June 12, 2009

အဖေများနေ့ ( အမှတ်တရ)

အဖေ..... ကောင်းရာ ဘုံဘဝမှာ
ရောက်ရှိနေပါစေ လို့ သားဆုတောင်းလိုက်ပါတရ်ဗျာ။

နောက်လ ဇူလိုင်လ ၃ ရက်နေ့ ဆိုရင် အဖေ ဆုံးတာ (၇)နှစ် ရှိသွားခဲ့ပြီ။ အဖေက ကျနော်ကိုအရမ်းချစ်တာဗျာ။ အဖေ ကျနော်ကို ဘယ်လောက်ချစ်လဲဆိုရင် ကျနော် ၁၀တန်းကျောင်းသားအရွယ် ရောက်တဲ့အထိပဲ။ ( အဖေတွေ သူ့သားလေး ကိုချစ်ရင်း ဘာလုပ်တယ်လို့ ထင်လဲ) အဲ့လို့ လုပ်တာဗျ။ သိချင်ရင် ကိုယ့် အဖေကို ကိုယ် မေးကြည့်။

အဖေနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ ရှိသေးတရ်ဗျ။ နောက်ရက်ကျမှ ရေးတော့မရ်။ ဒီနေ့တော့ အဖေကို အရမ်းသတိရနေလို့ ရင်ထဲမှာ လွမ်းလွန်းလို့ ဒီလောက်လေးပဲ ခံစားလိုက်ပါတရ်ဗျာ။ အမေကိုချစ်တက်သလို အဖေကိုလည်း အရမ်းကိုချစ်ပါတရ်ဗျာ။ ချစ်လို့ တစ်ခါတစ်ခါ အပြစ်တွေလုပ်မိပါတယ်။ လုပ်ခဲ့မိတဲ့ အပြစ်တွေကိုတော့ နှောင်မှရတဲ့ နောင်တတွေ နဲ့ မတောင်းပန်တော့ပါဘူး အဖေ။ သားကျေကျေနပ်နပ်ကြီးကို သားခံယူ မှာပါ။

အဖေ့ကို ချစ်တဲ့
သားငယ်


16 comments:

သားကြီး said...

ကိုရီနိုမှာအဖေမရှိတော့ဘူးဆိုတာသိရလို့စိတ်မကောင်းပါဘူးဗျာ
အဖေဆိုတာမိသားစုတစ်ခုရဲ့အဓိကအင်အားပဲမဟုတ်လား...
အဖေနဲ့ပတ်သက်တဲ့အကြောင်းအရာတွေလည်းဆက်ပါဦး
မျှော်နေမယ်

Anonymous said...

ကိုရီနို ....... ညီအစ်ကိုချင်း စာနာမိပါတယ်ဗျာ ... သားတစ်ယောက်ရဲ့ သိတတ်နားလည်မှုကိုတော့ အရင်ကတည်းက သိပြီးသားမို့လို့ အကျယ်ချဲ့ပြီး မချီးမွန်းတော့ ပါဘူး .... မိဘကို သိတတ်နားလည်တဲ့ သား ဘယ်အခြေအနေကိုပဲ ရောက်ရောက် အောင်မြင်မှုတွေ ထွေးပိုက်ဆုပ်ကိုင်နိုင်မှာပါ ... အစစအရာရာ အဆင်ပြေပါစေ ..
နေဒေးသစ်။

သီဟသစ် said...

ရီနိုရေ..

ရီနို့ဖေဖေ ကောင်းရာ သုဂတိရောက်နေမှာပါကွယ်..
မိဘကျေးဇူးသိတတ်တဲ့ ရီနို အားလုံးအဆင်ပြေပါစေကွာ..

ခင်မင်စွာဖြင့်
သီဟသစ်

ကိုလူထွေး said...

ရီနိုကြီးရေ...

မိန်းမယူ... ကလေးမွေးပြီး... မွေးလာတဲ့သားလေးတွေကိုကျမှ အဖေချစ်ခဲ့သလို စုပြုံပြီး ချစ်ပစ်လိုက်...

ပြီးရင် သူတို့လေးတွေကို...

"မင်းတို့ဖိုးဖိုးက ငါ့ကိုအဲဒီထက်ပိုချစ်ခဲ့တာကွ" လို့ ပြန်ပြောပြလိုက်...

ခင်တဲ့
ကိုလူထွေး

ကောင်းကင်ပြာ said...

