October 6, 2009

ဒီစိတ်ကြောင့်

စားလည်းဒီစိတ် သွားလည်း ဒီစိတ်၊ လူတွေတော်တော်များများဟာ ဒီစိတ်ကြောင့်ပဲ အဆင်ပြေကျသလို၊ ဒီစိတ်ကြောင့်ပဲ စိတ်ဆင်းရဲခဲ့ကြရတယ်။ ဒီစိတ်ကြောင့်ပဲ လူတွေပျော်ရွင်ခဲ့ရတယ်။ ခန္ဓာကိုယ် တစ်ခုကို ဖွဲ့စည်းထားတာလည်း ဒီစိတ်ပဲ။ ဒီစိတ်ကပဲ လူတွေကို စေခိုင်းချက်အမျိုးမျိုးနဲ့ ဘဝတွေ အဖုံဖုံ ဖြစ်စေခဲ့ပြန်တယ်။ ဝေးဝေးကိုကြည့်နေစရာ မလိုပဲ ဥပမာ - ကျနော် အကို့ကိုပဲ ကြည့်လိုက်မိတယ်။ မိဘတွေ စီးပွားရေးကောင်းနေတဲ့ အချိန်မှာ သူ့ရဲ့ ဒီစိတ်ကြောင့် အကောင်းဘက်ကို မရောက်ပဲ အဆိုးတွေဖြစ်အောင် ဒီစိတ်က ဖန်တီးပေးခဲ့တယ်။ ပညာသင်ရမယ့် အချိန်မှာ ပညာမသင်ပဲ ဆေးလိပ်လေးက သောက်တက်လာပြန်တယ်။ ကျောင်းလည်း ပြေးတက်လာတယ်။ နောက်ဆုံး ကျောင်းထွက်တဲ့ အထိဖြစ်လာခဲ့တယ်။ ဒါလည်း ဒီစိတ်ကြောင့်ပဲ ဖြစ်ခဲ့ရတာပါ။ ဒီဘာမှမသိ၊ ဘာမှမရှိတဲ့ အာရုံခံစားမှုနဲ့ ဖြစ်တည်နေတဲ့ ဒီစိတ်ကို ထိန်းနိုင်ဖို့ တော်တော် ကိုခက်ခဲပါတယ်။

ဒီစိတ်ကြောင့်ပဲ သူမနဲ့ ကျနော်ချစ်ခဲ့ကြတယ်။ ဒီစိတ်ကြောင့်ပဲ ပျော်ရွှင်မှုတွေ၊ သာယာမှုတွေ၊ ကြည်နူးမှုတွေ ဖြစ်စေခဲ့တယ်။ သိပ်မကြာပါဘူး။ ဒီစိတ်ကြောင့်ပဲ ဘာမှမဟုတ်ပဲ လမ်းခွဲခဲ့ကြပြန်တယ်။ ဒီစိတ် အကြောင်းပြောရမယ် ဆိုရင်လဲ ပြောမဆုံးပေါင် တောသုံးတောင်ပေါ့။


ဒီစိတ်ကို ထိန်းချုပ်ဖို့ပဲ ကိုယ့်ကိုကိုယ် စေခိုင်းလိုက်တယ်။ " ငါဘယ်မှမသွားတော့ဘူးလို့ပေါ့ " ။ ခဏနေကျတော့ သူငယ်ချင်းတစ်ယောက်က ဖုန်းခေါ်လာတယ်။ နိုက်ကလပ် သွားမယ်တဲ့၊ ခုလေးတင် ထိန်းချုပ်ဖို့ ဒီစိတ်ကို ခိုင်းထားတယ်။ ခု နိုက်ကလပ် သွားမယ်ဆိုတော့ ဒီစိတ်က OK တဲ့ဗျာ။ ရောက်ပြီးမှတော့ မထူးပါဘူး။ မနက်ရထားကိုပဲ စောင့်ပြန်တော့မယ်လို့ ဒီစိတ်ကိုပြောလိုက်တယ်။ မနက်လေးနာရီလောက် ရောက်တော့ လူက ဟန်မဆောင်နိုင်အောင်ကို အိပ်ချင်နေပြီ။ ဒါနဲ့ ရထားနဲ့ ပြန်မဲ့ အစီအစဉ်ကို ဖြတ်ပြီး ကားငှားပြန်ခဲ့ရတော့ နေရင်းထိုင်ရင်းနဲ့ ဒီစိတ်ကြောင့်ပဲ ငွေကုန်သွားပြန်တာပေါ့ဗျာ။

