကျင့် အတိုင်း ခံမပြော နားမထောင်ပဲ လုပ်ခဲ့တယ်။ ကြာလာတော့ အမေရဲ့ ဒုတ်တွေကော လက်တွေကော ပါလာပါတော့တယ်။ ဒီကကောင်ကလည်း အမေရိုက်တာ လောက်တော့ ပန်းနဲ့ ပေါက်တယ်လို့ပဲ ထင်တာပေါ့။

ကျနော် ငါးတန်းနှစ်လောက်ထဲက ဆေးလိပ်ကိုသောက်တက်ခဲ့ပြီ။ ခုတော့ အရက်ပါသောက်တက်လာတယ်။ အဖေရဲ့ အရက်ပုလင်း ကို ခိုးခိုးပြီးသောက်တက်လာတယ်။ (အဖေ မသိအောင်ပေါ့)


ကံကြမ္မာ ကိုပဲ အပြစ်မတင်ချင်တော့ပါဘူး။ ကိုယ်ကိုတိုင်က မကောင်းတော့ ဖြစ်သမျှအကြောင်း အကောင်းကြီးပဲ ပေါ့လေ။ ကျနော် ၈တန်းနှစ်မှာ ငှက်ဖျားဖြစ်ပြီး တစ်လကျော်လောက်ဖျားသွားတယ်။ ကျောင်းလည်းမတက်နိုင် တော့ဘူး။ ဒါနဲ့ ကျောင်းဆက်မတက်တော့ဘူးလို့ နေမကောင်းနေရင် ပူစာလိုက်တော့ ခွင့်ပြုမိန့်ရသွား တော့တာပေါ့။ အဲလိုနဲ့ ကျနော် ကျောင်းရှစ်တန်းနဲ့ ကျောင်းထွက်လိုက်တယ်။ အလုပ်လုပ်လာဆိုတော့လည်း လက်ကျောတင်တင် ဘာမှမလုပ်ဖြစ်ဘူး။

အဖေက တပ်မှာ ဒုတိယ အကြီးဆုံးဆိုတော့ ကျနော်မြို့ထဲသွားရင် ဟိုလူက မုန့်ဖိုးပေး၊ ဒီလူက မုန့်ဖိုးပေးနဲ့ ကျနော် သုံးစွဲတက်လာတယ်။ သုံးတက်လာတာတော့ သိပ်ကိစ္စမရှိသေးဘူး။ စွဲတက်လားတာဟာ ကျနော်ဘဝရဲ့ ဖြတ်မရတဲ့ အမဲစက်တစ်ခု ဖြစ်လာခဲ့တယ်။ လက်တွေ့စမ်းသပ်ချင်တဲ့ ကျနော်ရဲ့ စိတ်ကြောင့် ကျနော် ဆေးခြှောက်သုံးတက်လာပြီး နောက်ပိုင်း ဖြတ်မရတဲ့ အခြေအနေ ကိုရောက်သွားတော့တယ်။ ကျနော်အခြေအနေ ကို အဖေက မရိပ်မိပင်မဲ့ အမေကတော့သိတယ်။ အမေရဲ့ ဆုံးမမှုလဲ နားမဝင်ခဲ့ပါဘူး။

နောက်ပိုင်း အိမ်ကနေပိုက်ဆံခိုးပြီး ထွက်လာခဲ့တယ်။ ပိုက်ဆံကုန်တော့ဘာလုပ်ရမှန်း မသိတော့ အဖေ နဲ့ အမေ ဆီကို မျက်နှာငယ်လေးနဲ့ ပြန်ဝင်ပြီး လိမ္မာချင်ယောင်ဆောင် နေလိုက် ပြန်သောင်းကျန်းလိုက်နဲ့ပေါ့။
မိဘတွေပညာ သင်ပေးရဲ့သာနဲ့ ကျောင်းနေပျင်းတဲ့ ကျနော် အသိညာဏ်ပဲ နည်းလို့လား၊ ဦးနှောက်ကပဲ မစဉ်းစားတက်လို့လာ မပြောတက်တော့ဘူး။ ကျနော် ဆေးကြောင်နေတဲ့ အချိန် အမေ ဒေါသဖြစ်နေတဲ့ အချိန်နဲ့ ကြုံတော့ အမေစကားကို အဟုတ်ထင်ပြီ ကိုယ်ကိုကိုယ် ဓါးနဲ့ သွားထိုးလိုက်ပါလေရော။ နှစ်ချက် ဆင့်ထိုးလိုက်တာ။ ချက်ချင်း မလဲကျသေဘူးနော်။ ခြေလှမ်း အလှမ်း နှစ်ဆယ်လောက်မှ လဲကျသွားတာ။ အဲ့လောက်ထိ ကျနော် ဆိုးခဲ့တယ်။

