June 5, 2009

နှစ် ၂၀ လွန်မြောက်သော် (တက်ခ် ပို့စ်)

ဒီပို့စ်လေးကို အတက်ခ်ခံထားရတာ ကြာသွားပါပြီ။ လူလည်း စိတ်နဲ့ကိုယ် မကပ်တာကြောင့် ဘယ်လိုကဘယ်လို စရေးရမှန်း မသိတာနဲ့ မရေးဖြစ်ခဲ့တာပါ။ ခုတော့ အကြွေးလည်း ဆပ်သင့်ပြီထင်လို့ ကိုနေညိုရင့် နဲ့ ညီလေးဝသန် တို့ကိုဆပ်လိုက်ပါတယ်ဗျာ။

........တီ........တီ..........တီ.........တီ.........( ကားဟွန်းတီးသံပါ)..........
ဟာ... ဘာဖြစ်လို့ ဒီလောက်တောင် တီးနေရတာလဲကွ။ စိတ်ဆိုးဆိုးနဲ့ အိမ်ပြင်ကို ထွက်လာခဲ့ပါတယ်။ အိမ်ရှေ့မှာ ဘုရားဖူးယာဉ် တစ်စီးရပ်ထား တာကိုတွေ့လိုက်ရတယ်။ ကားပေါ်မှာတော့ ဘယ်သူတွေမှန်း မသိဘူး။ အများကြီးပဲ။ စိတ်ထဲလည်းတွေးနေမိတယ်။ ဘာလုပ်တာလဲပေါ့။ တွေးနေ ငေးနေတုံးမှာပဲ................................


ကြယ်ဖြူစင် ဆောက်လုပ်ရေးပိုင်ရှင် တစ်ချိန်တုံးက အသည်းကွဲ ဘုရင်မလို့ ခေါ်တဲ့ ကြယ်ဖြူစင် ဆင်းလာပြီး ရန်တွေ့ပါတော့တယ်။ “ လွန်ခဲ့တဲ့ နှစ်၂၀က အကျင့်တွေ ခုထိမပျောက်သေးဘူးလား” တဲ့လေ။ “အမဝါ သမီးလေး မင်္ဂလာဆောင်ပြီးရင် ထာဝရကြယ်စင်အလှကုန်ပိုင်ရှင် ညီမလေးမိုးခါး စီစဉ်တဲ့ ဘလော့ဂါး မောင်နှမတွေ မြန်မာပြည် အနှံ ဘုရားဖူးသွားပါမယ်လို့ ပြောထားတာကို မသိချင်ယောင် ဆောင်နေတယ်ပေါ့လေ”

“ သွား ကားပေါ်တက်” ကြောက်စရာ ပဲခူးသူ ကြယ်ဖြူစင်ရဲ့ အမိန့်သံပါ။ ( သူမ အမျိုးသားဆီက ဓာတ်ကူးလာတယ် ထင်ပါ့)

အိတ်ယူဖို့ အိမ်ဘက်သို့ လှည့်လိုက်စဉ်မှာပင် ကားပေါ်မှ အတင်းပြေးဆင်းလာတဲ့ အသားဖြုဖြူ အရပ် မနိမ့်မမြင့် တဲ့ ကောင်းလေးတစ်ယောက်
“ ကိုရီနို ..ကိုရီနို အိမ်သာ ဘယ်မှာလဲဗျ” ဖြစ်မှုဖြစ်ရလေ ညီလေးဂျပန်ရယ်။ ရောက်တဲ့နေရာမှာ ညီလေးအတွက် အိမ်သာကို ရှာထားပေးမှ ရမဲ့ပုံပါ။

“ ကဲကဲ သွားတာလည်းသွားတာပေါ့။ ရောက်တုံးလေးအိမ်ထဲ ဝင်လည်ကျပါအုံးကွာ။ ” ကြွားချင်လို့ပါ။ မနှစ်ကမှ အင်္ဂလန် က ပြန်လာပြီး ကိုယ်စိတ်ကြိုက် ဆောက်ထားတာ ဆိုတော့ လည်းကြွားချင်တာပေါ့နော်။

