June 14, 2009

အဖေနှင့် ကျနော်

ဒီနေ့ဟာ အဖေများနေ့ဖြစ်ပါတရ်။ သားသမီးတိုင်းကို မေးကြည့်ပါ။ ဘယ်သူကိုပိုချစ်လဲလို့ မေးရင် အမေ့ကို ပိုချစ်တရ်လို့ ဖြေမှာက ၈၀ရာခိုင်းနှုန်းလောက်ရှိပါတရ်။ ဒီ ၈၀ရာခိုင်းနှုန်းထဲမှာ မသိမသာပါသွားတာက တော့ ကျနော်တို့ရဲ့ တစ်ဦးတည်းသော အဖေပါပဲ။ အဖေကိုမချစ်ဘူးလို့ ပြောလို့မရပါဘူး။ အဖေကို မချစ်ဘူးလို့ပြောရင် ဝဇီကံထိုက်ပါတရ်။ အဖေက ကျနော်တိုကို သူ့ အသွေးအသားတွေနဲ့ ဖွဲ့စည်းတည်ဆောက် ထားတာဆိုရင်လည်း မှားတဲ့အရာ မဟုတ်ပါဘူး။ အဖေမရှိပဲ ကျနော်တို့ဆိုတာ ဖြစ်လာနိုင်စရာအကြောင်းကို မရှိတာပါ။ ဒါကြောင့် အဖေကို သတိရသောအားဖြင့်၎င်း ၊ ချစ်သောအားဖြင့်၎င်း အဖေနဲ့ပတ်သက်တဲ့ အကြောင်းအရာလေးတွေကို ဒီနေ့ အဖေများနေ့မှာ အမှတ်တရရေးသား ဖေါ်ပြလိုက်ရပါတရ်။


ကျနော် သူငယ်တန်းနှစ်မှာ သွေးလွန်တုပ်ကွေးဖြစ်လို့ ဆေးရုံးတင်ရပါတရ်။ ဆေရုံးမှာ အမေပဲလိုက် စောင့်နိုင်ပါတရ်။ ဆေရုံးတင်ပြီး နှစ်ရက်လောက်မှ အဖေရောက်လာပါတယ်။ အဖေမှာ အလုပ်တာဝန်တစ်ဖက်နဲ့ ဆိုတာကို နားမလည်တဲ့ သား က အခန်းထဲ ဝင်လာတဲ့ အဖေကို “ ခုထွက်သွား လုံးဝ မလာနဲ့ ” လို့မောင်းထုတ်ခဲ့ဖူးပါတရ်။ အဖေလည်း ကျနော်စိတ်ချမ်းသာအောင်ဆိုပြီး အခန်းအပြင်ကို လှည့်အထွက်မှာတော့ ကျနော် ဆေးရုံးကုတင်ပေါ်မှာ ချုံပွဲချ ငိုတော့တာပါပဲဗျာ။ ဒါအဖေနဲ့ ပတ်သက်ပြီး ခုချိန်ထိ မှတ်မိနေသေးတဲ့ အကြောင်းအရာ ပထမတစ်ခုပါ။

ကျနော် ၂ တန်းနှစ်မှာ ကျောင်းကအပြန်ကို အဖေကလာကြိုပါတရ်။ အိမ်ရောက်ခါးနီးမှာ မိုးအရမ်ရွာလိုက်တော့ ကျနော်တို့သားအဖနှစ်ယောက် မိုးရေစိုစိုနဲ့ အိမ်ပြန်ရောက်ခဲပါတယ်။ အိမ်ရောက်ပင်မဲ့လည်း မိုးကမတိတ် သေးတော့ ကျနော်က အဖေကို ဘောလုံးကန်မယ်လို့ ပြောတော့ အဖေက လည်း ကန်မယ်တဲ့။ ဒါနဲ့ မိုးရေထဲမှာ ဘောလုံးကန်ပြီးလို့အိမ်ပေါ်ပြန်အတက်မှာ အဖေက ကျနော်ကို “ သားငယ် ....သားငယ်ဘောလုံး မကန်တက်ဘူး နောက်မကန်နဲ့တော့ ” တဲ့ အဖေပြောတဲ့ စကားကိုနားထောင်လာတာ ခုချိန်ထိပဲ ကျနော် ဘောလုံးမကန်တက်ဘူး။ ကန်ဖို့လည်း စဉ်းစားတိုင်းလည်း အဖေပြောတာကိုကြားယောင်နေမိတရ်။

