June 21, 2009

အဖေ့ အတွက် တေးတစ်ပုဒ်

“ ခွမ်း ”
မထင်မှတ်ပဲ ကြားလိုက်ရတဲ့ အသံကြောင့် ကျနော် လုပ်လက်စ ကျောင်းစာအား ခဏရပ်ပြီး အခန်းအပြင် အထွက်မှာ အဖေ့ရဲ့ အသံကိုကြားလိုက်ရပါတယ်။
“ ဒီလောက်ပျော့နေတဲ့ ထမင်း ကို ငါဘယ်တုန်းက စားဖူလို့လဲ”
ဘေးနားတွင် မျက်နှာ မကောင်းဖြစ်နေတဲ့ အမေက “ ရှင် ကိုပြောသားပဲ ထမင်းမကျက်သေးဘူး ခဏ စောင့်ပါလို့ ရှင်မှ မစောင့်နိုင်တာ”

“ကိုယ်ယောက်ကျား ဘာကြိုက်တယ် ဆိုတာ အလိုက်ကိုမသိဘူး” ပွစိပွစိ ပြောနေတဲ့ အဖေ ကျနော်ကိုလည်း တွေ့ရော ဘာမှဆက်မပြောတော့ဘူး။

“ရှင်လုပ်တာနဲ့ သားငယ် စာကျက်ပျက်သွားပြီ” ....... အမေ ကအဖေ့ကို အပြစ်တင်သလို ပြောတယ်။

ဒီကိစ္စကျနော် မပါလို့ မရတော့ဘူး။ ပါမှကိုရမှာလေ။ ဘေးမှာ ပြန့်ကျယ်နေသော ပုဂံနဲ့ ထမင်းတွေကို ကျနော်လိုက်ကောက်သိမ်းလိုက်တယ်။ အဖေက ကျနော်ကို စာသွားလုပ်ခိုင်းတယ်။ ကျနော်ကလည်း သားဘယ်လိုလုပ် စာလုပ်လို့ရမှာလဲ လို့ အဖေကိုပြောတော့.... အဖေက အမေဘက်လှည့်ပြီး


“ဒေါ်ဟန် မင်းလုပ်တာနဲ့ ငါ့ သားငယ် စာလုပ်လို့ မရတော့ဘူး မင်းကြောင့်”
အမေကို အပစ်တင်နေပြန်တော့လည်း ကျနော်မှာ မနေနိုင်ပြန်ဘူး။
“ အဖေ ဘာမှ မပြောနဲ့တော့နော်။ သား အဖေနဲ့ အတူတူ ထမင်းစားမယ်။ ပြီးရင် အဖေနဲ့ သား တူတူအိပ်မယ်။ အမေ့ ကိုမခေါ်တော့ဘူးနော်”

အဖေမူးလာရင် ကျနော်က အဖေရဲ့ ငြိမ်ဆေးဆိုတာကို အမေက သိပြီးသာပါ။ အမေဘာမှ ဝင်မပြောပဲ သားအဖနှစ်ယောက် ထမင်းစားဖို့ ပြင်ဆင်ပေးနေပါတယ်။ ကျနော်လည်း ကျနော့ ရဲ့ တာဝန်ကို ပြီးအောင်ထမ်းဆောင်ပြီးမှ စာကျက်လို့ ရနိုင်မှလေ။ အဖေနဲ့ ထမင်းအတူတူစားပြီး အဖေ့ကိုတွဲ အိပ်ခန်းထဲရောက်တဲ့ အထိခေါ်သွားပြီ အမေကိုလည်း လှမ်းပြောရသေးတယ်။ အခန်းအပြင်က ဘာအသံမှ မထွက်အောင်လို့ မှာရသေးတယ်။

အဖေက နားအရမ်းပါးတာ။ ဘယ်လောက်မူးမူး ဘယ်အချိန်ဖြစ်ဖြစ် အသံ နည်းနည်းကြားတာနဲ့ နိုးတော့တာပဲ။ နောက်ပြီး အဖေက အိပ်နေရင်နဲ့လည်း ယောင်ယောင်အော်တက်တယ်။ အိမ်မှာ အိပ်လို့ အဖေယောင်အော်တာ တစ်ခွန်းပဲရှိတယ်။ “ ဒေါ်ဟန်” အမေကို အဖေကမူးလာရင် အဲလိုပဲခေါ်တယ်။ ခေါ်လို့ ထူးရင်ထူး မထူးလို့ကတော့ တောက်လျှောက်ကို ခေါ်နေတော့တာ။ ခေါ်လို့လည်း သွားတော့ မကြည့်နဲ့ အိပ်နေတုန်းပဲ။ ယောင်ယောင်ပြီးအော်တာလေ။ ရောင်တဲ့ အရပ်ကနေ ကြားတာနဲ့ လှမ်းသာထူးတော့ပဲ။

