June 24, 2009

ဒီနေ့


မနက်အိပ်ရာက ထ
စိတ်ထဲမှာ ကြည်လင်လို့
ဘဝဆိုတဲ့ တိုက်ပွဲထဲမှာ
လိုက်ပွဲဆိုတဲ့ ဒီနေ့ကို
ရှိသမျှအားတွေ စုလို့
ရှေ့ဆက်ဖို့ အသင့်ဖြစ်နေပါပြီ။

ကျရှုံးနေတဲ့ လူတွေကို
အားပေး ကူညီ
ပြန်လည်နိုးထ ဖို့
မျှော်လင့်ရင်း
ငါ့ဘဝ ထဲက ဒီနေ့
ငါ စတင်ခဲ့ပြီ။

ဘယ်အချိန်မှာ
ဘာတွေဖြစ်ခဲ့ ဖြစ်ခဲ့
ဒီနေ့ ဒီအချိန်ကို
လူသစ် စိတ်သစ်
အားမာန်သစ်တွေနဲ့
ဒီနေ့က စလိုက်ကြရအောင်...............


လေးစားလျှက်
ရီနိုမာန်

မှတ်ချက်။ ။ ဘာအတွက်မှ မဟုတ်ပါ။ စာရေးချင်လို့ ကောက်ရွတ်လိုက်တာ ထွက်လာတဲ့ စကားများ ဖြစ်ပါတယ်။ ဖတ်ရတာ အဆင်မပြေတာများ ဖြစ်သွားရင် တောင်းပန်ပါတယ်ဗျာ။ ဓာတ်ပုံအား Google မှယူထားပါတယ်။

14 comments:

မမသီရိ said...

အင်အားသစ်တွေ ရှိနေပြီဆိုလို့
ဝမ်းသာရပါတယ် ငယ်ငယ် ရေ
..
ကဲ စာလုံးပေါင်း ပြင်မယ်..း)

မျောလင့်ရင်း.... မဟုတ်

မျှော်လင့်ရင်း.. ဖြစ်ရမှာ....

မေလေး said...

ကိုကြီးရေ
ဘာကြောင့်ဘဲရေးရေး အားရှိသွားတာတော့ အမှန်ဘဲ..ကျားယို...
မေလေး

ကောင်းကင်ပြာ said...

စလိုက်ကြရအောင်ပါ

ခြေလှမ်းသစ် said...

ဘယ်အချိန်မှာ
ဘာတွေဖြစ်ခဲ့ ဖြစ်ခဲ့
ဒီနေ့ ဒီအချိန်ကို
လူသစ် စိတ်သစ်
အားမာန်သစ်တွေနဲ့
ဒီနေ့က စလိုက်ကြရအောင်.......
ဒီစာပိုဒ်လေးဟာ သိပ်ပြီး ထိရောက်မှု ရှိစေပါတယ် မည်သည့် နယ်ပယ်မှာ ဖြစ်ဖြစ် အသုံးတည့်ပါတယ် အားဆေးတခွက်ဖြစ်စေကြောင်း ထောက်ခံလိုက်ပါတယ်

Anonymous said...

အိပ်ယာနိုးနိုးချင်းလာဖတ်တာ အားတောင် တော်တော်ရှိသွားတယ် .. တကယ် ..
ခုမျက်နှာသွားသစ်လိုက်ဦးမယ် ..ပြီးရင် မုန့်သွားစားမယ်
အားပိုရှိအောင်လေ :D
နေဒေးသစ်။

ဂျပန်ကောင်လေး said...

ကောင်းပ..း).. ဒီလိုမျိုး နေ့တိုင်းစနိုင်ရင်ကောင်းမယ်နော်..ခက်တာက ပျင်းရိပျင်းတွဲ ထလာတာကများနေတယ်.. ဟိ

သီဟသစ် said...

အားတော့တော်တော်ရှိသွားပြီ
အားမာန်သစ် စာသားသုံးတဲ့အတွက် Credits ပေးပါရန်.

:D စတာ
Good Luck

ခင်မင်စွာဖြင့်
ီသီဟသစ်

Anonymous said...

ကဲ အကိုရေ ဒီနေ့ဘဲ စလိုက်ကြရအောင်
အားလုံးအဆင်ပြေပျော်ရွှင်ပါစေဗျာ

မြစ်ကျိုးအင်း said...

အခုရောက်လာတာ ညဖြစ်နေလို့ မနက်ဖြန်မှ စလို့ရမလားဟင်....ခင်လို့နောက်တာနော်...
တတ်ကြွလန်းဆန်းတာ အကောင်းဆုံးပါပဲဗျာ..
ပါတ်ဝန်းကျင်ကိုလဲ သာယာစေတယ်လေ

တလနွန် said...

နေ့ သစ်တွေမှာ အားသစ်အင်သစ်တွေနှင့် ရှေ့ ဆက်ကြ
ရအောင် :)

ခင်မင်ခြင်းနှင့်
တလနွန်

Anonymous said...

လူသစ် စိတ်သစ် အားမာန်သစ်နဲ့ နေ့သစ်ကို စပါမယ်။ အိုကေ.. ။

Sein Lyan Tun said...

အားသစ်မာန်သစ်နဲ့ သယ်ရင်းကို မရိုးနိုင်သော အချစ်သစ်တွေ ခင်မင်မှုတွေပေးသွားပါတယ်

ချစ်တဲ့

ဖိုးချစ်

chitpalone said...

အင်း ညစ်နေတာနဲ့ အတော်ပဲ မနက်ေ၇ာက်တာနဲ့ အားသစ်လောင်းလိုက်တော့မယ်ဗျာ။ နောက်ဆုံးအပိုဒ်လေးကို တော်တော်သဘောကျတယ်ဗျာ။
ခင်မင်လေးစားလျှက်
ညီမလေးပါးလုံး

မိုးခါး said...

နေ့သစ်တွေကို ကြိုလိုက်တာပေါ့ ..း))