June 3, 2009

တွေ့ဖူးသော ဘလော့ဂ်ဂါးများ ( တက်ခ် ပို့စ် )

ညီလေး အဆိပ်ခွက် တက်ခ်ထားခြင်းဖြစ်ပါတယ်။ စဉ်းစားတက်တဲ့ ညီလေးကိုလည်း လေးစားပါတယ်။ ဘလော့ဂ်ဂါး တော်တော်များများက ဒီစင်ကာပူမှာ ရှိကြပါတယ်။ ဒီလောက်သေးတဲ့ ကျွန်းလေးပေါ်မှာတောင် တစ်ဦးနဲ့ တစ်ဦးတွေ့ဆုံဖို့ ဆိုတာမလွဲပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ အားလုံးက မိဘက ချမ်းသာလို့ ပိုက်ဆံလာဖြုန်း နေကျတာမှ မဟုတ်တာ။ ပိုက်ဆံကြောင့် ကိုယ်ချစ်တဲ့ မိသားစု ၊ ညီအစ်ကို မောင်နှမ ၊ ချစ်သူတွေကို ခွဲပြီးမှ ဒီမှာ ပိုက်ဆံလာရှာနေရတာပါ။ တစ်ချို့ဆို ကျောင်းတက်နေတယ်။ သူ့တို့လည်း ပိုက်ဆံ ရှိလို့မဟုတ်ပါဘူး။ ဒီလိုပဲ ကြိုးစားနေရတာပါပဲလေ။

သို့ပင်မဲ့ လူဆိုတာ တစ်ဦးတစ်ယောက်ထဲနေလို့ ရတဲ့အမျိုးမှမဟုတ်တာ။ ပတ်ဝန်းကျင် အသိုင်းအဝိုင်းနဲ့ နေကျရတာပါ။ ချမ်းသာတဲ့ လူက ချမ်းသာတဲ့ အသိုင်းအဝိုင်းနဲ့ ဆင်းရဲတဲ့ လူကလည်း သူ့အသိုင်းအဝိုင်းနဲ့ သူဆိုတော့ ခုကျနော်တို့ ဘလော့ဂ်ရေးတဲ့ လူတွေကလည်း ဘလော့ဂ် အသိုင်းအဝိုင်းလေးနဲ့ပေါ့ဗျာ။

ဒီလို သူ့အသိုင်းအဝိုင်းလေးနဲ့ သူဖြစ်နေချိန်မှာ တစ်ဦးနဲ့ တစ်ဦးတွေ့ဆုံဖို့ဆိုတာလည်း ဖြစ်လာပါတော့တယ်။ ကျနော်ကိုယ်တိုင်က ဒီအသိုင်းအဝိုင်းလေး ကိုရောက်လာ၂လကျော်ပဲရှိပါသေးတယ်။ ဒီ၂လ ကျော်လေး အတွင်းမှာ တွေ့ဖူးလိုက်တဲ့ ဘလော့ဂ်ရေးသော မောင်နှမများကတော့.........................


၁) မကြီး မေတ္တာရောင်ပြန် ........ မကြီးကို အရင်ဆုံးမြင်ဖူးခြင်းပါ။ မကြီးက သဘောကောင်းတယ်။ စကားပြောလည်း ကောင်းတယ်။ ဒါကြောင့် ပန်ပန်က ပြောတာ။ မကြီးက အရမ်းစွံ့တယ်နော်တဲ့။ တစ်ခါတစ်လေ သူ့ကိုသူပြောတယ်။ ငါက ကလေးခေါင်းဆောင်တဲ့။ မကြီးမှာ ထူးခြားတာတစ်ခုက သူအသည်းကွဲရင် သူများနဲ့ မတူဘူး။ ပထမ တစ်ခါကွဲတုံးက (အသည်း) ရုပ်ရှင်ကြည့်တယ်။ ဒုတိယ တစ်ခါကွဲတုံးက (အသည်းပဲနော်) စတိပ်ရှိုးသွားကြည့်တယ်။ နောက်တစ်ခေါက်ဆိုရင်တော့ ကျနော်လည်း မပြောပြတက်တော့ဘူး...ဟီးဟီးး.....