အဲ့ဒီဆေးခြှောက်နဲ့ပဲ ကျနော် ထောင်ငါးနှစ်ကျဖူးလိုက်သေးတယ်။ အဖေ နာမည်၊ အမေရဲ့ မေတ္တာတွေကြောင့်ပဲ ကျနော ထောင်ထဲမှာ တစ်နှစ်ခွဲ လောက်ပဲ နေခဲ့ရတယ်။ ထောင်မှူး လွှတ်ပေးလိုက်လို့ ထောင်က ထွက်လာရတယ်။ ကျနော် ဘဝမှာ ဘာမှ မလုပ်ဖူးတာမရှိသလောက်ပဲဗျ။ နောက်ပိုင်း အဖေ နဲ့ အမေ စကားများကြရင်တောင် ကျနော် ကို ဘယ်သူမှ မယူချင်တော့ဘူးဗျ။ ညီလေး ကိုပဲ သူတို့သားလုပ်နေကျတော့တယ်။ အဖေ ကလည်း “ မင်း သားကြီး မင်းခေါ်သွား ငါ့ကို သားငယ်ပဲထားခဲ့”၊ အမေကလည်း “ရှင်လို့ အရက်သမားနဲ့ ကျမသားငယ်ကို မထားနိုင်ဘူး။ ရှင်နဲ့ အဖေါ်ရအောင် ရှင့် သားကြီး ရှင်ခေါ်ထား” အဲလို အဲလို ကျနော်က တော်တော် ဆိုးလို့ အမေ နဲ့ အဖေတောင် မလိုချင်ကြတော့ဘူးလေ။

ရွှေဓူဝံ တို့ ဝမ်းချိုင်းတို့ဆိုတာ ကြာဖူးကျမှာပေါ့။ သူတို့ လက်သီးကို အဖေကသနားတယ်ဗျ။ သူ့ တပည့်တွေကို ဆုံးမတိုင်း အဖေက လက်သီးနဲ့ အမြဲထိုးတယ်။ နှစ်ချက် မထိုးရဘူး မောက်ပြီးသာပဲ။ ကျနော် နဲ့ တွေ့မှပဲ အဖေ နည်းနည်း သိက္ခာကျသွားတယ်လေ။ ငါးချက်လောက် ဆင့်ထိုးမှ ကျနော်လဲကျတာကို။ အဖေက သားသမီးတွေအပေါ် ဘယ်တော့မှ လက်ဖျားနဲ့ ထိတာမဟုတ်ဘူး။ ကျနော်ကျမှ အဖေ့ရဲ့ စစ်သား ကရင်လက်သီး ကိုမိတော့တာပေါ့ဗျာ။ ကျနော်ရဲ့ မလိမ္မာမှုတွေပေါ့ဗျာ။

ဒီလိုနဲ့ ၁၉၉၉လောက်မှာ မိန်းမ ယူလိုက်တယ်။ အလုပ်ကိုမယ်မယ်ရရ မလုပ်တဲ့ ကျနော် မိဘအိမ် ပဲရောက်လာရပြန်တာပေါ့။ မိဘကို တစက်ကလေးမှ ပြန် မကြည့်ဘူး။ ကိုယ်ထင်ရာ ကိုယ်ဆိုင်း ဆိုသလိုပဲ လုပ်ချင်ရာကိုလုပ်နေခဲ့တယ်။ ၂၀၀၂ လောက်မှာ အဖေ ဆုံးသွားတော့ အမေ က သူ့ဘက်က အမျိုးတွေရှိတဲ့ ဘားအံမှာသွားနေတယ်။ ကျနော်ကတော့ ယောက္ခမနဲ့ နေခဲ့တယ်။ မုဆိုးမ ဖြစ်နေတဲ့ အမေကို ကူညီထောက်ပံ့ဖို့ မစဉ်းစားပဲ မိန်းမကလေးမွေးဖို့ အတွက် မွေးစရိတ်သွားတောင်းလာခဲ့တယ်။ အမေဆီက ပိုက်ဆံနဲ့ ပဲ ကျနော်မိန်းမ ကို ကလေးမွေးနိုင်ခဲ့တယ်။ ယောက်ကျားလေးဗျ။ ကျနော်အရမ်းချစ်တာ ကျနော်သားကို။ ဘယ်သွားသွား ကျနော် ပခုံးပေါ်မှာ အမြဲရှိတယ်။

