June 7, 2009

မြို့လေးတစ်မြို့ အကြောင်း (နေချင်သော)

ကလော အဝင်က ဆိုင်းဘုတ်လေးပါ
ရင်ထဲက ဆန္ဒလေးတစ်ခုပါ။ ငယ်ငယ်လေးကတည်းက အဖေပြောင်းရွှေ့ရာဒေသ တွေကိုလိုက်ပြောင်းနေရတာ နေရာစုံ ဒေသစုံကို ရောက်ဖူးပါတယ်။ နှစ်အကြာဆုံး နေထိုင်ခဲ့တာတော့ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့ လေးမှာပါ။ ပင်လောင်းမှာနေစဉ် အခါက အရမ်းကို အေးပြီး နေလို့အရမ်းကောင်ပါတယ်။ အအေးကြောက်သူတွေ ဆိုရင်တော့ အဆင်မပြေတဲ့ နေရာလေးပါ။

မြန်မာပြည်မှာ အရမ်းကိုအေးပြီး နေချင်စရာကောင်းတဲ့ မြို့တွေ အများကြီးရှိပါတယ်။ အဲ့ဒီအထဲမှာမှ ကျနော်ရောက်ဖူးတဲ့ မြို့တွေကတော့ ရှမ်းပြည်နယ်မှာ ဆိုရင် ပင်လောင်း၊ အောင်ဘန်း၊ တောင်ကြီး၊ ဟဲဟိုး၊ ကလော နှင့် ဖယ်ခုံ စသည့် မြို့တွေကိုရောက်ဖူးတယ်။ နောက် ပြင်ဦးလွင်၊ စစ်ကိုင်းတိုင်း အထက်ပိုင်းက ခန္တီး ကိုလည်း ရောက်ဖူးနေဖူးပါတယ်။


ဒါပင်မဲ့ ကျနော်နေချင်တဲ့ မြို့ကို သေသေချာချာ စဉ်းစားကြည့်လိုက်ရင် (မြန်မာပြည်မှာနော်)တစ်မြို့ပဲရှိတယ်။ အဲမြို့လေးက မြို့ထဲကို စဝင်ပြီး ဆိုတာနဲ့ မြို့ရဲ့ ပတ်ဝန်းကျင် လေက အစပြောင်းလဲသွားတာပါ။ ရှူသွင်းလိုက်ရတဲ့ လေကိုက လန်းဆန်း ပြီး လူကို တက်ကြွစေသလို ခံစားရပါတယ်။ မြို့အဝင် ဆိုင်းဘုတ်လေးကို မြင်လိုက်တာနဲ့ ရင်ထဲအေးချမ်းသွားတာ။ မြို့ထဲမရောက်ခင် တောင်ကုန်းလေးပေါ်မှာ လှန်မြင်နေရတဲ့ အိမ်ကြီးတစ်လုံးလည်း ရှိတယ်။ မြန်မာ ဗီဒီယိုကားတွေထဲ မှာခဏခဏတွေ့ရတက်တဲ့ အိမ်ကြီးပါ။

မြို့ထဲရောက်ပြီးဆိုတာနဲ့ ဟိုတယ်တွေ၊ မိုတယ်တွေ ဆိုတာလည်း ပေါးပါ့ဗျာ။ နိုင်ငံခြားသားတွေ နှစ်သက်တဲ့ မြို့လေး ဆိုရင်လည်း မမှားဘူးပေါ့ဗျာ။ နောက်တစ်ခု ထူးခြားတာက မြန်မာပြည်မှာ ဒုတိယ အကြီးဆုံး နှီးဘုရားပါ။ ဘုရားရဲ့ ကိုယ်လုံးတော် တစ်ခုလုံးကို နှီးတွေနဲ့ချီ လုပ်ထားတာ။ လူလေးယောက်လောက် ဝိုင်းမ လိုက်ရင်ကို ကြွတက်လာတာ။ ကိုယ်တိုင်တော့ မ မ့ဖူးပါဘူး။ ဆရာတော် လေးပါးမတာကိုတွေဖူးခြင်းပါ။ နောက်တစ်ခုကတော့ ရွှေဥမင်သဘာဝဂူ ဖြစ်ပါတယ်။ အပြင်က ရာသီဥတုကလည်းအေး အထဲဝင်လိုက်ရင်လည်း အေးစိမ့်နေတော့တာပေါ့။ အရမ်းကိုစိတ်ငြိမ်ပြီး အေးချမ်းတဲ့နေရာလေးပါ။