၂) ညီလေး အဆိပ်ခွက်........ ရုပ်ရှင်သွားကြည့်တဲ့နေကပေါ့။ သူ့ကို မြင်ဖူးလိုက်တာ။ သူလည်း ထူးခြားတယ်ဗျ။ သူက ကျနော်တို့ အဖွဲ့ထဲမှာ အသက်အငယ်ဆုံး။ အဆိုးဆုံးလို့လည်းပြောလို့ရတယ်။ ( အဲ့ဒါ မကြီး နဲ့ မိုးခါး ပြောတာ) ဘာဖြစ်လို့လဲ ဆိုတော့ တစ်နေ့ကို လူတစ်ယောက်စီကို ဖုန်းအခါနှစ်ဆယ်စီခေါ်တယ်တဲ့။ ဒါပင်မဲ့ သူခေါ်တဲ့ လူတွေထဲမှာတော့ ကျနော်တို့ လုံးဝမပါပါဘူး။ ကံကောင်းသူများကတော့ မကြီး ရောင်ပြန်၊ ညီမလေးမိုးခါးနဲ့ ညီမ ကြယ်ဖြူစင် တို့ပါ။ အဲဒါသာ ကြည့်တော့ဗျာ.....

၃) ထာဝရကြယ်စင် ကိုပိုင်တဲ့ ညီမလေးမိုးခါးပါ။ ဘယ်အချိန်တွေမယ် ပြောပြောငြင်းတဲ့ အထဲမှာလုံးဝ မပါခြင်းပါ။ သူမ ဘဲဘဲ (ဂတ်ဂတ် မဟုတ်ဘူးနော်) အဝေးမှာ ဆိုတော့ လွှတ်လပ်ရေးရနေတာလည်းပါမှာပေါ့လေ။

၎) ဂျပန်ကောင်လေး ........... ဦးရှင်ကြီးကတော့ သူ့ကို ပန်ပန် လို့စခေါ်လိုက်တာခုထိ အားလုံးကတော့ ပန်ပန်နဲ့ ဖြစ်နေတော့တာပေါ့။ နာမည်နဲ့လိုက် အောင်လည်း တပန်တည်း ပန်နေတော့တာကိုးဗျ။ နာမည် စီးသွားတာနဲ့တူပါတယ်ဗျာ။ ကျနော်ဆီကို ဖုန်းဆက်လာတယ်။ အကို ကျနော် အရမ်းပင်ပန်းနေလို့ ဘယ်မှာ မသွားတော့ဘူတဲ့လေ။ ခဏနေတော့ ကျနော်က ညီ သွားကြရအောင်လို့ လဲပြောရော မငြင်းရှာပါဘူး ဟုတ်ကဲ့ တဲ့။ အဲ့လောက် ကို သဘောကောင်းတာ.............

၅) တောင်ပေါ်သား............... သူ့ ကိုတော့ တောင်တောင် လို့ ခေါ်ကြတယ်။ နာမည်ကိုပြောတာနော်။ ခုနောက်ပိုင်း မကြီးနဲ့ ပေါင်းပြီး ကျနော်တို့ မောင်နှမတွေကို တွေဆုံဖို့ အတွက် ကန်ထရိုက်ဆွဲနေတယ် လို့ သတင်းကြားထားတယ်။

၆) ရှင်ရဲထွတ်.............. ဦးရှင်ကြီး လို့ ကျနော်တို့ကတော့ ခေါ်တယ်။ ဘယ်သူစခေါ်တာလည်းတော့ သိဘူး။ သူနဲ့ စတွေ့ ကတည်းက ရှမ်းခေါက်ဆွဲ စားရဖို့အရေး စောင့်နေရတာ။ ခုတော့ မြန်မာပြည် ပြန်သွားတယ်။ ပြန်လာရင်တော့ စားရမယ် ပြောတာပဲ။ သိပ်တော့ မသေးချာသေးဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်က ၉လပိုင်းမှ သူတို့နဲ့ ပြန်တွေ့ရမှာမို့ပါ။

ရ) ကြယ်ဖြူစင်.............. သူမ လည်း ကွဲလိုက် ကပ်လိုက် နဲ့ပါ။ (အသည်း အသည်း) အဖြူရောင်သံစဉ်မှာလည်း ဒီဂျေ ပွတ်ပါတယ်။ ပွတ်စရာ မရှိရင်လည်း သူ့ နှာခေါင်း သူပွတ်ပါတယ်။ ဟဲဟဲ နောက်တာပါ။ တကယ်ကို ပွတ်တာပါ။

၈) သီဟသစ်................ သူ့ကတော့ အဖွဲ့ဝင်တစ်ဦးပါ။ (မရက) စိတ်ဆိုးနဲ့နော် စတာပါ မယ်သီရယ် ဟီးဟီး ပြောလေကဲလေ မန်းလေးဖြဲလေ ဖြစ်နေပြီ။ မိန်းမရပြီးရင်တော့ သူနဲ့ အပေါင်းအသင်းလုပ်ဖို့ စိတ်ကူးမရှိဘူး။ ဘာဖြစ်လို့လည်းဆိုတော့ သူဆီက ဓာတ်ကူးသွားမှာ ကြောက်လို့.......................ဟဲဟဲ စစစစတာပါ။