ကျနော်က ကရင်စပ်တယ်။ အဖေက ကရင် အမေက ဗမာ။ အဖေအရက်သောက်ပြီးဆိုရင် သွေးအရမ်းဆိုးတယ်။ အိမ်မှာ ရှိသမျှလူအားလုံးနေစရာမရှိအောင်ကို သွေးဆိုးပါတယ်။ မြွေဆိပ်ဖြေးဆေးကို မြွေဆီကပဲပြန်ယူရသလို အဖေရဲ့ ကရင်သွေးဆိုးကိုလည်း ကရင်သွေးနဲ့ပဲ ပြန်ငြိမ်ရပါတယ်။ အဖေ့ သွေးဆိုးကို ညိမ်အောင်လုပ်နိုင်တဲ့ ကရင်သွေးကတော့ ကျနော်ပါပဲ။ တစ်အိမ်လုံးမှာ အဖေကို တစ်ခွန်းတည်းနဲ့ ပြောလို့ ပြီးတာဆိုလို့ ကျနော်တစ်ယောက်ထဲ ရှိပါတရ်။ ( အဲဒီလောက်အောင် အဖေက ကျနော် သိပ်ချစ်ပါတရ်)

အဖေကို နာမည်ပျက်အောင်လုပ်ဖူးသလို (တစ်ခြားတော့ မဟုတ်ပါဘူး။ ဗိုလ်ကြီးကံစိန် သားပေါ့ ဘာဖြစ်တရ် ညာဖြစ်တရ် ဆိုပြီးပြောကျတော့ နေရင်းထိုင်ရင်း နဲ့ အဖေနာမည်ပျက်ရတာပါ။ အမှန်က အစားမတော်တော့ တစ်လုတ်၊ အသွားမတော်တော့ တလှမ်း ဆိုသလို ကျနော်ကြောင့်ပါ) သွေးထွက်သံယို ဖြစ်အောင်လည်း လုပ်ဖူးပါတယ်။ အဇာတသတ်လို ရည်ရွယ်ပြီးလုပ်တာမျိုးမဟုတ်ရပါဘူး။ မတော်တဆ ကျနော်ကြောင့် ဖြစ်သွားရတာပါ။ ကျနော်မှတ်မိနေသေးတရ်။ အဖေက အရက်သောက်ထားတော့ ကျနော်က အဖေကို အိပ်ဖို့ ပြောတရ်။ အဖေကလည်း အိပ်မယ်ပြောတရ်။ဒါနဲ့ ကျနော်လည်း အဖေကို အခန်းထဲ လိုက်ပို့ပြီး အခန်းတံခါးကို ပြန်အပိတ်မှာ....... အဖေ လက်က တံခါးကိုကိုင်ထားမှန်း ကျနော် မသိလိုက်ဘူးဗျာ။ အဖေရဲ့ အော်သံကြားမှပဲ ကျနော် ကြည့်မိလိုက်တဲ့ အချိန်မှာ အဖေလက်မှာ သွေးတွေပန်းထွက်နေပြီဗျ။ ကျနော် အဖေကိုကြည့်ပြီး သနားလိုက်တာဗျာ။ ကျနော်လည်းဘာမှမလုပ်တက်တော့ ထိုင်ငိုတော့တာပေါ့။ အဖေက ကျနော်ကို တစ်စက်ကလေးမှ စိတ်မဆိုးဘူးဗျာ။ အနားကြပ်သွားတော့ အမာရွတ်ကျန်ခဲ့တယ်။ အမာရွတ်ကိုကြည့်ပြီး အဖေက ဘာပြောတယ်မှတ်လဲ “ သားငယ်လေး ပေးတဲ့ အမှတ်တရတဲ့ ” ဗျ။ ကျနော်ရင်ထဲမှာ ခုချိန်ထိ နာကျင်နေတုံးပဲ။

ကျနော် လိုချင်တာရှိလို့ အမေကိုပြောရင် အမေကတော့ အိမ်ရှင်မဆိုတော့ ချင့်ချိန်ပြီးမှ လုပ်သင်တရ်ထင်မှ လုပ်ပေးတာ၊ ဝယ်ပေးတာပါ။ အဖေကတော့ ကျနော် ဘာလိုချင်လဲ နေ့မကူးစေရပါဘူး။ချက်ချင်းကို လုပ်ပေးတော့တာပါ။ အဖေ အရက်သောက်တာမှန်ပါတယ်။ ဒါပင်မဲ့ ကျနော်ဝယ်ပေးတဲ့ အရက်ဆိုရင် အဖေလုံးဝမသောက်ပါဘူး။ ဝယ်ပေးဖို့ လူမရှိခဲ့ရင်တောင် ကျနော်ကို လုံးဝ မဝယ်ခိုင်းခဲ့ပါဘူး။ သူကိုယ်တိုင်သွားဝယ်ပါတယ်။ ကျနော် မဝယ်ပေးဖူးဘူးလို့ မပြောပါဘူး။ ကျနော်ဝယ်ပေးဖူးပါတယ်( အမေနဲ့ ပေါင်းပြီ)။ ဒါပင်မဲ့ အဖေ ကို အသိမပေးခဲ့ပါဘူး။