ဟန်ဖုန်းလေးပြောရင်ဆင်းလာတဲ့ မေတ္တာရောင်ပြန် စိန်ရွှေရတနာ ဆိုင်ပိုင်ရှင် မကြီးပါ။ “ မောင် .. မတို့ ခု မောင်လေးရီနို အိမ်ကိုရောက်နေပြီ။ ဒီမှာခဏနေပြီးရင် ခရီးဆက်ထွက်တော့မှာ နော်။ ဘာမှစိတ်မပူနဲ့ သိလား”
စစ်သားမယား သိပ်ကိုပီသပါတယ်။ ရောက်တဲ့နေရာကနေသတင်းတွေပို့နေတော့တာပါပဲဗျာ။

နောက်တစ်ယောက်တော့ ဆင်းလာပြီး အပြေးလာဖက်ပါတော့တယ်ဗျာ။
“ ချစ်သယ်ရင်းရာ ဟိုနေ့သမီလေး မင်္ဂလာဆောင်မှာလူကများ နေတာနဲ့ ကောင်းကောင်း စကားမပြောရဘူးကွာ။ ခုမှပဲ အေးအေးဆေးဆေး ရှေ့ဟောင်းနှောင်းဖြစ် တွေပြောကြတာပေါ့ကွာ” ဘယ်သူထင်လဲ.... ကျနော့ရဲ့ ချစ်သယ်ရင်းကြီး ဖိုးချစ်ပေါ့ဗျာ။

“ မင်းတို့ ကို ငါဘာပြောထားလဲ။ ဒီကိစ္စကို ငါ့အိမ်ကို အသိမပေးပါနဲ့လို့ ပြောထားတာ အခါနှစ်ဆယ်ရှိနေပြီနော်” ဟီးဟီး ဘယ်သူများလဲလို့ထင်လဲ။ အသက်အငယ်ဆုံး ညီလေး ခွက်ခွက် ရယ်ပါ။ သူကဆက်ပြောပါသေးတယ်။ ဘာတဲ့ “ အဒေါ်တွေ သိရင်ငါ့ကို ကွိုင်းမှာကွ”

ကျန်တဲ့ လူတွေကတော့ တပြိုင်တည်း တသံတည်း လှန်အော်ပါတယ်။

“ မဆင်းတော့ဘူးဟေ့ ကိစ္စတွေပြီးရင် သွားကြမယ်” တဲ့

ဒါနဲ့ ကျနော်လည်း အဝတ်အိတ်ဆွဲ ပြီး ကားပေါ်ကိုတက်လာခဲ့တယ်။

ဟော့ တွေလို့ရပါပြီ။ သမီးလေးကိုစိတ်ချလက်ချ သမက်လက်ကို အပ်ပြီး ဒီမောင်နှမတွေနဲ့ ပျော်ပျော်ရွှင်ရွှင် ခရီးထွက်ချင်လို့ ယောက်ကျားဖြစ်သူ ဦးဥာဏ်ကို ထားခဲ့တဲ့ အမဝါ ပါ။ ဦးဥာဏ် ကတော့ ငါ့မှာအလုပ်ကရှုပ်ရတဲ့ ကြားထဲ သူ့ဆေးရုံးကြီးကိုပါ လှည့်ကြည့်ပေးရအုံးမယ် ဆိုပြီး အန်တကြိတ်ကြိတ်နဲ့ ကျန်ခဲ့ရတာပါ။

မျက်လုံးလေးပြူးပြီး ကျနောကိုပြုံးပြနေတာ ဘယ်သူများလဲ မှတ်ပါတယ်။ တောင်ပေါ်သား ခရီးသွားဝန်ဆောင်မှု ပိုင်ရှင် တောင်ပေါ်သား ပါ။ သူကတော့ ဒီတစ်ခါ မိုးခါးနဲ့ ပေါင်းပြီးဒီခရီးလေး ကို စီစဉ်လိုက်တာပါ။ ခုလည်း သူ့ကားနဲ့ပေါ့။ အဲကွန်းကလည်း ကောင်းမှကောင်း အေးစိမ့်နေတာပါပဲ။

တစ်ကားလုံး သူ့တို့နှစ်ယောက် ရယ်သံကြီးပဲ။ ဘယ်သူများလဲ မှတ်တယ်။ အမျိုးတွေလေ။ အရယ်သန်သန် မကောင်းကင်ပြာနဲ့ ငါ အဲလို မရယ်ချင်ဘူးဆိုတဲ့ ကိုသီဟသစ်ရယ်ပါ။ နောက်သူတို့နောက်ကနေထိုင်ပြီး လိုက်ရယ်နေတဲ့ ညီလေးဂျယ်ဂျယ်ပါ။