အိမ်လေးတွေကိုကြည့်လိုက်ပြန်ရင်လည်း အနောက်တိုင်းဆန်းဆန်းဆောက်ထားကြတာ။ ကျနော်သွားတည်တဲ့ အိမ်ဆိုရင် နှစ်ထပ်အိမ်လေးဗျ။ နှစ်ထပ်အိမ်အများစုက အောက်ထပ်ကနေမှ အပေါ်ထပ်ကိုတက်ရတာလေ။ ဒီအိမ်လေးကတော့ အိမ်ကိုစဝင်ရင်း အပေါ်ထက်ကနေ ဝင်ရတာ။ ပြီးမှ အောက်ထပ်ကိုဆင်းရတာ။ ဘာဖြစ်လို့လဲဆိုတော့ တောင်ဇောင်းလေးမှာ ဆောက်ထားလို့ပါ။ အိမ်တော်တော်များများ ဒီပုံစံတွေများပါတယ်။ ကျနော်လည်း ပိုက်ဆံရှိရင် အရင်းဆုံး ဆောက်ဖြစ်မဲ့ အိမ်လေးကတော့ အဲ့ဒီမြို့လေးမှာပါ။

ရာသီဥတုကလဲ ကျနော့ အကြိုက်ရာသီဥတုလေးပါ။ အရမ်းကြီး လည်းမအေးပဲ ပူလွန်တဲ့ ရာသီလည်း မရှိပါဘူး။ အရမ်းကိုနေလို့ကောင်းတဲ့မြို့လေးပါ။ ကျနော် ပင်လောင်းမှာနေစဉ်ကာလက ဒီဇင်ဘာ ခရစ်စမတ်ရာသီဆိုရင် ကျနော့ ဆရာမနဲ့ အတူ အမြဲလိုက်သွားဖြစ်ပါတယ်။ တစ်မြို့လုံးနီးပါ ခရစ်ယာန် လို့ထင်ရလောက်အောင်ကို ဘုရားကျောင်းတွေလဲ ပေါးပါတယ်။ ကိုးကွယ်ခြင်းမဟုတ်ပဲ နှစ်သက်တဲ့ ဘာသာမို့ ကျနော်နဲ့ ရင်းနှီးခဲ့ပါတယ်။ နောက်တစ်ခုကတော့ ဈေးပါပဲ။ နေ့တိုင်းဈေးလေ တွေတော့ ရှိပါရဲ့။ ဒါပင်မဲ့ ဈေးကြီးကြီးကတော့ ငါးရက်မှ တစ်ခါသာ ရှိတာပါ။ ကျနော်တို့ ခေါ်ကြတာတော့ ငါးရက်တစ်ဈေးပေါ့။ အဲဒီဈေးကျမှ ဈေးလည်းစီ ဆိုင်လည်း စုံပါတယ်။

ခုတော့ အဲ့မြို့လေးနဲ့ဝေးနေခဲ့တာ နှစ်တွေကြာခဲ့ပါပြီ။ နောက်ဆုံးရောက်ဖြစ်ခဲ့တာကတော့ ၂၀၀၃နှစ်လောက်ကပါ။ အဲတာနောက်ဆုံးပဲ။ နောက်ပိုင်းဘဝကို တစ်ယောက်ထဲ ဖြတ်သန်းနေရတဲ့ အချိန်မှာတော့ မရောက်ဖြစ်ခဲ့တာ ခုချိန်ထိပဲဆိုပါတော့ဗျာ။ ကျနော့ အတွက်အရမ်းကိုနှစ်သက် နေချင်တဲ့ မြို့လေးတစ်မြို့ရဲ့ နာမည်လေး ကတော့ ရှမ်းပြည်တောင်ပိုင်းမှာ ရှိတဲ့ “ ကလော ” မြို့လေးပဲဖြစ်ပါတယ်။