ကျနော် တစ်ခု စဉ်းစားမိတာရှိတယ်။ ကျနော်တောင် ကျနော်သားလေးကို ဒီလောက်ချစ်တာ ကျနော် မိဘတွေဆို ကျနော်ကို ဘယ်လောက်များချစ်လိုက် ကြမလဲနော်။ ကျနော် နောက်ကျသွားခဲ့ရပြီ။ ကျနော် မိဘ စေတနာ မေတ္တာကို နားလည်လိုက်တဲ့ အချိန်မှာ ကျနော်ဟာ မိဘနဲ့ အဝေးမှာရှိတဲ့ နေရာတစ်နေရာရဲ့ ဆေးရုံးပေါ်မှာ ရောက်ရှိနေပြီလေ။ ကျနော်ရဲ့ နောက်ဆုံးထွက်သက်ကိုစောင့်ရင် ကွယ်လွန်သွားပြီ ဖြစ်တဲ့ အဖေ နဲ့ သက်ရှိထင်ရှား ရှိနေသေးတဲ့ အမေ ကို စိတ်ကရည်မှန်းပြီ ရှိခိုးကန်တော့ လိုက်ပါတယ်ဗျာ။ နောက်ဘဝမှာ လူ ပြန်ဖြစ်အုံးမယ်ဆိုရင် ဒီဘဝမှာ အဖေနဲ့ အမေ အပေါ်တင်နေတဲ့ အကြွေးတွေးကို သား ဆပ်နိုင်အောင် ကြိုးစားပါမယ်ဗျာ။

ဖြစ်လေရာ ဘဝတိုင်းမှာ မိဘကို ဒုက္ခပေးသောသား ၊ ကိုယ့်ကိုကိုယ် ဒုက္ခရောက်အောင်လုပ်သော လူ မဖြစ်ပါရပါစေနဲ့။ လူ့ဘဝများ ထပ်ရခဲ့သည်ရှိသော မိဘ အားကိုးရသောသား၊ မိဘ စိတ်ချမ်းသာအောင် ထားနိုင်သော သား ဖြစ်ရပါလို၏ အရှင်ဘုရား..............................

လေးစားလျှက်
ရီနိုမာန်

မှတ်ချက် ။ ။ တမလွန် နောင်တ ဇာတ်လမ်းလေးအား ကျနော် အကိုအား မှီငြမ်း၍ ရေးသားထာခြင်း ဖြစ်ပါတယ်။ ၂၀၀၂ ခုနှစ် ဇူလိုင် ၃ရက်နေ့တွင် အဖေ ဆုံးပြီး၊ ၂၀၀၇ ဇူလိုင် ၁၆ မှာ ကျနော် အကို ဆုံးသွားပါတယ်။ သူသည် ဆိုးသည် ဆိုသောငြားလည်း အမေကိုချစ်ရာတွင် ကျနော် အမေကို ချစ်တယ်ဆိုတာ သူချစ်သလောက်ကို မမှီတာပါ။ ကျနော် အကိုနှင့် ကျနော် နောက်ဆုံး တွေ့ဖူးလိုက်တဲ့ ခုနှစ်ကတော့ ၂၀၀၂ မှာ နောက်ဆုံးတွေ့ဆုံးခြင်းပါ။ နောက်ပိုင်း တစ်ခါမှ မတွေ့ကျတော့ပါဘူး။ ခုချိန်ထိပဲ ဆိုပါတော့။ အကိုနဲ့ ပတ်သက်ပြီးတွေးကြည့်လိုက်ရင်း ကျေနပ်စရာဘာမှကိုမရှိတာပါ။ ကျနော် ဘဝမှာ သူဆီက အတုယူစရာ ဘာမှ မရှိခဲ့ပါဘူး။ ဒါပင်မဲ့ ကျနော် ရယူလိုက်တဲ့ သူ့ဆီက အရာကတော့ ကျနော် သူ့လို မဖြစ်အောင်နေမယ် ဆိုတဲ့ စိတ်ပဲဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ကျနော်ချစ်ပါတယ်။ တစ်ဝမ်းထဲက အတူတူထွက်လာကျတဲ့ ညီအစ်ကို အရင်းပဲဗျာ.........

