June 4, 2009

ပု စ ၦာ


ခရေပင်ကြီးရဲ့ အောက်မှာ
ဒို့ နှစ်ယောက်ထိုင်ခဲ့ဖူးတာတွေ
ကမ်းဘောင်ပေါ်မှာ
ဒို့နှစ်ယောက် လျှောက်လှမ်းခဲ့တာတွေ
ဒါတွေက ခုတော့ အိမ်မက်တွေလား

ဒို့နှစ်ယောက် ထားခဲ့ကြတဲ့
သစ္စာ ဂတိတွေ ဘယ်ရောက်ကုန်ပြီလဲ
“ ချစ်ပါတယ်”ဆိုတဲ့ မင်းရဲ့အသံတွေ
ဘယ်သူ့ဆီ ရောက်သွားပြီးလဲ

အပြောလွယ်ပြီး လက်တွေ့မကျတဲ့
မင်းကို မုန်းမေ့လိုက်ရမှာလား
တကယ်တန်းကျတော့ မင်းဟာ
ငါ့အတွက် သင်ခန်းစာ
တစ်ပုဒ်လို ပါပဲလားကွာ....................



11 comments:

ကိုလူထွေး said...

သင်ခန်းစာတွေ ဘယ်နှစ်ပုဒ်တောင် လေ့လာခဲ့ပြီးပြီလဲ

းဝ)

Anonymous said...

စာလုံးပေါင်းမှားနေတယ်.. ပု စ္ဆာဖြစ်ရမှာပါ... :)

ကောင်းကင်ပြာ said...

ပုဒ်စာ ၂ပုဒ်ဖြစ်နေပီ၊ အမြန် အဖြေထွက်ပါစေ မောင်လေး

Sein Lyan Tun said...

အသဲကွဲနေတာလား
နာကျင်ခံစားနေတာလား
မိန်းမ တစ်ယောက်အတွက်နဲ့တော့
ဒီလောက်မခံစားပါနဲ့
ပျော်ပျော်နေပါ
မိန်းမနဲ့ ပတ်သက်တဲ့သင်ခန်းစာတွေ မလိုချင်ပါနဲ့
ကိုယ်တိုင် သင်ခန်းစာကို ပို့ချတဲ့ ဆရာဖြစ်နေပါစေ
သယ်ရင်း မပျော်ရင် မနေတတ်လို့
ချစ်တဲ့
ဖိုးချစ်

Ree Noe Mann said...

စာလုံးပေါင်း ပြင်လိုက်ပါပြီ။ ကျေးဇူးတင်ပါတယ်နော်။
နောက်လည်း လာပြင်ပေးပါ။စိတ်မဆိုးတက်ပါဘူးဗျာ။

-ဖိုးစိန် သယ်ရင်းရေ ကျေးဇူးပါကွာ
ကဗျာလေး အဖြစ်သာ တင်လိုက်တာပါ။
ဘာခံစားချက်မှ မရှိပါဘူး။ လွန်ခဲ့တဲ့ နှနှစ်လောက်က
ရေးထားတာပါ။

ကိုလူထွေး---------အသက်နှင့်အမျှပါပဲဗျာ

ကောင်းကင်ပြာ---- အဖြေကရှိပြီသားပါဗျ့။

လေးစားလျှက်
ရီနိုမာန်

မိုးခါး said...

ဟင်
ဒီလိုလား :D

Anonymous said...

လာဖတ်သွားတယ်နော်
း)))

Anonymous said...

ကိုရီနိုရေ .. ကမ်းဘောင်လား ကန်ဘောင်လား .. ကျွန်တော်ကတော့ ကိုရီနို ကန်ဘောင်လို့ ရေချင်တာများလားလို့ ထင်မိတယ် .. ဒါပေမယ့် ကမ်းဘောင်လည်း ဖြစ်တော့ ဖြစ်နိုင်ပါတယ်လေ .. မြစ်တစ်ခုရဲ့ နဘေးက ကမ်းဘောင်ပေါ်မှာ ချစ်သူ ( ၂ ) ယောက် အတူ လျှောက်လှမ်းခဲ့တာမျိုး .. အဲဒါလည်း ဖြစ်နိုင်ပါတယ် .. ကန်ဘောင်ဆိုတာကတော့ ရန်ကုန်မြို့ရဲ့ နာမည်ကြီးဆိုတော့ ချစ်သူတော်တော်များများလည်း သွားဖူးကြတယ် ဆိုတော့က ကျွန်တော်က အဲဒီ့ အင်းလျားကန်ဘောင်များ ဖြစ်မလားဆိုပြီး တွေးမိသွားလို့ပါ ... နေရာက အဓိကတော့ မဟုတ်ပါဘူးလေ .. အဓိကက ကဗျာက ပေးတဲ့ ခံစားချက်ပါ .. ဒါပေမယ့် နေရာလေး တိတိကျကျ သိရရင်တော့ ကဗျာလေးများ ပိုအသက်ဝင်သွားမလားလို့ ... တကယ့် အဖြစ်အပျက်မဟုတ်ဘူးဆိုရင်လည်း ကိုရီနိုစိတ်ကူးထဲက နေရာက ဘယ်နေရာနားမှာ သူတဲ့ လမ်းလျှောက်ခဲ့ဖူးတာလဲ .. ???

မိုးစက်အိမ် said...

ကိုရီနိုကြီး ကဗျာ မိုက်တယ်ဗျာ...သင်ခန်းစာ
အတွက်တော. ထားလိုက်ပါဗျာ...ကျွန်တော်
တို.တွေ တစ်ကနေ ပြန်စကြတာပေါ....အားပေးလျက်ပါ
အကိုရေ

ဖိုးဂျယ် said...

အကိုရေ ဒီလို စာလေးတွေ ဖတ်နေရမယ်ဆို
ဝမ်းသာတယ်ဗျ ရှိနေသလိုပဲ ခံစား၇တယ်။
လာမတွေ့နိုင်တာက အခက်ခဲရှိလို့လေ

ပျော်ရွှင်ပါစေ ကိုကိုနိုနိုရေ

ညီလေး ဖိုးဂျယ်

yehtutnaung said...

အဲဒီ သင်ခန်းစာ ပုဒ်စာတွေ မလိုချင်တော့ပါဘူးဗျာ။ :|