သယ်ရင်းဖိုးစိန်နဲ့ အဖွဲ့ကျနေတဲ့ မနောဟရီစာပေတိုက်ပိုင်ရှင် မနော်ပါ။

နေညိုရင့်သင်္ဘောဌာနေကိုယ်စားလှယ် ကိုနေညိုရင့်ကတော့ ဂျပန်ကားတွေသန့်သန့်လေးတွေပဲရောင်းတဲ့ ညီလေးဝသန်မိုး နဲ့ အတူတူ ထိုင်ပြီးစကားပြောရင် ကျနော်ကိုလှမ်းနှုတ်ဆက်ပါတယ်။

ကားရဲ့ နောက်ဆုံးတန်းမှာခန့်ခန့်ကြီးထိုင်နေတဲ့ ဦးရှင်ကြီး၊ စနေသား နှင့် နေ့တစ်။

အမလေး ပါသေးတယ် ပါသေးတယ်။ တစ်ချိန်တုံးက မော်စကိုး မင်းသားတွေလို့ နာမည်ကြီးနေကြတဲ့ မောင်ငယ်၊ နေဒေးသစ်၊ ကိုရဲ ၊မနောသားတို့လည်းပါကြပါတယ်။ နောက်ပြီး ကျနော်ကို သဌေးကြီးဖြစ်မယ်လို့ ကြိုတင်ဟောစာတမ်းထုတ်ပေးတဲ့ မမသီရိ၊ USA ကိုသွားလည်တုံးက သူအိမ်မှာ တစ်နေ့တစ်မျိုး မရိုးရအောင်တစ်မျိုးပြီး တစ်မျိုးချက်ကျွေးတဲ့ ညီမလေး မြူးသျှရီ လဲပါတယ်။

သူနဲ့ ခင်ပြီးနောက်ပိုင်း ကျနော်အကြောင်းလေးတွေပါသူ့ဘလော့ဂ်လေးမှာရေးတင်လိုက်တဲ့ ကိုမြစ်ကျိုးအင်း ၊ခုတော့ သိပ်မသောက်ဖြစ်တော့တဲ့ ညီလေးအိုက်ခီနဲ့ လူပျင်းလေး ခီခန့်လည်းပါပါ့။ ညီလေးမိုးစက်အိမ်လည်းပါတယ်။

အမလေးဗျ ဒီအတိုင်းသာ လိုက်ပြောပြနေရင်တော့ နောက်ထပ် အနှစ်၂၀တောင်ကုန်သွားမယ် ပြောလို့ ကိုးပြီးမှာမဟုတ်တော့ဘူး။အဲ့တော့ ဟိုတယ်ကို ပို့ထားတဲ့ လူစရင်းတွေကို အောက်မှာသာ ရှာဖတ်ပါတော့ဗျာ။
အသက်ကလည်း ၄၈နှစ်ရှိပြီးဆိုတော့ ဇရာကလည်း ကျလာပြီလေ။

ပျော်စရာ ခရီးလေးတစ်ခုပါ။ မထင်မှတ်မဲ့ အမဝါ သမီးမင်္ဂလာဆောင်မှာ တွေကျပြီး ဒီခရီးလေးကို စီစဉ်လိုက်တဲ့ ညီမလေးမိုးခါးကော အလုပ်တွေကို ပြစ်ထားပြီး ဒီမောင်နှမတွေနဲ့ ပျော်ချင်တာထက် တွေ့ချင်ကျတဲ့စိတ်တစ်ခုနဲ့ အလုပ်တွေကိုပြစ် ၊ ရထားတွဲတွေကို ဖြုတ်ပြီး လိုက်လာကျတဲ့ ညီအစ်ကိုမောင်နှမတွေကို ပြင်ဦးလွင် ရောက်တဲ့ အခါကျရင် ကျနော်ဖွင့်ထာတဲ့ ရီနိုမာန် ဟိုတယ်မှာ အလကား တည်းဖို့နဲ့ ကျနော်နဲ့ ပန်ပန်ရှယ်ယာဖွင့်ထားတဲ့ စားသောက်ဆိုင်မှာ မနက်၊နေ့လည်၊ ညစားတွေအတွက် စီစဉ်ထားပြီး ၊ ရောက်ရောက်ချင်း ညမှာ ဟိုတယ်အတွင်းမှာရှိတဲ့ ကလက်ပ်ထဲမှာတော့ ဘုရားမဖူးခင် စိတ်ပြေလက်ပျောက် ကဲလိုက်ကြရအောင်လားဗျို့..........................................