အဖေ အမေကို သိတတ်တဲ့ သားသမီးက ဘယ်တော့မှ အောင်မြင်မှုတွေ ဝေးမနေပါဘူး မောင်လေး ၊ အဆင်ပြေပါစေ

khin oo may said...

ဘာလုပ်သလဲ
သမီးဆိုတော့ကာ မသိပါ

khin oo may said...

ကလေးလဲမရှိတော့ မသိ.

khin oo may said...

တို့အဖေကတော့ တို့တတိယနစ်အောင်စာရင်းကို လူကိုယ်တိုင်လာကြည့်သွားတယ်။ အမှတ်တရဘဲ။နာမည်ကိုကြီးလို့.
အဲဒါဘာဖြစ်လို့လဲအဖေ့ကိုမမေလိုက်ရဘူး
ဂုဏ်ယူလို့ဘဲလား. သမိးကို မယုံလို့ဘဲလား
စကားနည်းတဲ့သားအဖချင်းတူတော့တစ်ယောက်နဲ့တစ်ယောက် verified မလုပ်လိုက်ကြမိဘူ
တိုလဲ အဖေကိုသိတ်ချစ်တယ်။ ၁၀ နစ်ကျော်သွားပြီ. မမေ့သေးဘူး. အေးလေ. မေ့စရာလား.

Unknown said...

အဖေနဲ့အမေ ကို အရာရာ ရှေ့ တန်းတင်
အလေးထားတဲ့ကိုရီနို
အရာရာတိုင်းမှာ
အောင်မြင်ပါစေဗျာ

ခင်တဲ့
ညီဝသန်

တောင်ပေါ်သား said...

မိဘတိုင်းကတော့ သားသမီးတွေကို ချစ်ကြတာကြီးပါပဲ။
ကိုရီနိုက တော်ပါသေးတယ် ကျနော်ဆို ကြာပေါ့ အဖေ မရှိတာ ဒါပေမဲ့ ကျနော်လဲ ယုံကြည်ပါတယ် တကယ်၍သာ အဖေရှိခဲ့ရင် ကျနော့်ကိုလဲ သိပ်ချစ်မှာပဲလို့ပေါ့..


လေးစားလျက်
တောင်ပေါ်သား

မေလေး said...

အဖေကို သိပ် ချစ်တဲ့သား
ထာဝရ အောင်မြင်မှု သရဖူ ဆောင်းနိုင်ပါစေရှင်
ခင်တဲ့
မေလေး

Anonymous said...

မောင်လေးရဲ့ အဖေကိုချစ်တဲ့ စိတ်လေးကိုလေးစားပါတယ်။ သားသမီးတိုင်း အပေါ်မှာ တူညီတဲ့ မေတ္တာတွေနဲ့ မိဘတွေက ပေးစပ်သူတွေပါ။

ခင်တဲ့
မကြီး

WWKM said...

မောင်လေးရီနိုရေးထားတဲ့ အဖေအကြောင်းပို့စ်လေးဖတ်ရတော့ မမရဲ့ဖေဖေ့ကို
လွမ်းမိသွားပြန်တယ်. လွမ်းနေတာကတော့ အမြဲပါပဲ
လေ... ဖေဖေက မမကိုအရမ်းချစ်တယ်.. မမလည်းဖေဖေကို အရမ်းချစ်တာပဲ.. ဖေဆေုံးသွားတာ
၃နှစ် ကျော်သွားပြီလေ.

အဆင်ပြေပါစေ.

မကြီးဝါ

Sein Lyan Tun said...

သယ်ရင်းရေ
ကိုယ်လဲ အဖေ့ကိုချစ်တဲ့သားတစ်ယောက်ပါ
သယ်ရင်းအဖေ့ကို လွမ်းနေတယ်ဆိုတော့
ကိုယ်တကယ်ပဲစိတ်မကောင်းဘူးသယ်ရင်းရေ

သယ်ရင်းအဆင်ပြေပါစေနော်
ချစ်တဲ့
ဖိုးချစ်

သူကြီးမင်း (တုံးဖလား) said...

အဖေကလဲ အိမ်ဦးနတ်တစ်ပါးပါဘဲ။
ကျေးဇူးကြီးမားလှပါတယ်။

သူကြီးမင်း (တုံးဖလား) said...

တမလွန်ဘ၀မှာ ကောင်းရာမွန်ရာဘ၀တစ်ခု ရရှိနေမှာသေချာပါတယ်။