တစ်ခါကမှတ်မိသေးတယ်။ အဖေတပ်ခွဲမှာ သွားအိပ်တဲ့ ညက။ ကျနော်လည်း အဖေနဲ့ လိုက်အိပ်တာ။ အဖေက မူးပြီး အိပ်ပျော်သွားတယ်။ ကျနော်က စာလုပ်စရာရှိတာနဲ့ ထိုင်လုပ်နေတာ။ ည ၁၁ခွဲလောက်တော့ အဖေထယောင် ပါလေရော။ အဖေ ယောင်နေကြအတိုင်းပေါ့။ “ ဒေါ်ဟန် ” လို့လဲ အော်လိုက်ရော ကင်းစောင့်နေတဲ့ ရဲဘော်က သူ့ကိုခေါ်တယ်ထင်ပြီး “ရှိ ဗိုလ်ကြီး ” ဆိုပြီး အဖေအိပ်တဲ့နေရာ ကိုအပြေးလေး ရောက်လာတယ်။ ကျနော်မှာ ရယ်လိုက်ရတာဗျာ။ အဖေ အကြောင်းသိတဲ့ တစ်ချို့ ဆရာကြီးတွေကတော့ သဘောပေါက်နေပြီ။

ဒီလိုနဲ့ အဖေကိုသိပ်ဖို့ အခန်းထဲရောက်တော့ အဖေက သားငယ်သီချင်းဆိုတဲ့။ ကျနော် ကသီချင်း တော်တော်များများ ရတယ်။ ခုလိုဆိုခိုင်းတော့ ဘာဆိုလိုဆိုရမှန်း မသိတော့ဘူး။ ပါးစပ်ထဲ ထွက်တာဆိုလိုက်တာပေါ့................ ဒီလိုတဲ့

အရက်သောက်တာ.... မကြိုက်တဲ့ ....မေမေ
အပေါင်းအသင်း.... သိပ်များတဲ့ ...ဖေဖေ
သူ့တို့နှစ်ယောက်ကို... ချစ်တဲ့ ......ကျနော်
ခရစ်စမတ်မှာ... ပြသနာပေါ်......

ဒေါသသိပ်ရှေ့ထားတဲ့ ......ဖေဖေ
သည်းငြီးမခံတော့တဲ့ .........မေမေ
သူ့တို့နှစ်ယောက် ကို ....ချစ်တဲ့....ကျနော်
ခရစ်စမတ်မှာ... ပြသနာပေါ်......

မိဘမဲ့တွေ....ထားတဲ့ ဂေဟာ...
ဝမ်နည်းခြင်းတွေ စုဝေးရာနေရာ....
ကလေးကစာတဲ့...ကွင်းအလည်....ခေါင်မှာ
ကလေးလေးတစ်ယောက်ဟာ အသည်းတွေနား...........

ခရစ်စမတ် ကိုကြောက်တယ်
ခရစ်စမတ် ရောက်မှာဆိုးလို့
မေမေ ငိုငိုနေတာ ဘာကြောင့်လည်းးးးးးးးးးးးးးးးးးးးးးးးးးး

သီချင်းလေးရပ်ပြီး အဖေကိုကြည့်လိုက်တော့ အဖေ အိပ်ပျော်သွားပြီ။
ဒါနဲ့ ကျနော်လည်း အသာလေး ထထွက်လာခဲ့ပါတယ်။
လုပ်လက်စ ကျောင်းသင်ခန်းစာက ရှိနေသေးတာကို။

လေးစားလျှက်
ရီနိုမာန်


13 comments:

မေလေး said...

ကိုကြီးရ
ရေးလှချေလားးးး စိတ်လျော့ စိတ်လျော့လေ....
ကိုကြီးကအဖေသားပေါ့...ဒီလိုလား
မေလေး

ဝက်ဝံလေး said...

အံမယ် အဖေချစ်သားပေါ့လေ ဟုတ်လားးး အဟိ ဒီကလဲ အဖေချစ်သမီးပါနော် ခစ်ခစ်

ကိုလူထွေး said...

စိတ်မကောင်းပါဘူး ရီနိုရေ...
အဖေ့အတွက်လဲ စိတ်မကောင်းဘူး
အမေ့အတွက်လဲ စိတ်မကောင်းဘူး
ညီ့အတွက်လဲ စိတ်မကောင်းဘူး

ဘယ်နေရာရောက်ရောက် စာလုပ်မပျက်တဲ့ ရီနိုကြီး အောင်မြင်ပါစေ...

ကိုလူထွေး

ဂျပန်ကောင်လေး said...

အစ်ကို့စာကိုဖတ်ရင်းနဲ့ ကျနော့်ဘ၀ကိုပြန်မြင်ယောင်မိတယ်ဗျာ..

သူကြီးမင်း (တုံးဖလား) said...

