October 20, 2009

ချစ်သူ့ လမ်းကလေး

မင်းကို ကိုယ်စတွေ့တာ
ဒီလမ်းလေးထဲမှာပဲ....ချစ်သူ

မင်းနဲ့ ကိုယ်စကား စပြောဖြစ်ကြတာလဲ
ဒီလမ်းလေးထဲမှာပဲ .... ချစ်သူ

ကိုယ့်ကို ရင်ခုန်သံတွေ မြန်စေခဲ့တာလဲ
ဒီလမ်းလေးထဲမှာပါပဲ .... ချစ်သူ

ကိုယ်တို့နှစ်ယောက်ရဲ့ ကမ္ဘာလေး
တည်ဆောက်ဖို့ ဆုံးဖြတ်ခဲ့ကြတာလဲ
ဒီလမ်းလေးထဲမှာပဲ .... ချစ်သူ

မှောင်မိုက်တဲ့ ညတစ်ညမှာ
မင်းရဲ့ ညို့မျက်ဝန်းတွေကြောင့်
ကိုယ်ဘာမှမသိပဲ မူးမေ့သွားစေခဲ့တာလဲ
ဒီလမ်းလေးထဲမှာပဲပေါ့ .... ချစ်သူ

ချစ်သူ .... ကိုယ်တို့နှစ်ယောက်ရဲ့
ဇာတ်လမ်းလေးကိုတော့
ဒီလမ်းလေးထဲမှာပဲ
အဆုံးမသတ် ပါရစေနဲ့ကွာ....


လေးစားလျှက်
ရီနိုမာန်

21 comments:

မေလေး said...

အလဲ့ နာ့ တစ် ရတယ်ကွ

မေလေး said...

အကိုတော် ဘူလေးတုန်း ပြောအုန်းလေ

မေလေး said...

ဇာတ်လမ်းက ခုမှစမှာ ဘာလို့အဆုံးသတ်ရမှာတုန်းးးး
ကျားးးယို

သူကြီးမင်း (တုံးဖလား) said...

အဲဒီလမ်းလေးထဲမှာဘဲ ပျော်ပွဲတွေ အများကြီးဆင်နွှဲနိုင်ပါစေဗျာ။ အချစ်နှင့်ရာသက်ပန် ပျော်မြူးနိုင်ပါစေ။

ဒဏ္ဍာရီ said...

ချစ်သောသူနဲ့ ဒီလမ်းလေးမှ တသက်လုံး လက်တွဲ လျှောက်လှမ်းနိုင်ပါစေ။

ခင်မင်လေးစားလျှက်

သံလွင် HeRo said...

ဘယ်လမ်းလေးလဲဟင်...
ခရေပင်လမ်းလား
ဘလော့ကာလမ်းလား
ဖရေဇာလမ်းလား
အော်...သိပြီ...အချစ်လမ်းမှာလား :)
လူပြိုကြီး ရင်ခုန်သံတွေအန်ထွက်ကုန်ပြီ
စားရတော့မယ်ထင်တယ်ဗျ...
ဖိတ်စာပို့လိုက်ဖို့မမေ့နဲ့အုံး :P

မိုးခါး said...

လုပ်ပြန်ပြီ
ပြောတော့ အသည်းနှလုံးမရှိဘူးဆို
ခု ချစ်တူချိုပါရား (ဂျဂါးတောင် အပီတော့ဝူး :P)
တောင်ပေါ်ကိုမေးဦး
လမ်းကြားထဲမှာရော CCTV ရှိလားလို့ :P

သိင်္ဂါကျော် said...

ချစ်သူတို့ လျှောက်သော လမ်းကလေး ပေါ့...
လမ်းကလေးကို ချန်ထားပြီး တစ်နေရာရာမှာလည်း အတူတူ ရှိနေနိုင်တာပဲနော။

ကိုလူထွေး said...

ဇာတ်လမ်းစပြီတဲ့လား... ကွန်ကရက်ကျူလေးရှင်း ကိုယ့်လူ... ဆက်ဖောက်ဆက်ဖောက်... လမ်းဆုံးရင် ရွာရောက်လိမ့်မယ်...

းဝ)

Angel Shaper said...

အကိုရေ.... ချစ်သူနဲ့  ဒီလမ်းလေးထဲမှာပဲ မင်္ဂလာဆောင်နိုင်ပါစေနော်။ အဟီးးးးးးး
ဖိတ်ဖို့မမေ့နဲ့ဦးးးးး

ဂျပန်ကောင်လေး said...