အော်မေ့လို့ တောင်ကြီးရောက်ရင် သယ်ရင်းဖိုးချစ်နဲ့ အတူပေါင်းဖွင့်ထားတဲ့ ဟိုတယ်မှာပဲ တည်းကျရမှာနော်။

.............ပြီးပါပြီ..........စိတ်ကူးယဉ် လို့..................................

မှတ်ချက်။ ။ အသက်အားဖြင့် လူကြီးပိုင်းရောက်သွားကျပင်မဲ့ ဒီမောင်နှမတွေ ပြန်တွေ့ကျတဲ့ အချိန်မှတော့၂၀၀၉၊၂၀၁၀ တုန်းကတွေ့ကျသလိုပဲ နုပျိုလန်းဆန်းနေတုံးပါပဲ။ ဒါကြောင့် ကျနော်ရဲ့ အရေးအသားမှာ လူကြီးစိတ်နဲ့ ရေးသားထားခြင်း မရှိတဲ့အတွက် လာရောက်ဖတ်ရှုသူ အပေါင်းလည်း နုပျိုခြင်း နှင့် တက်ကြွစွာ လှုပ်ရှားနိုင်ပါစေ လို့ ဆုတောင်းရင်း ........................


ဟိုတယ်သို့ပို့ထားသော လူ စရင်းပါ။





16 comments:

Sein Lyan Tun said...

အဟီး
သဘောအကျဆုံးကတော့
စစ်သားမယားပီသတယ်တဲ့
ရောက်တဲ့နေရာသတင်းပို့တယ်တဲ့
တကယ် အသံထွက်ရယ်မိတယ်
နာ့ အမကြီးကိုပဲ ထိခိုက်နေတယ်
သနားပါတယ်
သူဘာဝတ်ထားသေးလဲ
စကတ်နဲ့ ပဲလား
အဟီးးးဟီးးးး

Sein Lyan Tun said...

ချစ်သယ်ရင်းကြီးနဲ့ အတွေးတွေ အမြင်တွေ ဖလှယ်ချင်ပါသေးတယ်ဗျာ...
ပြောပါအုံး
တို့ ချစ်သယ်ရင်းဟိုတယ်နာမည်

ိDIAMANT DE REENOE HOTEL လို့ နာမည်ပေးမယ်ကွာ....
7 stars ကွာ

Sein Lyan Tun said...

ဒီခရီးလေးနဲ့ အတူ ဒီညီအကိုမောင်နှမတွေ
သွားဖို့ အားသန်လျှက်
နှစ်ဆယ်မှ မဟုတ်ဘူး
လာမယ့် နှစ်နှစ်အတွင်းပေါ့
သယ်ရင်းရေ....
ချစ်စွာသော
ဖိုးချစ်

ကြယ်ဖြူစင် said...

ကိုရီနိုကြီးကအရမ်းတော်တာဘဲ..ရေးတတ်တယ်. ပျော်စရာကောင်းလိုက်တာဖတ်ရတာ..ကြယ်ဖြူစင် ဆောက်လုပ်ရေးပိုင်ရှင်တဲ့..ကောင်းပါ့...အမိန့် ပေးတာကတော့ပဲခူးသူမို့ပါနော်..ဓါတ်ကူး တာဟုတ်ဘူး... ဟွန်း...စားသောက်ဆိုင်ကို ၃ယောက်ရှယ်မယ်လို့ပြောတုန်းကပြောပြီးတော့ ခုတော့ပန်ပန်နဲ့၂ယောက်ထဲကြိတ်လုပ်လို့ ရမလား..မရဘူး..ကြယ်ဖြူစင်ပါခုရှယ်ယာထည့် ဒါဘဲ..မောင်နှမတွေအဲဒီလိုခရီးတစ်ခု သွားချင်ပါသေးတယ်ကိုရီနိုရယ်..
ခင်တဲ့
ကြယ်ဖြူ

မိုးခါး said...

