June 11, 2009

အဖြစ်ချင်ဆုံး ဆန္ဒ (တက်ခ်ပို့စ်)

ခုတစ်လော စာရေးရတာ အရမ်းကိုပျင်းနေတာပါ။ အင်တာနက်သုံးလည်း ဟိုလုပ်ဒီလုပ်နဲ့ စာမရေး ဖြစ်ပြန်ဘူး။ အဲဒါနဲ့ ကျနော်ကြိုက်နှစ်သက်တဲ့ ဆရာမခင်ခင်ထူးရဲ့ ဝတ္တုရှည်လေး ကိုအပိုင်းတွေ ကိုယ်ဟာကို ခွဲပြီး တင်ထားလိုက်ပါတယ်။

ဒီနေ့တော့ ဟင်းချက်ကောင်းတဲ့ ညီမလေး မြူးသျှရီ ဆီကိုသွားလည်လိုက်တော့။ ဒီနေ့ သူမက ဟင်းမချက်ပဲ တက်ခ် ချက်ကျွေးလိုက်ပါတယ်။ သူမကျွေးတဲ့ မောင်နှမတွေထဲမှာ ကျနော်ကလည်း ပါဆိုတော့ စားရတော့တာပေါ့ဗျာ။ ဒီလိုနဲ့ “ အဖြစ်ချင်ဆုံး ဆန္ဒ ” တက်ခ် ဟင်းလေး တစ်ခွက်ဖြစ်လာရပါတော့တယ်ဗျာ။


ကျနော်က ငယ်ငယ်လေး ကတည်းက အကကိုဝါသနာ ပါခဲ့တယ်။ အမျိုးသားမအက၊ အမျိုးသမီးအက ခုနှစ်ထွေအက တို့ကို အခြေခံလောက်တော့ သိကျွမ်းပါတယ်။ ဆယ်တန်းအောင်လို့ ကျောင်းတက်ရင် ယဉ်ကျေးမှု တက္ကသိုလ် တက်မယ်လို့ ဆန္ဒရှိခဲ့တယ်။ အဖေနဲ့ အမေက အားပေးခဲ့ပါဘူး။ (သူ့တို့ သားလေး သူ့တို့နဲ့ ခွဲပြီး ဇာတ်ကားနေက်လိုက်သွားမှာကြောက်လို့ပါ) ဗီဇက ဘယ်လိုတားတား တားလို့ မရပါဘူး ။ ဒါကြောင့်လည်း သူငယ်ချင်းများနဲ့ ဆုံရင်း နိုက်ကလပ်ကို (သွားဒန့်)သွားသွားကတက်ပါတယ်။ (စိတ်ကြီးတာပါ)

နောက်တစ်ခုကတော့ အတွင်းရေမှူးအရမ်းကိုဖြစ်ချင်ပါတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ သူဌေးတစ်ဦး ရဲ့ အရသာကို အတွင်းရေးမှူးကရရှိတယ်လို့ ကျနော်ထင်လို့ပါ။ သဌေး ဖြစ်ချင်တာကို အတွင်းရေမှူးက လိုက်လုပ်ပေးရလို့ပါ။ ကျနော် ဆန္ဒလေး အတိုင်း ကျနော် အတွင်းရေးမှူးကို ၁နှစ်နဲ့ သုံးလလောက် လုပ်ဖြစ်ခဲ့ပါတယ်။ သိလို့ ၊ တက်လို့ ၊ ကျွမ်းလို့မဟုတ်ပါဘူး လုပ်သက်အရ လုပ်ဖြစ်သွားတာပါ။ အမျိုးသမီး တွေက ကျနော်သဌေးရဲ့ ဆဲဆိုခြင်းကို မခံနိုင်ကျလိုလို့ ကျနော်ထင်ပါတယ်။ ကျနော် တောင် မျက်ရည် မကျတက်လိုပါ။ ကျတက်ရင်း ပုဆိုးနဲ့ မျက်ရည်သုတ်ရမဲ့ဖြစ်ခြင်းပါ။ -ီး လ -ျီး မွှန်ထူးနေအောင်ကိုဆဲတက်လို့ပါ ဘာပဲပြောပြော ဆန္ဒလေး ပြည့်ခဲ့ပါတယ်။