အဲအယ်.. ဘယ်တုန်းက ဘယ်က ချစ်သူတုန်း အစ်ကိုရ.. အဟိ.... လူပျိုကြီး တစခန်းထလာပြီဗျို့...

တောင်ပေါ်သား said...

ဟုတ်ပါ့ အဆုံးမသတ်နဲ့ ဆက်လျှောက်.. သူက စိုင်းထီးဆိုင်ရဲ့ ချစ်သူလမ်းကြားလေး လုပ်တယ်ပေါ့ ဒါဆို လေးဖြူရဲ့ ခရီးများဆုံးထိလျှောက် ဆိုတဲ့အတိုင်းပဲ ဆက်လျှောက် ဘာပဲဖြစ်ဖြစ် ဆက်လျှောက် .. သတိ ရှေ့တွင် ဆူးရှိသည် မရပ်နဲ့ ဆက်လျှောက်


လေးစားလျက်
တောင်ပေါ်သား

Anonymous said...

ချစ်သူ .... ကိုယ်တို့နှစ်ယောက်ရဲ့
ဇာတ်လမ်းလေးကိုတော့
ဒီလမ်းလေးထဲမှာပဲ
အဆုံးမသတ် ပါရစေနဲ့ကွာ....

ကိုရီနို ဘယ်လမ်းလဲဟင် . . . . သိချင်တယ်ဗျ အမ်အိုင်စီတီပတ် ထဲက ချစ်သူလမ်းကြားလားဗျ . . .
ခံစားချက်လေး အရမ်းကောင်းတယ် အကို ကဗျာလေးထဲမှာ ခံစားချက်လေး အပြည့်ပါပဲ

ညီညီ said...

အဲဒီလမ်းလေး အမြဲစိမ်းလမ်းပါစေဗျာ. ချစ်တဲ့အကိုကြီး အဆင်ပြေပါစေ..


ခင်မင်လေးစားစွာဖြင့်

ညီညီ(အနာဂါတ်သံစဉ်)

စိမ်း... said...

စိုင်းထီးဆိုင်သီချင်းလေးတောင် သတိရမိသွားတယ်... :)

ရေတမာ said...

အင်း လမ်းသွားလည်းမလွတ် လှေခါးတက်လဲ မလွတ်နဲ့ ဘလော့ဂါတွေကြီးပဲးP

yangonthar said...

အဲဒီလမ်းကလေးမှာ ချစ်တင်းစကားဆို တွေ့ ဆုံ ချစ်ခင်ပြီး အဲဒီလမ်းလေးမှာပဲ ပျော်ရွှင်တဲ့ ဘဝ ကို တွဲလက်ခိုင်ခိုင်နဲ့  ဆက်လက် လျှောက်လှမ်း နိုင်ပါစေ အစ်ကိုရေ
ခင်တဲ့
ညီငယ် ရန်ကုန်

စည်သူ said...

အော်... ဒီလိုလား ဟိုတစ်နေ့ကပဲ တစ်မျိုးနော်
အခုတော့ ချစ်သူကို လမ်းကြားလေးထဲမှာ သွားတွေ့တာပေါ့လေ..းP

တို့ကိုကြီးကတော့.. မဟုတ်မှလွဲရော..
မဟုတ်မှတော့ လွဲပြီပေါ့နော်..းp

ချစ်သူနဲ့ မြန်မြန်တွေ့ပါစေဗျာ..

လက်တို့လိုက်နော်..ဟီးဟီး..း)

Ree Noe Mann said...

ခုလို လာရောက်အားပေးကြတဲ့

ညီအကို မောင်နှမများ အားလုံးကိုကျေးဇူးတင်ပါတယ်။

ဘာရယ်မဟုတ် စိတ်ကူးပေါက်လို့ ရေးလိုက်တာပါ။

စဉ်းစားကြည့်ကြပါအုံး အသည်းနှလုံးမရှိပါဘူးဆိုမှ

ဒါမျိုးတွေ ခံစားလို့ရပါမလားဗျာ။

ဟဲဟဲ

အားလုံးကို လေးစားလျှက်

ရီနိုမာန်

သားကြီး said...

အလဲ့
ကိုယ်ပိုင်လားဗျကဗျာက?
တို့အစ်ကိုကြီးကဗျာလည်းရေးတတ်တယ်ကိုး
တော်တယ်

kaungkinpyar said...

ဘယ်နားက လမ်းလဲ အမလဲ ပြောထားဦးးးကြုံရင် တွေ့မလားလို့..း)