ဟဟ
ခရီးကတော့ထွက်နေပီ ပါးစပ်နဲ့ .. ဟုတ်နေတာပဲနော် .. ပျော်စရာကြီး
ဆန္ဒရှိရင်ဖြစ်ရမှာပေါ့ ဟုတ်ဘူးလား
:D

အိုက် ချီ ခန့် said...

အဟဟ...
တိုရီနို ကျန်သေးတယ်တခု ဘာလဲ သိလား
ကိုဖိုးစိန်ပေါ့ “ ငါနံပတ် ၁ ကွ မင်းကိုဖက်တာ နံပါတ် ၁ လို့အော်လိုက်သေးတယ်လေ.. ကျယ်လွန်းလို့ ကားထဲကနေကြားတာ.. အဟဲ”
နောက်ပြီး မကြီးရောင်ပြန်ပေါ့... “မောင်.. ချစ်ကိုမမေ့နဲ့နော် သတိရနေနော်..” ဆိုပြီး တိုးတိုလေး ဖုန်းမချခင်လေး ပြောလိုက်တာ ကျတော်ကြားရတယ် အဟီး..။ အဟဟ... အဆိပ်ခွက်က ထပ်ပြောလိုက်သေး.. “ငါလာတာ ငါ့ဆော် ကိုအကုန်ပြောခဲ့ဖူးတွ တိတ်တိတ်နေ အယောက်တိုင်းလိုက်ပြောဖို့မအားဖူးတွ.. ၃ယောက်လောက်ပဲပြောခဲ့တယ် ” အဲလိုလေး တိုးတိုးလေး လာပိတ်သေးတယ် “မင်းတိတ်တိတ်နေ တဲ့ ဒီအကြောင်းမင်းပဲ သိတာ မင်းဖွရင် ဘီယာမတိုက်တော့ဖူး ” တဲ့ အဲ့လိုလေးပြောသေးတယ်..။
ဦးရှင်ကြီးကလဲ.. “ဟေ့ကောင် .. ငါ့အတွက် ရှမ်းမလေး ချောချောလေး ကြည့်ထားပေးပါကွာ ငါက အမေ့ကိုဒုတ်ခမပေးချင်ဖူး မင်းကိုအားကိုးပါရဲ့ ” တဲ့....
အဲလိုလေး အဲ အဲ စနေကလဲ “ဟေ့ကောင် ငါ့မျက်မှန်စတိုင်ကျလား ကောင်မလေးတွေငေး လောက်ပါတယ်နော်.. အဟဲ ” တဲ့ သူကဘဲများနေတာ စာကြည့်လို့ မျက်မှန်ကလဲ ထူလှပြီ.. အဟီး...။
ဒါကတော့ ခီခန့်လေး သိသလောက်လေး... ကျန်သေးတယ်အများကြီး စာရှည်သွားလို့... ဒါလောက်ပဲနော်... အဟီး..။


ခင်တဲ့ ခီခန့်(လူပျင်းလေး)

ကိုရင်နော်ခင်လေးငယ် said...

အဲ့ဗျာ..
ကျွန်ုပ်တို့လည်း ပါတယ်လား...
လိုက်တယ်ဗျာ..
ပျော်စရာပါပဲ..

အရေးအသားလေး မြူးတယ်..း)

ဂျပန်ကောင်လေး said...

ဘုရားဘုရား.. ငါ့နှယ် တသက်လုံး ဒီအိမ်သာနံမည်နဲ့ နေရတော့မယ်ထင်ပါ့.. ကိုရီနိုရေ.. အဲဒီနေ့က ကားပေါ်မတက်ခင် ပါထားပြီးသား.. ထပ်မဆင်းတော့ဘူးနော်..း) ကားပေါ်မှာ အငွေ့တွေပဲလွတ်မယ်... ဟီးဟီး

yehtutnaung said...

