June 22, 2009

အချစ်ဦးရရ်


ဝေးနေလည်း.......တွေး
ဆွေးနေလည်း.....ဝေး
လွမ်းချင်းရက်ရှည်
ကြာတော့လည်း
မမေ့ရက်ဘူး...............အချစ်ဦးရယ်။

ရင်မှာတမ်းတ
အတိတ်ကာလ
ထင်ကျန်စွဲရစ်
ပုံရိပ်ဟောင်းလည်း
မမေ့ရက်ဘူး................အချစ်ဦးရယ်။

13 comments:

yehtutnaung said...

ခံစားသွား၏....။

Anonymous said...

ကဗျာလေးကို လာရောက်ခံစားသွားတယ်.. ဘယ်မေ့ မလဲ အချစ်ဦးကိုတော့ ဟုတ်ဘူးလာ ကျနော်လဲ မမေ့ သေးဘူးး(

ခင်မင်လျှက်
အဆိပ်ခွက်

ဝသန်မိုး said...

ကဲ အချစ်ဦးရေ
ဘယ်ရောက်နေလည်း
ကိုရီနိုကြီး
လွမ်းနေလို့ ပါ
မြန်မြန် ပြန်ဆက်သွယ်ပါတော့
း)
ခင်တဲ့
ညီဝသန်

Sein Lyan Tun said...

သယ်ရင်းက နေမကောင်းတော့ အချစ်ဦးကိုဖမ်းလွမ်းနေတယ်ပေါ့...

စတိုတစ်စနဲ့ မြဝတီမင်းကြီးဦးစလုပ်နေတယ်ပေါ့း)

ပျော်ရွင်ပါစေ

ချစ်တဲ့
ဖိုးချစ်

ဂျပန်ကောင်လေး said...

ကြားဖူးသလိုပဲ.. မမေ့ရက်ဘူး အချစ်ဦးရယ်.. သီချင်းမလား..း)

ကောင်းကင်ပြာ said...

အန် နာ့ကိုလွမ်းနေတာလားတဲ့ ၊ လွမ်းနေတာ သူဖြစ်နေပါရော၊ မမေ့ပါနဲ့ သတိရနေတာ ကောင်းပါတယ်

ကြယ်ဖြူစင် said...

ဘယ်မေ့မလဲ..အချစ်ဦးပါဆိုမှ..အသဲကွဲတယ်
ဆိုတဲ့အသံတွေမကြားချင်ပါဘူးဆို...ပျော်ရွှင်ပါ
စေအကို
ညီမ
ကြယ်ဖြူစင်

Anonymous said...

ချစ်နေလိုက်တာ ..
ချစ်တတ်လိုက်တာ ...
ခုတော့လည်း အလွမ်းအကြောင်းကို နားလည်နေပြီပေါ့ :D
နေဒေးသစ်။

chitpalone said...

လွမ်းပါဗျို့။ လွမ်းပါ။ အချစ်ဦးဆိုမှတော့ ဘယ်မေ့မလည်းဗျာ။ မမေ့နဲ့ ခံစားလို့ကောင်းပါတယ်။ အချစ်ဦးကိုလွမ်းရတာ ကောင်းပါတယ်။
ပျော်ရွှင်ပါစေ
ညီမလေး ပါးလုံး

ဝက်ဝံလေး said...

မမေ့ရက်ဘူး အချစ်ဦးရယ် တဲ့ အဲဒါလေး ဟတ်ထိတယ် ဂျာ ဂယ်ပြောတာ

မြစ်ကျိုးအင်း said...

မမေ့ရက်တဲ့အချစ်ဦးအကြောင်း တဂ်လိုက်ရင်
ကောင်းမလားစဉ်းစားမိတယ်...တူပဲတချိန်လုံးတဂ်နေလို့

ခမ်းကီး said...

ဒီလိုကဗျာမျိုးဆို ခိုးပြီးဖတ်ရတယ်..။
ဘေးမှာတစ်ယောက်သောသူရှိနေရင် ဗိုက်ခေါက်အလိန်ခံရတတ်လို့.. အဟီး..

မိုးခါး said...

သြော်
အသည်းနှလုံးမရှိဘူးဆိုတာ အချစ်ဦးဆီကျန်ခဲ့တာကိုးးးးးးးးးးးး :P