ကျနော်ကိုယ်တိုင် တည်ထောင်ထားတဲ့ မိသားစုလေး မဖြစ်ခင်မှာ အဖေပေးခဲ့တဲ့ မိသားစုလေးကို လိုလေသေးမရှိ ထားချင်တာ ခုကျနော်ရဲ့ ပထမဆုံးသော ဆန္ဒလေးပါ။ အဖေ ပေးခဲ့တဲ့ အမေရယ် ညီမလေးရယ် အကိုကမွေးတဲ့ တူလေးရယ်(ခုတော့ အဝေးမှာပါ။ အကိုက ဆုံးသွားပါပြီ (၂၀၀၇တုံးက) )ကို ပြည့်ပြည့်စုံစုံလေး ထားချင်တာ ကျနော်ရဲ့ အခုချိန်မှာ အကြီးမှာဆုံးသော ဆန္ဒပါ။ ဒီဆန္ဒလေး ပြည့်ပြီးဆိုမှလည်း ကျနော့်ကိုယ်ပိုင် မိသားစုလေး ကိုဖန်းတီးမယ်လို့ စဉ်းစားထားပါတယ်။

နောက်ပြီး ကိုယ်ချစ်တဲ့ ညီအကို မောင်နှမ သူငယ်ချင်းတွေနဲ့ ပျော်ပျော် ရွှင်ရွှင် နေချင်ပါတယ်။ စားအတူ လာအတူ သွားအတူ ပျော်ရွှင်စရာ ဘဝလေးကိုပိုင်ဆိုင်ပြီး ဘဝမှာ ပြည့်ပြည့်စုံစုံ ကြီးမဟုတ်တောင်းမှ ပူပင်နေရတဲ့ ဘဝမျိုးနဲ့ မနေချင်တာလဲ ကျနော့် ရဲ့ ဆန္ဒပါပဲဗျာ။

ညီမလေး မြူးသျှရီ ရေးစေချင်တဲ့ ဒီပို့စ်လေးကို မဆိုင်မတွပဲ ရေးပေးလိုက်ပါတယ်နော်။


18 comments:

ကြယ်ဖြူစင် said...

နံပါတ် ၁ မန့်ရပြီဝေး....အကိုဖြစ်စေချင်တဲ့
ဆန္ဒတွေအမြန်ဆုံးဖြစ်ပါစေ...
ခင်တဲ့
ကြယ်ဖြူစင်

yehtutnaung said...

ကိုရီနိုကြီး ဆန္ဒပြည့်အောင် အက အတွင်းရေးမှူး ဖြစ်ပါစေဗျာ..။ :)

သုဒြေ္န said...

မန့် ချင်လို့ ပြေးလာတာခလုပ်တိုက်မိတယ်

သုဒြေ္န said...

ယဉ်.ယဉ်လေးဘဲ မေးလိုက်ချင်တယ်ီး- လျီး-ဆိုတာဘာလဲဟင် အေးချမ်းသာယာပျော်ရွှင်ချမ်းမြေ့  ခြင်းနဲ့ ပြည့် စုံတဲ့ ဘ၀လေးအမြန်ဆုံး ရပါစေလို့ ဆဒ္နပြုရင်းခင်မင်မှုများစွာနဲ့  သုဒြေ္န

သီဟသစ် said...

ရီနိုရေ..
ဆန္ဒတွေ အာလုံးပြည့်ပါစေကွာ
Boss ပဲဖြစ်ပါစေကွာ..အတွင်းရေးမှူး မလုပ်နဲ့တော့..

်ခင်မင်စွာဖြင့်
သီဟသစ်

kiki said...

ကိုယ့်မိသားစုတွေရဲ့  လိုအပ်ချက်တွေ ဖြည့်ဆည်းပေးတာ အလွန်ကောင်းပါတယ် ။ အဲဒီက တဆင့်တက်ရင်တော့ ကိုယ့်လူမျိုး ကိုယ့်နိုင်ငံပေါ့ ...
ဖြစ်နိုင်တာတွေ ပြောနေတာ ပါ အတွင်းရေးမှုးရေ..
ခင်မင်လျှက် ..
မကိကီ

တောင်ပေါ်သား said...