အဖေများနေ့မှာ အဖေ့အတွက်တေးတစ်ပုဒ်က တန်ဖိုးရှိပါတယ်။

ကိုရီနိုအဖေကြားလောက်အောင် ပြန်ဆိုပြလိုက်ရင် သူဘယ်လောက် ၀မ်းသာလိုက်မလဲ။ ဟဲ ဟဲ စတာပါဗျာ။

ရွှင်လန်းပါစေ။

ခြေလှမ်းသစ် said...

ကိုရီနိုရေ... လွမ်းလိုက်တာဗျာ စီပိုစ့်လေးကို ဖတ်၇င်းနဲ့ ကျနော်နဲ့ အဖေနဲ့ နွှဲခဲ့တာလေးတွေကို အရမ်း သတိရ သွားတယ်ဗျာ... တကယ်ဗျာ.... နီးစပ်တဲ့ တိုက်ဆိုင်မှု လေးတွေပါ.... ခံစားသွားပါတယ်....

Sein Lyan Tun said...

သယ်ရင်းရေ...

ဒီစာကိုဖတ်ပြီး ကိုယ်ပြုံးမိတယ်

ကိုယ်လဲထမင်းပျော့ရင် မာရင်မစားဖူးလေ

ကိုယ့်အဖေက ညတိုင်းသောက်တယ်

သောက်တိုင်းကိုယ်တွေက အနားမှာနေရတယ်

ပျော်တယ် သူက အရက်သောက် ကိုယ်က အမြည်းစား

ဒီလိုအချိန်မှာ သယ်ရင်းက အဖေလုပ်သူကိုချော့ရတယ်ဆိုတော့ သားချစ်တဲ့အဖေ
အဖေချစ်တဲ့သားဆိုတာခံစားမိပါတယ်
တကယ်ဆို မိသားစုတူတူညီညီ စကားများလိုက်ချစ်လိုက်ဆိုတဲ့ အဲဒီအချိန်လေးကိုလွမ်းပါတယ်...

သယ်ရင်းအဖေက သယ်ရင်း အမေ့ကိုချစ်လို့
နာမည်တချိန်လုံးခေါ်တာပါ

နောက်ဆုံးအကြောင်းလေးက စိတ်ညစ်နေတဲ့ ကိုယ်
ပြုံးမိပါတယ်...

အဖေချစ်တာခြင်းတူတယ်သယ်ရင်းရေ


ကိုယ်နက်မကောင်းဘူးကွာ

သယ်ရင်းအိမ်မှာလာစောင့်နေတာ မသိလိုက်ဘူး

စိတ်မကောင်းဘူး

သယ်ရင်းကို သယ်ရင်းနဲ့ထပ်တူချစ်ပါတယ်

ကိုယ်စိတ်အဆင်မပြေသေးလို့သာ ကိုယ်ဝမ်းနည်းနေသေးတာပါ

အရင်လိုပြန်ဖြစ်လာမှာပါ

သယ်ရင်းလဲကျမ်းမာရေးဂရုစိုက်

ပျော်ရွင်အောင်နေပါ

ကိုယ်တို့ ရေစက်ရှိတယ်

တနေ့ ဘဝအကြောင်းတွေဖလှယ်နိုင်မှာပါ

ချစ်တဲ့

ဖိုးချစ်

chitpalone said...

တော်လိုက်တဲ့ ကိုကြီး သီချင်းအသံပါထည့်ပေးထားပါလားလို့ နားထောင်ရအောင်။ ပျော်ရွှင်ပါစေ
ညီမလေး ပါးလုံး

ရောင်ပြန် said...

သီချင်းနဲ့ အကိုက်ပါလား... ဖြစ်ရလေနော်..

Anonymous said...

ရိုးရိုးလေးပါပဲ ... ဒါပေမယ့် ရင်ထဲက ဆစ်ခနဲ ...
နေဒေးသစ်။

SLA said...

ကိုရီနိုရေ...ကိုရီနိုလို ခံစာမှုလေရချင်လိုက်တာ..

ညီမှာ အဖေနဲအတူနေရတာ....
၂/၃ နှစ်လောက်ဘဲရှိသေးတာ....
ညီအဖေက ညီကိုအားလုံးထက် ပိုချစ်တယ် ညီလဲချစ်တယ် ...
ဒါပေမဲ့ညီအဖေကလူးတမျိုးဗျ...
ညီနဲစကာပြောရင် ဘယ်တော့မှအဆင်မပြေဘူး...
အမေကလဲ အဖေနဲညီ အဆင်မပြေရင် အဖေဘက်ကဘဲ....
အဲ့ဒါကြောင် ကိုရီနိုရဲ စာကိုဖတ်ပြီး အရမ်အားကျမိတယ်....

mgnge said...

တစ်မျိုးပါလား ဗျ...

အဖေရှိနေတာကို ပဲ ..ကျေးဇူးတင်ရမှာပေါ့...။

မိုးခါး said...

း)
တမျိုးလေးခံစားရတယ် အကိုရေ
ပျော်ရွှင်ပါစေ