ဒီလိုနဲ့ ကျနော် ၁၀တန်းအောင်တော့ ရန်ကုန်သွားပြီ အလုပ်သွားလုပ်မယ်ပြောတော့ အဖေက “ ငါ မသေမချင်း သားငယ် အလုပ်လုပ်ဖို့ စိတ်မကူးနဲ့ ။ ငါရှာကျွေးနိုင်တရ်တဲ့ ” ဒါပင်မဲ့ ကျနော် နားမထောင်ခဲ့ပါဘူး။ ကျနော် လွတ်လွတ်လပ်လပ် နေချင်လာပြီလေ။ ဒါကြောင့်လည်း အဖေဆေးရုံးသွား တက်နေတုံး အချိန်မှာ ကျနော် အမေကိုပြောပြီး ရန်ကုန်ကိုထွက်လာခဲ့တာပါ။

အဖေကြောင့် ကျနော် ရန်ကုန်မှာ အလုပ်ရှာစရာမလိုပဲ အလွယ်တကူရရှိခဲ့တာပါ။ အဖေရဲ့ အသွေးအသားတွေနဲ့ တည်ဆောက်ထားတဲ့ ဒီမျက်နှာကြောင့် လူချစ်လူခင်ပေါများခဲ့တာပါ။ အဖေကြောင့် ကျနော် လူပေါင်းမြောက်များစွာနဲ့ ခင်မင်ရင်းနှီးခွင့် ရခဲ့တာပါ။ အဖေကြောင့် လူတွေရဲ့ စိတ်ကိုနားလည်နိုင်ခဲ့တာပါ။ အဖေကြောင့်ပဲ ဒီလောကကြီး မှာ အသက်ရှင်ခွင့်ရခဲ့တာပါ။ နောက်ဆုံး အဖေမရှိတော့ပင်မဲ့ ကျနော်အားဆက်လက် ရှင်သန်ဖို့အတွက်ခွန်အားတွေပေးရင်.........................

အဖေများနေ့အားဂုဏ်ပြုရင်း အဖေနဲ့ ကျနောရဲ့ အမှတ်တရ တစ်ချို့အား ဖေါ်ပြလိုက်ရပါတရ်။


ချစ်ခင်လေးစားလျှက်
ရီနိုမာန်


24 comments:

Anonymous said...

၁ ယူလိုက်ဦးမယ် :D

Anonymous said...

ကိုရီနိုရေ ... ဖော်မပြတတ်လောက်အောင်ပါပဲ .. မိဘကိုချစ်တဲ့ မိဘကို သိတတ်နားလည်တဲ့ .. မိဘရဲ့ တန်ဖိုးကိုသိတဲ့ သားလိမ္မာတစ်ယောက် ဘယ်အချိန် ဘယ်အခါမှ ရေရှည်လူ့အောက် မကျနိုင်ပါဘူးဗျာ ... အဖေများနေ့အမှတ်တရအဖြစ် ကိုရီနိုရေးခဲ့တဲ့ အဖေနှင့် ကျနော် ပို့စ်ကို ဖတ်ပြီး အဖေ့ကို သတိရလိုက်တာ ...
နေဒေးသစ်။

မိုးစက်အိမ် said...

အကိုရေ အကို. အဖေ အတွက်ရေးလိုက်တဲ. ပို.စ်
တိုင်းဖတ် ရတာ ခံစားရတယ်ဗျာ...ခုလို အဖေ ကိုလေး
စားတဲ. အကိုအစစ အရာရာ အဆင်ပြေချောမွေ. ပါစေ
လို.ဆုတောင်းပေးလိုက်ပါတယ်ဗျာ...

သီဟသစ် said...

ရီနိုရေ.

ရီနို့အဖေအတွက် အမှတ်တရကို လာဖတ်သွားတယ်
အားလုံးအဆင်ပြေပါစေ

ခင်မင်စွာဖြင့်
သီဟသစ်

Anonymous said...