အကိုရေ မိသားစုပေါ် တာဝန်ကျေပွန်တဲ့ အကိုအတွက် လိုအင်ဆန္ဒတွေ အမြန်ဆုံး ပြည့်စုံပါစေလို့ ဆုတောင်းပေးပါတယ်ဗျ


လေးစားလျက်
တောင်ပေါ်သား

Sein Lyan Tun said...

အက ကတတ်တယ်ဆိုတော့ ဖိုးချစ်နဲ့ ပွဲထောင်မယ်လေ
မကောင်းဘူးလား
သယ်ရင်းရဲ့ မိသားစုအပေါ်တာဝန်ကျေချင်တဲ့စိတ်ဓာတ်ကတော့လေးစာပါတယ်
ကျနော်ကိုယ်တိုင်လဲဒီဆန္ဒလေးကိုဖြည့်ပေးချင်တာပါး
အတွင်းရေးမှုးတော့မလုပ်နဲ့ကွာ
တို့ကဟော်တယ်တစ်ခုလုံးတောင် ဆောက်ဦးမှာဆိုတော့
အားမပေးဘူး
သဌေးပဲလုပ်မယ်
အားတင်းထားသယ်ရင်းရေ...
သယ်ရင်းကိုချစ်တဲ့
ဖိုးချစ်
ဖိုးစိန်

သားကြီး said...

ဆန္ဒလေးကိုလာရောက်ဖတ်ရှုသွားပါတယ်
ခုတော့လစ်ရတော့မယ် ကျနော့်ကိုတက်ထားပါပေါ့လား ဟရို့ :P

kaungkinpyar said...

လာ နိုက်ကလပ်သွားမယ်

Anonymous said...

ကိုကြီးးးး
ကျေးဇူးဘယ်လောက်တောင်ရေးချင်နေလဲသိဖူးရယ်
ဆန္ဒတွေပြည့်ဝပါစေနော်

Anonymous said...

ဆန္ဒနှင့် ဘဝများ ထပ်တူကျပါစေ ကိုရီနိုရေ ...
နေဒေးသစ်။

myittaryongpyan said...

မောင်လေးရဲ့ ဆန္ဒလေးတွေ အချိန်တိုတိုအတွင်း ပြည့်ဝပါစေနော်။

ခင်တဲ့
မကြီး

Anonymous said...

မောင်လေးဖြစ်ချင်တဲ့ ဆန္ဒလေးတွေ အမြန်ဆုံးပြည့်ပြီး ပျောရွှင်တဲ့ မိသားစုလေးဘ၀ကို ပိုင်ဆိုင်နိုင်ပါစေ။

ဂျပန်ကောင်လေး said...

အစ်ကိုရေ.. အတွင်းရေးမှုးက ဖြစ်ပြီးပြီလေ.. အဟီ

မြစ်ကျိုးအင်း said...

ဖြစ်ချင်တဲ့ဆန္ဒတွေ ဖြစ်ရမှာပါ သူငယ်ချင်းရာ
စိတ်မလျှော့နဲ့...
အတွင်းရေးမှူးပဲလုပ်ရမှ ပျော်မယ်ဆိုရင် ကုမ္ပဏီထောင် ရင် ဆက်သွယ်လိုက်မယ်...အားတိုင်းတဂ်ထားတဲ့ အညိုးတွေနဲ့ တွေ့ကြသေးတာပေါ့...နောက်တာနော်
တကယ်စိတ်ဆိုးသွားမှဖြင့်

ဂျစ်တူးလေး said...

ဆန္ဒတွေ ပြည့်ပါစေနော် တကယ်ဆုတောင်းပေးပါတယ်

ကိုလူထွေး said...

အခုတလော အသစ်တွေတင်တာ ရွှတ်ခနဲ ရွှတ်ခနဲလားလို့...

လိုအင်ဆန္ဒတွေ အားလုံး တလုံးတဝတည်း ပြည့်ပါစေဗျား...

းဝ)