၉) နေတစ်..............သူနဲ့တော့ တစ်ခါပဲတွေ့လို့ရတယ်။ ညီမလေးမိုးခါးမွေးနေ့ကပေါ့။ ခုနောက်ပိုင်းတော့ မတွေ့ရတော့ဘူး။

၁၀)ဖိုးဂျယ်............. ကျနော်ကို ကိုကိုနိုနို လို့ခေါ်တဲ့ ညီလေး ဂျယ်ဂျယ်ပါ။ သူကတော့ ဒီလ ၆ရက်နေ့ဆိုရင် မြန်မာပြည်ကြီး ကိုပြန်တော့မှာပါ။ သူ့ကိုလေဆိပ်ကို လိုက်ပို့ချင်ပင်မဲ့ ကျနော်ကိုနားလည်းပေးတဲ့ ညီလေးဂျယ်ဂျယ်ကို တစ်ခုတော့ ဂတိပေးလိုက်ပါတယ်။ ညီလေးဂျယ်ဂျယ် စင်ကာပူမြို့ကြီးကို လမ်းမှားပြီးပြန်ရောက်လာ အုံးမယ်ဆိုရင် ဘယ်သူမှ မကြိုရင်နေပါစေ ညီလေးဂျယ်ဂျယ်ကို ကိုကိုနိုနို က လာကြိုမယ်လို့ ဂတိပေးပါတယ်ကွာ။

၁၁) စနေသား................. သူ့ကတော့ ကြယ်ဖြူစင် ဘလော့ဂ်မှာ တင်ထားတဲ့ သီချင်းလေးကို ကြိုက်လို့တဲ့ တစ်နေ့ကို ၆ခေါက်လောက် ကျောင်းမသွားခင် နားထောင်တယ်လို့ ပြောတာပဲ။ သူ့ကိုလည်း မွေးနေ့မှာတွေ့ဖူးတာပါ။ နောက်ပိုင်းတော့ စာမေးပွဲ အကြောင်းပြပြီးနေနေတယ် ။ စာမေးပွဲပြီးရင်တော့ ဘာကို အကြောင့်ပြအုံးမလဲတော့မသိဘူး................

၁၂) ဖိုးစိန်.............. ကျနော်ရဲ့ ချစ်သယ်ရင်းကြီး ဖိုးချစ်ပါ။ သူ့ကိုလည်း ညီမလေး မိုးခါးမွေးနေ့မှာပဲ VZO ကနေမြင်ဖူးလိုက်တာပါ။ သယ်ရင်းက နာမည်နဲ့ လိုက်အောင်ကို နာမည်ကြီးတာပါ။ ခုလည်း စင်ကာပူကို လာလည်မယ်ပြောလို့ ကျနော်က ကြိုရှောင်ထားတာပါ။ ဟဲဟဲ ........ သယ်ရင်းရေ လာရင်လည်း ၉ လပိုင်းနောက်ပိုင်းမှ လာကွာ။ နော် သယ်ရင်းနဲ့ အပြင်မှာ တွေ့ဖူးချင်တယ်။

၁၃)မောင်ငယ်................... အိပ်ချင်မူးတူနဲ့ ထလာတဲ့ မောင်ငယ်ပါ။ သူ့ကိုလည်း VZO ကနေမြင်ဖူး လိုက်တာပါ။

၁၄) ကောင်းကင်ပြာ.................. ဒီနေ့မှ လာမတွေ့ရင် နောက်ဘယ်တော့မှ မတွေ့တော့ဘူးဆိုလို့ လာတွေ့ရှာတဲ့ မကောင်းကင်ပြာပါ။ မကောင်းကင်ပြာကတော့ မယ်သီ နဲ့ နည်းနည်း အမျိုးတော်တယ်။ ဟဲဟဲ နည်းနည်း ဖွလိုက်တာပါ။

ကဲကျနော်တွေ့ဖူးတဲ့ ဘလော့ဂ်ဂါးမောင်နှမတွေကတော့ ဒီလောက်ပါပဲ။ ခင်ရာဆွေမျိုး မြိန်ရာဟင်းကောင်း ဆိုသလို နောက်ထပ် အခွင့်သာအုံးမယ် ဆိုရင်တော့အားလုံးကိုတွေ့ချင်ပါတယ်ဗျာ။
ညီလေး ခွက်ခွက်ရေ ကျေနပ်နိုင်မယ်လို့ ထင်ပါတယ်ကွာ။

ခင်မင်လေးစားလျှက်
ရီနိုမာန်


12 comments:

ကောင်းကင်ပြာ said...

