June 26, 2009

တိုင်တည်မှု

လောကကြီးရယ်

အရာရာဟာ ပြည့်စုံနေပါတယ်
သူ့နေရာနဲ့ သူလည်း လိုက်ဖက်နေပါတယ်
အလိုမကျ မလိုက်ဖက်မှုတွေထဲမှာ
ငါ့ရဲ့ စိတ်တစ်ခုထဲပါ
ငါဖြစ်ချင်နေတာနဲ့ ဖြစ်နေတာတွေဟာ
ငါ့ရဲ့ စိတ်ထဲကအတိုင်း
မဖြစ်သေးဘူး လောကကြီးရယ်
ဘယ်အချိန်ကျမှ ပြည့်စုံမှာလဲလို့
မတောင်းတ မတမ်းတချင်ဘူး
ငါကြိုးစားနေတယ်....တစ်နေ့
ငါဖြစ်ချင်တာတွေ ဖြစ်လာမယ်လို့
ငါ ယုံကြည်ချက် အပြည့်နဲ့
ကြိုးစားနေတယ် လောကကြီးရယ်။

လေးစားလျှက်
ရီနိုမာန်

ကဗျာ လေးထဲကအတိုင်း ၂၀၀၄၊ ၂၀၀၅ လောက်က တိုင်တည်ဖူးပါတယ်။ ၂၀၀၄ ၊ ၂၀၀၅ လောက်က ရေးထားတဲ့ ကဗျာလေး ပါ။ ပြန်လည် ခံစား တင်ပြလိုက်ပါတယ်။

9 comments:

မေလေး said...

မှန်တာပေါ့ ကိုကြီးရ။ လောကကြိးကကောင်းတယ်။မကောင်းတာလူတွေလေ။
ကိုကြီးဖြစ်ချင်တာရယ် ဖြစ်နေတာရယ် ဖြစ်သင့်တာရယ် တစ်ထပ်တည်းကျပါစေနော်။

ဂျပန်ကောင်လေး said...

ဖြစ်ချင်တာတွေကတော့ ဘယ်တော့မှ ပြည့်စုံအောင်ဖြစ်လာမှာ မဟုတ်ဘူး အစ်ကို.. ဒါပေမယ့် ကျနော်တို့ အစွမ်းကုန် ကြိုးစားရမှာပေါ့...

ကြယ်ဖြူစင် said...

အကိုဖြစ်ချင်တဲ့အတိုင်းတနေ့တော့ဖြစ်လာမှာပေါ့
အကိုရယ်...
ိခင်တဲ့
ညီမလေး
ကြယ်ဖြူစင်

Anonymous said...

တကယ်တော့ လောကကြီးဆိုတာ သူဘာသာ သူသဘာဝအတိုင်း ဖြစ်တည်နေတာပါ..အဲဒါကိုလူတွေ က အလိုမကျနေတာ ကျနော် တော့ အပြစ်မမြင်ဘူး ဖြစ်ချင်တာရှိရင်ကြိုးစားတယ် ကြိုးစားလို့ဖြစ်မလာတော့လည်း အတွေ့ကြုံလေး ရသွားတာပေါ့ဗျာ ...
ကိုရီနိုတစ်ယောက်လည်း ဖြစ်ချင်တာတွေအမြန်ဆုံးကြိုးစားအောင်မြင်ပြီးဖြစ်လာနိုင်ပါစေဗျာ

အားပေးခင်မင်လျက်
နေမင်းသံစဉ်...။

Anonymous said...

တစ်နေ့ တစ်ချိန်ချိန်မှာတော့ ကိုရီနို ဖြစ်ချင်တာတွေ ဖြစ်လာနိုင်ပါလိမ့်မယ် အကိုရေ .. ဆက်လက် ကြိုးစားသွားပါ ...
အောင်မြင် ပျော်ရွှင်ပါစေ ...
နေဒေးသစ်။

သီဟသစ် said...

ဖြစ်ချင်တာတွေ တစ်နေ့ ပြည့်စုံအောင် ဖြစ်ပါစေ ရီနိုရေ

ခင်မင်စွာဖြင့်
သီဟသစ်

ကိုလူထွေး said...

ဖြစ်ချင်တာတွေ ဖြစ်နေပြီလား...

ကြိုးစားကြိုးစား...

လောကကြီးက ကောင်းချီးပေးလိမ့်မယ်...

မိုးခါး said...

ဖြစ်ရမှာပေါ့ အကိုရ
း)

သူကြီးမင်း (တုံးဖလား) said...

်တစ်နေ့နေ့တော့ ဖြစ်လာမှာပေါ့ ညီရာ။ ဆက် ဆက်ကြိုးစားပါ။

အဆင်ပြေသွားမှာပါ။