ဒီလိုနဲ့ ကျနော်မောင်နှမများဖြစ်ကျတဲ့ တောင်ပေါ်သား ၊ မိုးခါး ၊မေတ္တာရောင်ပြန် ၊ ဂျပန်ကောင်လေး ၊ ဖိုးစိန် ၊ မဝါ ၊ စနေသား ၊ မမသီရိ ၊ မိုးစက်အိမ် ၊ အိုက်ခီလောက် ၊ ဝသန်မိုး ၊ နေဒေးသစ် ၊ နေညိုရင် ၊ မြစ်ကျိုးအင်း နှင့် သီဟသစ် တို့ရဲ့ နေချင်ကြတဲ့ မြို့လေးအကြောင်းလဲ သိချင်ပါတယ်။ အဆင်ပြေရင် ရေးပေးကြပါအုံးနော်။

ချစ်ခင်လေးစားစွာဖြင့်
ရီနိုမာန်


မှတ်ချက် ။ ။ဓါတ်ပုံများအား Google မှ ယူထားခြင်းဖြစ်ပါတယ်။


ကလောမှာရှိတဲ့ အိမ်လေးနဲ့ ဟိုတယ် တစ်ချို့
တောင်ပေါ်ရှုခင်း
နှီးဘုရား


ကလောငါးရက်တစ်ဈေး
ခရစ်ယာန် ဘုရားရှိခိုးကျောင်း
ရွှေဥမင် လိုဏ်ဂူ

24 comments:

မမသီရိ said...

ကလော အမ လဲ ကြိုက်တယ်း)

Sein Lyan Tun said...

သယ်ရင်းနဲ့ ကိုယ်နဲ့
ကလောမှာ ဟိုတယ်တစ်လုံးဆောက်ရင်ကောင်းမယ်ထင်တယ်
သယ်ရင်းလဲ ကြိုက်တယ်
ကိုယ်လဲကြိုက်တယ်
သီချင်းလေးကိုသတိရမိသေးတယ်
မီးရထားလေးကိုကိုယ်စီးကာ...
ကလောမြို့လေးကိုအလည်ရောက်လာ။။။
နွေမှာသာယာလို့ နေတယ်...
အေးချမ်းလှပတယ်..... ဆိုတဲ့သီချင်းလေးအတိုင်းပေါ့...
သယ်ရင်းရေ...
ရေးပေးမယ်နော်
နည်းနည်းတော့စောင့်
အကြွေးနှစ်ပုစ်ကို မသိချင်ယောင်ဆောင်နေတာ
ခုသယ်ရင်တစ်ပုစ်နဲ့ဆို ၃ပုစ်ဖြစ်နေပီး
နောက်တစ်ပတ်လောက်နော်
ချစ်သယ်ရင်းနော်
သယ်ရင်နော်
ချစ်တဲ့သယ်ရင်း
ဖိုးချစ်

Anonymous said...

ဘယ်တက်ဂ်မဆို ဝမ်းမြောက်ဝမ်းသာလက်ခံပါသည် .. :D ဖြေးဆေးအေးချမ်းစွာဖြင့် ဆက်ဆက်ရေးပေးပါမည် ... :)

ဝသန်မိုး said...

ကဲ အားလုံး အတွက် နေလို့ ရအောင်
ဟိုတယ်ကြီးကြီးတစ်လုံးသာ
ဆောက်ထားပေတော့ ကို ရီနိုကြီးေ၇းးးးး
ချစ်ကို က တက်ဂ်တော့လည်းရေးပေးရတာပ
ဒါပေမယ့် ခနတော့စောင့်ဦး
မိုးခါး တက်ဂ် ကို အရင် ဆပ်ရဦးမှာ
အင်း တက်ဂ် တက်ဂ်
း)
ခင်မင်စွာဖြင့်
ညီဝသန်

moekhar said...

ကြော်ငြာအားကောင်းပါလား
မရောက်ဘူးပေမယ့် နေချင်စိတ်တောင်ဖြစ်သွားပြီ :D
ကြွေးကင်းပြီထင်နေတာ .. တင်ပြန်ပီ .. တခါ :D

မိုးခါး

WWKM said...