သင်္ဘောသီးတွေ မစားချင်ဘူးဗျို့ ..။ :P
ကောင်းပါတယ်ဗျာ...။ နောင် အနှစ် ၂၀ မှာ အားလုံး အဆင်ပြေနေကြတာ ၀မ်းသာပါတယ်..။ Tag စာရေးပေးတဲ့ အတွက်ကျေးဇူးပါဗျာ...။

WWKM said...

အမယ်လေးး တစ်ဆွေလုံးတစ်မျိုးလုံးပါလား မောင်ရီနို
ရေ....း))) တောင်ပေါ်သားလေးပိုင်တဲ့ ကားဘယ်နှစီး
နဲ့သွားမှာတုန်းးး တောင်ပေါ်သားလေးက သဘောကောင်းတယ် အားလုံးကို ဖရီးတဲ့..း)))

ပျော်စရာကြီိးနော်..အဲလိုဆိုရင် ..သွားကြတာပေါ့လေ..
ဦးဥာဏ်ရောခေါ်လာမှာနော်.. ဦးဥာဏ်တစ်ယောက်
တည်း သနားပါတယ်.. ဟတ်ဟတ်.

ပျော်ရွှင်ကြပါစေ.

မြစ်ကျိုးအင်း said...

စိတ်ကူးကောင်းတယ်ဗျ..အားလုံးစုစည်းဘို့ မလွယ်ပေမယ့် တကယ်ဖြစ်ချင်တယ်

Anonymous said...

ဟဟ .. စိတ်ကူးကောင်း အတွေးကောင်း အရေးကောင်း .. ဟိုတယ်တော့ မကောင်းဘူး ဟိုတယ် နောက်တစ်လုံး ပြောင်းပေး ကြယ် ၁၀ ပွင့် ဟိုတယ်ပဲ တည်းမယ် ... ဒါဘဲ :D

မိုးစက်အိမ် said...

အကိုရေးသွားတဲ.စိတ်ကူးလေးကောင်း
တယ်ဗျာ...ကဲ လန်းကြဖို. အားမွေး
ထားပြီနော် ကိုရီနိုကြီးရေ....
အားပေးလျက်ပါဗျာ

မသက်ဇင် said...

လာဖတ်သွားတယ်နော်
ခင်မင်လျက်

ဝသန်မိုး said...

နောင်အနှစ် ၂၀ မှာ
တကယ် သာ ဘလော့ဂ် ဂါ မောင်နှမတွေ
ခရီး တူတူထွက်ဖြစ်ရင် တော်တော်
ကောင်းမှာပဲ ဗျ
ဒါပေမယ့် အခုတလောတော့
ဘာဖြစ်တယ် မသိဘူး
မောင်နှမတွေ လည်း
ရွှေပြည်ပြန်တဲ့သူကပြန်
နားပါမည် ဆိုတဲ့သူကနား
ဘလော့ဂ်ကို ဖျက်သိမ်းတဲ့သူကသိမ်းနဲ့ 
း(
ကိုရီနို မရောင်က ဘာလို့ ဘလော့ဂ် ဖျက်လိုက်တာလဲဗျ
ဘာများဖြစ်လို့ လည်းမသိဘူး နော် ။
မမန့် ထားသေးဘူးဆိုတော့
ကျွန်တော်ရေးထားတာ တွေ့ မယ်ထင်ပါရဲ့ 
ဘာများဖြစ်လို့ ပါလိမ့် မရောင်ရေ့ ။

ခင်တဲ့
ညီဝသန်

Anonymous said...

အမ် ငါ့ကိုဖွထားသေးတယ်နော့်။ ဘယ်ရမလဲ အဲဒီရက် မောင်ကလည်း ခွင့်ရလို့နားနေတယ်လေ။ သူပါ နောက်ကနေ လိုက်ခဲ့မယ်တဲ့ အခုပဲ ဖုန်းပြန်ဆက်တယ်။ ဟိုတယ်ကို ပေးထားတဲ့စာရင်းထဲမှာ ရောင့်ရဲ့မောင် လို့ထည့်ပြီး ပို့ထားပေးအုံး။ :D
ဖိုးစိန် ဒီအရွယ် စကပ်ဝတ်စရာလား ရှင်တို့ကိုမနိုင်မှာ စိုးလို့ ဘောင်းဘီခါးပတ်ပတ်ပြီး ၀တ်လာတယ်။ ဟွန့်
:)))

ခင်မင်လျှက်
မကြီး