17 comments:

နေဒေးသစ် said...

၁ ဦးကြည့်ဦးမယ် :D
နေဒေးသစ်။

နေဒေးသစ် said...

ကိုရီနိုရေ ...
စိတ်မကောင်း ဖြစ်မိပါတယ် ...
ကိုရီနိုများလားလို့ စစချင်းထင်နေတာ ..
နောက်တော့မှ မိန်းမတွေရ ကလေးတွေရ ဆိုတော့ မဟုတ်လောက်ဘူးလို့ တွေးမိတော့တယ် ..
ခုတော့ မရှိတောင် မရှိတော့ဘူးဆိုတော့ ပိုသေချာသွားတာပေါ့ ..
မှတ်ချက်ကို ရောက်မှ အားလုံးကို ရှင်းခဲ့တာပါ ...
အကို မရှိတော့ပေမယ့် မိဘကျေးဇူးဆပ်နိုင်တဲ့
မိဘကိုပြုစု လုပ်ကျွေးနိုင်တဲ့ သားလိမ္မာတစ်ယောက် အဖြစ် ထာဝရ ရပ်တည်နိုင်ပါစေ ...
နေဒေးသစ်။

မြစ်ကျိုးအင်း said...

အေးဗျကျွန်တော်လည်း ကိုရီနို အကြောင်းရေးနေတယ် ထင်လို့ဗျ...။အောက်ဆုံးရောက်မှပဲ အဖြစ်မှန်သိရတော့
တယ်..ကျွန်တော်အကိုလည်းအရမ်းဆိုးတာဗျ...။
ကျွန်တော့်ကိုတော့ အရမ်းချစ်တာ သေချာတယ်...
ကိုရီနိုအကိုလည်း ဘ၀ကို စိတ်ကြိုက်ကို နေသွားတာပါပဲလား...သင်ခန်းစာတော့ယူသင့်တယ်..။
အမေနောက်တကြိမ်စိတ်ဆင်းရဲရတဲ့ သားမျိုးမဖြစ်အောင် လုပ်ရမယ်လေ..။

သီဟသစ် said...

ကိုရီနိုရေ

ဘာပဲဖြစ်ဖြစ် ရီနိုသူ့ဆီက သင်ခန်းစာ ယူနိုင်ခဲ့လို့ တော်သေးတာပေါ့

ခင်မင်စွာဖြင့်
သီဟသစ်

ကိုလူထွေး said...

ရေးထားတာကောင်းလို့ စိတ်ထဲမှာ ဘယ်လိုကြီး ဖြစ်သွားမှန်းမသိဘူး ရီငိုရာ...

မစတော့ နေဒေးတို့ မြစ်ကျိုးတို့လိုပဲ ရီငိုကြီး အကြောင်းထင်ပြီး အတော်ဆိုးတာပဲ ပြောမလို့...

နောက်ဆုံးထွက်သက် ဆိုတော့မှ စိတ်ထဲ တမျိုးဖြစ်သွားတယ်...

အောက်ဆုံးကစာဖတ်မိတော့ အရမ်းကို စိတ်မကောင်းဘူး...

ဘာပဲဖြစ်ဖြစ် ရီငိုကြီး လိမ္မာလာတာ ဒီအကိုရဲ့ ကျေးဇူးမကင်းဘူး...

ခင်တဲ့
ကိုလူထွေး

(ရီမလိုလို
ငိုမလိုလိုလုပ်မနေနဲ့
မာန်လျော့မာန်လျော့...

ကဲပြင်ပေးလိုက်ပြီ ကျေနပ်တော့...)

ဂျပန်ကောင်လေး said...

ဖတ်သာဖတ်နေရတာ အစ်ကို့အကြောင်းလာဆိုပြီးတော့ စိတ်ဝင်တစားနဲ့.. နောက်ဆုံးမှ အစ်ကို့ အစ်ကိုဆိုတာကို သိတော့ သက်ပြင်းဖူးကနဲ ချသွားတယ်ဗျ... ဒါဆို အခု အစ်ကိုတစ်ယောက်တည်းပဲပေါ့နော်.. စိတ်တော့ မကောင်းဘူး.. ဖတ်ရတာ..

ကိုလူထွေး said...

ဒါဆို အဲဒီဇူလိုင်ဆိုတဲ့ လကြီးကို ညီအတော် နာကျည်းနေမှာပေါ့...

မေလေး said...