အစ်မလည်း ကလောမြို့လေးကိုကြိုက်တယ်..
ရေးပါမယ်ရှင်. ညီမလေးမိုးခါးရဲ့အကြွေးအရင်ဆပ်ရဦး
မယ်နော်...ခဏစောင့်..
တက်ဂ်ကြွေးကတော့ ဒီအဖွဲ့နဲ့ပေါင်းနေသ၍ ကင်းနိုင်တော့မှာမဟုတ်ဖူးထင်ပါရဲ့..တော်တော်တက်ဂ်
နိုင်တဲ့ မောင်နှမတွေ.း)))

သူကြီးမင်း (တုံးဖလား) said...

ကလောမြို့လေးက တကယ်သာယာပါတယ်။
ထင်းရှူးမြို့တော်လေး မဟုတ်လား။

yehtutnaung said...

ကလော မရောက်ဖူးဘူးဗျ..။ သွားတော့ သွားချင်တယ်။ ကိုရီနို ရေးတာ ဖတ်ပြီးတော့ ပိုသွားချင်မိတယ်..။ အသက်အရွယ် ရလာရင်တော့ အဲသလို မြို့ လေးမှာ နေမိမလား မသိဘူး..။ တက်ဂ်ထားတာ စိတ်မဆိုးပါဘူးဗျာ။ အဆင်ပြေသလို တက်ဂ်နိုင်ပါတယ်။ Welcome Tag ပါ :P
နည်းနည်းတော့ ကြာမယ်နော်..။ မျှော့်

kaungkinpyar said...

ကလောမှာများလာနေဖြစ်ရင် အမတို့ ရွာငံ ကို လာလည်ပါလို့ ဖိတ်ပါတယ်

ကိုလူထွေး said...

အဲဒီဘက်တွေတော့ တစ်ခေါက်လောက် ရောက်ဖူးချင်ရဲ့...

သာသာယာယာ အေးအေးချမ်းချမ်းရှိလို့လေ...

းဝ)

Ree Noe Mann said...

ကလောမြို့လေးကို နှစ်သက်ကျတယ်ဆိုလို့
ကျေးဇူးတင်ပါတယ်ဗျာ။
ပြင်ဦးလွင် ထက်စာရင်း ကျနော်က ကလောကို
ပိုပြီးနှစ်သက်မိတယ်ဗျ။

မရောက်ဖူးကြသေးတဲ့ ညီမလေးမိုးခါး၊ ကိုနေညိုရင့် နှင့် ကိုလူထွေးတို့ လည်းဒီတစ်ခါပြန်ရင် သွားလည်ကြည့်ပါ။

မကောင်းကင်ပြာရေ ရွာငံကိုတော့ အမေကရောက်ဖူးတယ်ဗျ။ ရွာငံ လည်း အရမ်းနေလို့ကောင်းတယ်တဲ့။ ရွာငံမြို့ ကလူတွေက အရမ်းသဘောကောင်းတယ်လို့လည်း အမေကပြောတယ်။

ကိုကိုမောင်---- ဟုတ်တယ်ဗျ။ ထင်းရှူးမြို့တော်လို့လဲ လူတွေသမုတ်ကြတယ်။ ဒီဇင်ဘာဆို လည်လို့ အကောင်းဆုံးပေါ့ဗျာ။

ညီလေးဝသန်ရေ သယ်ရင်းဖိုးစိန်နဲ့ ပေါင်းပြီး
ဟိုတယ်ဆောက်ဖို့ စီစဉ်ထားပါတယ်။ ရှယ်ယာပါချင်ရင် စရင်းပေးထားညီရေ့

လေးစာလျှက်
ရီနိုမာန်

သားကြီး said...

တခါမှမရောက်ဖူးဘူးဗျ
အေးတဲ့ရာသီဆိုရင်ကျနော်လည်းကြိုက်တယ်

Anonymous said...