ရီနိုကြီးရေ...
ရီနိုကြီးရဲ့ ဖှာထီးအကြောင်းဖတ်ပြီး ထပ်တူခံစားလိုက်ရပါတယ်... စာတပုဒ်လုံးအဆုံးမှာ ရင်ထဲ ဟာတာတာကြီးဖြစ်ကျန်ရစ်ခဲ့ပါတယ်... ဝမ်းလည်းနည်းမိပါတယ်...

အဖေကိုချစ်တဲ့သား ဘဝမှာ တိုးတက်အောင်မြင် ကြီးပွားပါစေလို့ ဆုတောင်းပေးပါတယ်ကွာ...

ခင်တဲ့
ကိုလူထွေးးဝ)

Sein Lyan Tun said...

ဝမ်းနည်းနေတဲ့ အချိန်မို့လို့လားတော့မသိဘူး
ဖတ်လိုက်တာနဲ့ မျက်ရည်တောက်တောက်ကျတယ်
သယ်ရင်းရေ..
ကိုယ်ငိုနေရတဲ့ ရက်တွေများနေသလားလို့
ပြန်ဆန်းစစ်နေပါတယ်...
ဒို့ သယ်ရင်းတွေက မိဘချစ်တာချင်းတူတော့
ခံစားချက်ခြင်းတူမယ်ထင်တယ်
ရေးချမပြတော့ဘူး
ကိုယ်တကယ်မျက်ရည်ကျမိပါတယ်
ချစ်တဲ့
ဖိုးချစ်

Ree Noe Mann said...

ညီလေးနေဒေး........... ကျေးဇူးညီ

ညီလေး မိုးစက်...........ခံစားရမှုအတွက်ကျေးဇူး

သီဟသစ်....... ကျေးဇူး

ကိုလူထွေး......... ကျနော် စာရေးမကောင်းမှန်း
ကျနော်သိတယ်။ ကိုလူထွေးစာဖတ်ပြီးချိန်မှာ
ရင်ထဲမှာ ဟာတာတာကြီး ဇြစ်ကျန်ခဲ့တဲ့
အတွက်ကျေးဇူးပါ

သယ်ရင်းဖိုးချစ်........... သယ်ရင်းလိုပဲ
ဒီပို့စ်ကို ရေးနေရင်နဲ့ ကျနော်လည်း
မျက်ရည်ကျခဲ့ရတယ်။ ကျနော်မှာ အဖေနဲ့
ပတ်သက်ပြီး ချုံပွဲချ ငိုရလောက်အောင်
ဘယ်ချိန်တွေးတွေး ကြောင်းအရာတစ်ခုရှိသေးတရ်။ အခွင့်သားခဲ့ရင်ပြောပြချင်ပါသေးတရ် အားလုံးကို။

ဝသန်မိုး said...

အဖေများနေ့ မှာ
ကိုရီနိုရဲ့  အဖေနဲ့ ကျွန်တော် ပို့စ်ကို
ဖတ်ပြီးတော့ ထပ်တူခံစားသွားပါတယ်
အရာရာအဆင်ပြေပါစေဗျာ
ညီဝသန်

မမသီရိ said...

အဖေ့ အကြောင်း ရီနို့ အကြောင်း
လာဖတ်ပါတယ်
ဒီမောင်လေး တယောက်အတွက် အဖေ
ဂုဏ်ယူ မှာ အသေအချာပါ

တောင်ပေါ်သား said...

အဖေအကြောင်းလေး လာခံစားပါတယ်ဗျာ.. အစစအရာရာ အဆင်ပြေ ချောမွေ့ပါစေ အကိုရေ


လေးစားလျက်
တောင်ပေါ်သား

မြစ်ကျိုးအင်း said...

များသောအားဖြင့် သားတွေက အမေ ကို ပိုချစ်တယ်လို့
ထင်တတ်ကြတယ်...။ကျွန်တော်အပါအ၀င်ပေါ့...
ဒါပေမယ့် ဘ၀မှာ ကိုယ်တိုင်ကြိုးစားရတဲ့ အချိန်မှာ အဖေ့ကို ပိုပြီးနားလည်သွားမိတယ်...။
ဒီနေရာမှာဆို အဖေ ဘယ်လိုဆုံးဖြတ်မလဲ..အဲဒီတုန်းက အဖေအရမ်းပင်ပန်းခဲ့မှာပဲ ဆိုတဲ့ အတွေးတွေက အခက်အခဲ ကြုံတော့ အလိုလိုဝင်လာတယ်...။
အဖေနဲ့ ပိုပြီးနီးကပ်သွားခဲ့တယ်...။
အဖေရော အမေရော အစားထိုးလို့ မရနိင်ပါဘူး..။

ကောင်းကင်ပြာ said...

