June 13, 2009

ဖတ်ကြည့်ပါ

ကိုလူထွေးရေးတဲ့ ဘဏ်မန်နေဂျာ ကိုသာထွေးကို သဘောကျလို့ ကျနော်ဆီမှာ ရောက်လာတဲ့ Forward mail ထဲမှ ရသော ဒီပုံပြင်လေး အား ကျနော့် မောင်နှမ များ အာလုံးပျော်ရွှင် နိုင်စေရန် ဖေါ်ပြလိုက်ရပါတရ်။


ဖခင်။ ။ သားရေ.. အဖေ မင်းကို မိန်းမပေးစားမလို့ စီစဉ်နေတယ်ကွ။
သား။ ။ ကျုပ်က ကိုယ့်ကြိုက်တဲ့လူပဲ ကိုယ်ယူမှာ ဗျ။
ဖခင်။ ။ နေအုံး သား... ကောင်မလေး က ဘီလ်ဂိတ် သမီးကွ။
သား။ ။ အော် ဒီလိုလား... အဖေ့ စကားနားထောင်လိုက်ပါမယ်။

ထို့နောက် ဖခင် သည် ဘီလ်ဂိတ် ထံသို့သွား ပြီး....
ဖခင်။ ။ ခင်ဗျား သမီးအတွက် အင်မတန်သင့်တော်တဲ့ ကောင်လေးတစ်ယောက်တွေ့ထားတယ်။
ဘီလ်ဂိတ်။ ။ ကျွန်တော့် သမီးလေး က ငယ်ပါသေးတယ်ဗျာ။
ဖခင်။ ။ နေအုံး... ဟိုကောင်လေး က ကမ္ဘာ့ဘဏ် လက်ထောက် ဥက္ကဌ ဗျ။
ဘီလ်ဂိတ်။ ။ အာ.. ဒီလိုဆိုတော့လဲ လက်ခံရမှာ ပေါ့ဗျာ။

နောက်ဆုံးတွင် ဖခင်သည် ကမ္ဘာ့ဘဏ် ဥက္ကဌ ထံသို့သွားသည်။
ဖခင်။ ။ ဥက္ကဌ ကြီးခင်ဗျား... လစ်လပ်နေတဲ့ လက်ထောက်ဥက္ကဌ ရာထူးအတွက်
အထူးသင့်တော်တဲ့ သူငယ်လေးတစ်ယောက် တွေ့ထားပါတယ်။
ဥက္ကဌ။ ။ကျွန်တော်မှာ လိုအပ်တာထက် အဲဒီရာထူးအတွက် လိုအပ်တာထက်တောင် ပိုများနေပါတယ်။
ဖခင်။ ။ နေအုံး.. ဒီသူငယ်လေးက ဘီလ်ဂိတ်ရဲ့ သားမက်ကလေးဗျ။
ဥက္ကဌ။ ။ ဒီလိုလား... ရပါတယ်။

သင့်လက်ထဲမှာ ဘာမှမရှိလဲ သင့်မှာ positive attitude ရှိရင်...
သင်ဖြစ်ချင်တာတွေ ဖြစ်လာပါလိမ့်မယ်။

ချစ်ခင်လေးစားလျှက်
ရီနိုမာန်

5 comments:

Sein Lyan Tun said...

ဟုတ်တယ်နော် မှန်တယ်...
အဲလူကြီးသားဖြစ်ချင်လိုက်တာ..
သယ်ရင်းရဲ့ သယ်ရင်း
ဖိုးချစ်

Anonymous said...

ဟုတ်တယ် ... positive attitude ရှိရင် ဖြစ်ချင်တာတွေ ဖြစ်လာနိုင်တယ်ဆိုတာ တကယ် ဖြစ်နိုင်လောက်ပါတယ် ....
နေဒေးသစ်။

Anonymous said...

မှန်လိုက်တဲ့ အတွေးအခေါ်လေးပါ မောင်လေးရေ.. အဲဒီပိုစ့်လေးအတွက် ကျေးဇူးတင်ပါတယ်

ခင်တဲ့
မကြီး

မေလေး said...

ကိုကြီးရီနို
အရမ်းမှန်တဲ့ အတွေးအခေါ်လေးပါ ..ကျေးဇူးနော်
ခင်တဲ့
မေလေး

ဝသန်မိုး said...

positive attitude လေး တင်ပြထားတာကောင်းပါတယ်
ကိရီနိုရေ့ 
အဆင်ပြေတယ်ဟုတ်
ခင်တဲ့
ညီဝသန်