အင်း မောင်လေးပြောတဲ့ မြို့လေးကို မရောက်ဘူးပေမယ့် ရာသီဥတုအေးတဲ့ ဒေသလေးမှာ အသက်ကြီးရင် နေမယ်လို့ စိတ်ကူးထားမိတယ်။ ကလောမြို့လေး အကြောင်းဖတ်ပြီး ငယ်ငယ်က ကြည့်ဖူးတဲ့ ကလေးအလွန်တဘူတာ ဆိုတဲ့ ရုပ်ရှင်လေးကို သတိရနေမိတယ်။
တဂ့်ပိုစ့်လေးကိုလည်း ရေးပေးပါမယ်နော်။ ခဏတော့ စောင့်ပါ...

ခင်မင်လျှက်
မကြီး

Anonymous said...

အဲမှားပြီ

ကလောအလွန်တဘူတာ ပါရှင်
းP

မကြီး

ဂျပန်ကောင်လေး said...

အစ်ကိုရေ.. ခွင့်နှစ်ပတ်ယူထားတယ်နော်...း).. နောက်မှတွေ့မယ်...

chu said...

=)

chu said...

=)

မြစ်ကျိုးအင်း said...

ရေးရချည်သေးရဲ့...
ရှော့မရှိတဲ့ ဒီလိုတဂ်တွေကို ကြိုဆိုပါတယ်.....။

သီဟသစ် said...

ရီနိုရေ..

ကလောမြို့လေးတော့ ကြိုက်တယ်ဟ..
လွမ်းတောင်လွမ်းသွားတယ် ၂ ခါလား ရောက်ဖူးတာ..

တဂ်လေးလည်းရေးမယ်နော်.. ခုတော့ တဂ်ကြွေး ၂ ခုတောင်ရှိသေးတယ်..

ခင်မင်စွာဖြင့်
သီဟသစ်

ခမ်းကီး said...

ဖတ်ရင်းက သွားနေချင်စိတ်ပေါက်လာတယ်။
တော်တော် သာယာမယ့် ပုံပဲနော်။

မေကဆုန် said...

ညီမလည်း အသက်ကြီးရင် နေမယ်ဖို့စဉ်းစားထားတဲ့ မြို့တွေထဲမှာ ကလောမြို့က ထိပ်ဆုံးပဲ.. အစ်ကိုရဲ့..
ဘယ်သူမှခေါ်သွားဘူး.. အဘိုးကြီးပဲပါမယ် အဟဲ

mgnge said...

လူတော်တော်များများနေချင်တဲ့မြို့ လေးပဲ.....။

လူနေများလို့ ကျွန်တော်တော့သွားမနေတော့ဘူး

Unknown said...

Enter your comment...ကလောကိုအလည်သွားရင်ဘယ်အချိန်သွားလို့ကောင်းလဲသိချင်ပါတယ်။ အေဂျင်စီနဲ့မသွားဘဲကိုယ့်ဘာသာသွားရင်လျောက်လည်တဲ့အခါအဆင်ပြေနိုင်ပါ့မလား။ တချို့မြို့တွေမှာလိုလျောက်လည်ဖို့အငှားကားတွေများရှိပါသလား။ဘယ်နေရာတွေသွားရမလဲအကြံပေးကြစေလိုပါတယ်။

Ree Noe Mann said...

ကလောမြို့က ဘယ်အချိန်သွားသွား နေလိုကောင်းတဲ့ မြို့လေးတစ်မြို့ပါ။
မြို့က အကျယ်ကြီးမဟုတ်တော့ တစ်ရက်ထဲ လည်တာနဲ့ ပြီပါတယ်။
နေမယ်ဆိုရင်တော့ နှစ်ညအိပ်လောက်နေတာ အတော်ပဲဗျ။
မြို့ထဲဆိုရင်တော့ ကားမလိုဘူး။ မြင်းလှည်းနဲ့ လျှောက်လည်လို့ရတယ်ဗျ။
အင်းလေး၊တောင်ကြီးဖက်ကို သွားမယ်ဆိုရင်လည်း အဲဒီမှာ ကားငှားရတာ အဆင်ပြေပါတယ်ဗျ။
လည်တဲ့နေရာတွေကတော့ သိပ်အများကြီး မရှိပါဘူး။
နှီးဘုရား၊ ရွှေဥမင်ဂူ နဲ့ ပတ်ဝန်းကျင် လိုက်ကြည့် ဒီလောက်ပါပဲ။
မြို့ကတော့ အေးချမ်းပါတယ်။