ကိုကြီးရေ
အရေးအသားကောင်းလွန်းလို့ စိတ်ထဲဘယ်လိုဖြစ်သွားမိမှန်းတောင်မသိဘူး။
ကိုကြီးအကိုကောင်းရာဘုံဘဝရောက်ပါစေလို့ဆုတောင်းပေးတယ်နော်။ဘာဘဲဖြစ်ဖြစ် အမေကိုသိပ်ချစ်တယ်ဆိုတဲ့ကုသိုလ်လေးရသွားတာ သူအတွက်ကောင်းတာပေါ့ရှင်။

WWKM said...

ရီနိုအကြောင်းလေးများလားလို့ ဖတ်ရင်းတွေးနေခဲ့တာ.
စိတ်မကောင်းစရာလေးနော်....
မောင်ရီနိုလေးကတော့ လိမ္မာမှာပါ...
စိတ်ပျော်အောင်နေ...သူငယ်ချင်းတွေနဲ့တွေ့..
စိတ်ချမ်းသာမှ ကိုယ်ကျမ်းမာမှာလေ....

ကျန်းမာပျော်ရွှင်ပါစေ.

မကြီးဝါ

မီးမီးချစ် said...

စိတ်မကောင်း ဖြစ်သွားပါတယ်..

သားကြီး said...

တော်သေးတယ် Broကြီးမဟုတ်ဘူးကိုး..
ဇာတ်လမ်းဆုံးမှသိတယ် :)
ပိုက်ဆံမပို့နိုင်တောင် ဖုန်းတော့ဆက်စေချင်တယ်broရေ...
သားအသံကို အမေမျှော်နေပါလိမ့်မယ်။

မငုံ said...

စိတ်မကောင်းပါဘူး၊ အကိုဖြစ်သူရဲ့ သင်ခန်းစာကိုယူပြီး အမေ့ကို အတိုးချ ကျေးဇူးဆပ်ပေါ့နော်။

chitpalone said...

အင်း ပါးလုံးက အကိုများလားလို့ အကို့အကိုကိုး မှတ်ချက်သာ မရေးရင် အကိုအောက်မေ့နေမှာ တစ်ရော ဇာတ်သိမ်းပါ တခါတည်း ဖတ်သွားတယ်။ ဘာပဲဖြစ်ဖြစ် အကို့အမေကို အကို ပြန်ကြည့်လို့ရပါသေးတယ်နော်။ သမီးလည်း ဆက်မပြောတတ်တော့ဘူးဗျ။
ခင်မင်လေးစားလျှက်
ညီမလေး ပါးလုံး

မိုးခါး said...

အကိုရေ
ဖတ်သွားပါတယ်
စိတ်မကောင်းပါဘူး
ညီအကိုပဲ ချစ်ရမှာပေါ့နော်
ကောင်းကွက်တကွက်တော့ အနည်းလေးရှိမှာပါ ......

ဖိုးစိန် said...

သယ်ရင်း

အဂါင်္သားတွေက မာမလိုနဲ့ပျော့တယ်

ပျော့မလိုနဲ့မာတယ်ထင်တယ်...

ကိုယ်လဲ အင်္ဂါသားပဲလေ

း)
သယ်ရင်းသိပါတယ်

သယ်ရင်းခုချိန်မှာ သယ်ရင်းအမေကို အချစ်တွေအများကြီးပေးနိုင်ပါစေလို့

ဆုတောင်းပါတယ်

ကိုယ်ဆိုးတယ် ဒါပေမယ့် ကိုယ်မိသားစုကိုအသေချစ်တယ်

သယ်ရင်းသိပါတယ်

ချစ်တဲ့

ဖိုးချစ်

kokomaung.uk said...

ဖတ်ပါတယ်။ မှတ်ပါတယ်။ နောက်ဆုံး ခံစားသွားပါတယ်။

စိတ်မကောင်းမိပါဘူး။

အဆင်ပြေပါစေ။

မင်းအိမ်ဖြူ said...

ဘာဖြစ်လို့ သူဒီလိုဆိုးသွားတယ် ထင်လဲဗျာ

ညီအစ်ကိုရင်း ၊ ဆုံးမတာလဲဒီမိဘတွေပါပဲ

ဘာ့ကြောင့်ဒီလိုမေးရလဲဆိုတော့ အကြောင်းရှိလို့ပါ

ကျွန်တော့်မှာ အဲဒီလို ခံစားချက်လေး ၇ှိနေလို့ ပါ

ဖတ်ရတာ စိတ်မကောင်းဘူး