သီဟနဲ့ တို့တွေ က စထဲက မောင်နှမတွေပါလေ၊ရပ်ဆွေ ရပ်မျိုးပေါ့

moekhar said...

အံမယ် ဖွတယ်ပေါ့ .. အကုန်လုံးကို :D

Sein Lyan Tun said...

ဖိုးစိန်လက်က ပြေးလွတ်မယ် ထင်သလား
ဟားးး ဟားးး ဟားးးး
ဖိုးစိန် စကာင်္ပူရောက်တဲ့နေ့
ဘလောဂါမောင်နှမတွေ မျက်ခုံလှုပ်တဲ့နေ့
ဖိုးစိန်လဲပြန်ရော အားလုံးဆလံတ ပြီးကျန်ရော
အဟားးး
လာခဲ့ဦးမှာ
ချစ်သယ်ရင်းကိုကြီး အားရပါးရ အာဘွားပေးအုံးမှာ
ခုတော့
နေမကောင်းဘူး
အိပ်တော့မယ်
ချစ်တဲ့
ဖိုးချစ်

အဆိပ်ခွက် said...

ကိုစနေက တစ်နေ့ ၆ခေါက်တောင်လား..ဝါးးး မိုကတယ်....

ကျေးဇူးတင်ပါတယ်ဗျ.... ရေးပေးလို...

ခင်မင်လျှက်
အဆိပ်ခွက်

Anonymous said...

တော်ပါသေးရဲ့ ဒီလောက်ပဲ ဖွသွားလို့။ မောင်လေးကိုတော့ အချိန်တိကျလို့ လေးစားပါတယ်။ ဒီထက်တိကျချင်ရင် မိကြယ်ဆီက နာရီငှားပတ်နော်။ ဟိဟိ
အခု ထပ်စီစဉ်လည်း မောင်းလေးကမပါလို့ ၉ လပိုင်းနောက်ပိုင်းမှပဲ စီစဉ်တော့မယ်နော်။ နန်းကြီးသုပ် လုပ်ကျွေးမယ် မြန်မြန်ပြန်လာခဲ့နော်။

ခင်မင်လျှက်
မကြီး

yehtutnaung said...

ကိုရီနိုရေ.. လာဖတ်သွားပြီဗျို့ ....။

ဝသန်မိုး said...

ပျော်စရာကြီးဗျာ
တစ်နေ့ တော့ စလုံးကို
ဘလော့ဂ် မောင်နှမတွေ နဲ့ 
တွေ့ ရအောင်
လာလည်ဦးမယ်
ဲအဲဒီကျမှ မပြေးနဲ့ နော်
ကိုရီနို ကြီး
ခင်တဲ့
ညီဝသန်

ဂျပန်ကောင်လေး said...

တော်သေးတာပေါ့.. စာလေးဘာလေးဝင်ရေးလို့..း)

မြစ်ကျိုးအင်း said...

ကျွန်တော်ကလည်း တွေ့ချင်ပါတယ်

ဖိုးဂျယ် said...

တော်သေးတာပေါ့ စာလေးရေးသေးတော့
ရှိနေသလို ခံစားရတယ်။
ဟုတ်ကဲ့ပါ ကိုကိုနိုနိုရေ
အခက်ခဲရှိတယ်ဆိုတာ နားလည်ပါတယ်။
လမ်းမှားခဲ့ရင်တော့ အားလုံးနဲ့ ပြန်ဆုံချင်သေးတယ်ဗျာ
တီရောင်ကိုလဲ ချစ်တယ် ကျေးဇူးလဲတင်တယ်။
ပြီးတော့ ဦးရှင်ကြီး၊ မယ်သီ၊ မိုးခါး၊ မိကြယ်၊ ခွက်ခွက်၊ တောင်တောင်၊ ပန်ပန်၊ ကိုဖိုးစိန်၊ ယောက်ဖ ကိုကို အားလုံးကို
ကျေးဇူးပါ။

ခင်တဲ့ ညီလေး ဖိုးဂျယ်

သီဟသစ် said...

ရီနိုရေ..

ဖွ အင်ဖန်နတီပါပဲကွယ်..
စာတွေရေးနေသေးတာ ကောင်းပါ၏ good..

9 လပိုင်းကျော်ကို မျှော်နေကြောင်း...

ကြယ်ဖြူစင် said...

ကိုရီနိုကတော့ဖွချက်ကတော့ကမ်းကုန်ဘဲ.. ဟွန်း ...ဖိုးဂျယ်ကိုလိုက်မပို့နိုင်ပေမယ့်ကြယ်ပြန်ရင်တော့ လိုက်ပို့နိုင်အောင်ကြိုးစားကိုရီနိုရေ..မုန့်တွေများ ကြီးဝယ်ခဲ့မယ်