ရီနို့ဖေဖေ အကြောင်းလေး လာဖတ်သွားတယ် မောင်လေးရေ၊ ကြိုးစာပါ ရီနိုရေ၊ ရီနိုဖေဖေက ကောင်းရာမွန်ရာကနေ ပြုံးပီး သားလိမ္မာကို ကြည့်နေမှာပါ

သုခုမလေဒီ said...

အဖေကိုချစ်တတ်သူမို့ အဖေ့အကြောင်းလေးကိုဖတ်ရင်း ခံစားမိပါတယ်။ အဆင်ပြေရင်ပိုစ့်တင်ဖြစ်အောင်ကြိုးစားပါမယ်။

သုခုမလေဒီ said...

အဖေကိုချစ်တတ်သူမို့ အဖေ့အကြောင်းလေးကိုဖတ်ရင်း ခံစားမိပါတယ်။ အဆင်ပြေရင်ပိုစ့်တင်ဖြစ်အောင်ကြိုးစားပါမယ်။

မိုးခါး said...

း)
အကိုရေ အကိုနဲ့ အကို့အဖေအကြောင်း လာဖတ်သွားပါတယ် ..
အစစအရာရာ အဆင်ပြေပါစေနော်

မေတ္တာရောင်ပြန် said...

မောင်လေးေ၇ အဖေအတွက်ပိုစ့်လေး လာဖတ်သွားတယ်နော်။
အဆင်ပြေပါစေ

မကြီး

မေလေး said...

အကိုရီနိုရေ
အခုမှဖတ်လို့ ပြီးတော့တယ် စိတ်တောင်မကောင်းပါဘူးရှင်..ကိုရီနို အဖေ ကောင်းရာဘုံ ဘဝကသာဓု ခေါ်မှာပါရှင်
ခင်တဲ့
မေလေး

ပုလုကွေး said...

ဖေဖေကို ချစ်ပါတယ်.....ကိုရီနိုကြီးနဲ့အတူ ထပ်တူ ခံစားရင်း...

ဖေဖေချစ်တဲ့ သားသားရီနို အဆင်ပြေပါစေလို့ ဆုတောင်းရင်း...

ခမ်းကီး said...

သားလိမ္မာကြီး အောင်မြင်မှုအပေါင်းကို ဆွတ်ခူးနိုင်ပါစေ...

Apprenticeship said...

အဖေများနေ့က ဇွန်၂၁ မှလေ...။ ဘာပဲဖြစ်ဖြစ် ကြိုတင် ချီးမြင့်တာပေါ့နော် :) :D

ဆည်းဆာသံစဉ် said...

ကိုရီနိုရေ...အဖေများ အကြောင်းလာဖတ်သွားတယ်ဗျာ။ တော်တော်ကောင်းတဲ့ ပို့စ်လေးပါ။ မိဘကိုတမ်းတလွမ်းဆွတ်နေသူတွေ အတွက်တော့ ဘယ်တော့မှ ဒုက္ခမတွေ့ ပါဘူး။ တွေ့ လည်းခဏပါ။ ကိုရီနိုက အဖေစကားနားထောင်လို့  ဘောလုံးမကန်တတ်သလို....ကျနော်လည်း သစ်ပင်မတက်တတ်ဘူးဗျ...:P။ အားပေးခင်မင်လျှက်...

မဆုမွန် said...

ကိုရီနိုရေ ကျေးဇူးအများကြီးတင်ပါတယ် အလုပ်တစ်ဘက် ကျောင်းတစ်ဘက် ရူပ်ထွေးနေတဲ့အချိန် ကိုရီနို လာအော်သွားမှ အဖေများနေ့ဆိုတာ ရုတ်တရက်သိလိုက်တယ် သိတော့မှ အဖေကြီး အကြောင်း ပို့စ်တင်ဖြစ်တယ် တကယ့်ကို ကျေးဇူးတင်ပါတယ်

နွေးနေခြည် said...

အကို့ရင်ထဲမှာ အကို့အဖေရှင်သန်နေဆဲပဲဆိုတာ ဖတ်ရင်း ခံစားရတယ်။
အားလုံး အဆင်ပြေအောင်မြင်ပါစေ..

SHWE ZIN U said...

ရီနိုမာန် ရဲ့ ဖေဖေ သနားပါတယ်နော် သားကို တော်တော်ချစ်တယ်ထင်တယ်

ခင်မင်စွာဖြင့်
ရွှေစင်ဦး

လင့်ခ် မယူရသေးလို့ ယူသွားတယ် ခွင့်တောင်းပါတယ်