ဒီစိတ်ကြောင့် ဖြစ်တည်လာတဲ့ အကြောင်းအမျိုးမျိုးကိုကြည့်ပြီး ဒီစိတ်ကို ပြန်ခိုင်းနိုင်အောင် ကြိုးစားနေမိတယ်။ လူကြီးတွေက ပြောကြတယ်။ အသက်ကကြီးလာတော့ စိတ်သွားတိုင်း ကိုယ်မပါတော့ဘူးတဲ့။ အသက်ကြီးမှရယ်မဟုတ်ပါဘူး။ လူငယ်တွေလဲ ဒီအတိုင်းပါပဲ။ စိတ်ကဖြစ်ချင်နေတာကို ကိုယ်ကလိုက်မလုပ်နိုင် ဘူး။ စိတ်ဆန္ဒအလိုကို လိုက်မလုပ်နိုင်တော့ ကိုယ့်ကိုကိုယ် ဒေါသဖြစ်ရတယ်။ မကျေမနပ်လဲ ဖြစ်ရပြန်တယ်။ နောက်ဆုံး ငါသေသွားရင် ကောင်းမှာပဲလို့ တွေးမိလာတဲ့ အထိဖြစ်သွားတယ်။

ဒီလိုဖြစ်လာတဲ့ အချိန်မှာ ကျနော်စိတ်ကို ထိန်းနိုင်တာကတော့ တစ်ခုပဲရှိတယ်။ အဲဒါကတော့ သက်ရှိဘုရားပါပဲ။ လူတိုင်းလူတိုင်းမှာ သက်ရှိဘုရားဆိုတာရှိတယ်နော်။ မရှိဘူးလို့ ပြောတဲ့ သူက အဲဒါ လူမဟုတ်လို့ပဲ။ လူမှန်ရင် သက်၇ှိဘုရား ရှိကို ရှိပါတယ်။ သက်ရှိဘုရားဆိုတာကလည်း ကိုယ်ကို လူတလုံး သူတလုံး ဖြစ်လာအောင် ၉လလွယ် ၁၀လရောက်မှ မွေးဖွားပေးခဲ့တဲ့ မွေးမိခင်ပဲဖြစ်ပါတယ်။

ဆရာ့ ဆရာတော်ကြီးများရဲ့ ဟောကြားချက်အရ ဗုဒ္ဓမြတ်စွာဘုရားကို နေ့တိုင်း မရှိခိုးရင်နေပါ။ နေ့တိုင်း ဆွမ်းမကပ်ရင်နေပါ။ သက်ရှိဘုရားဖြစ်တဲ့ အမေကို ညတိုင်းကန်တော့ပါ။ ထမင်းတစ်လုပ် နပ်မှန်အောင်ကျွေးပါ။ လောကမှာ အဆင်မပြေတဲ့ လူရယ်လို့ မရှိပါဘူးလို့ ပြောခဲ့ ဟောခဲ့ကြတယ်။ ဒါကြောင့် ဒီစိတ်တစ်ခုခု ဖြစ်လာပြီးဆိုတာနဲ့ သက်ရှိဘုရားကို သတိရလိုက်ပါ။ သက်ရှိဘုရားရဲ့ မေတ္တာတွေကို မျှဝေလက်ခံလိုက်ပါ။ ဒီစိတ်ဖြစ်နေတာတွေ အားလုံးပြည့်စုံလာပါလိမ့်မယ်။

လေးစားလျှက်
ရီနိုမာန်

စာကြွင်း - ဒီစိတ်ကြောင့် လုပ်ချင်တာတွေ မလုပ်ပဲ ဒီစိတ်ကို အကောင်းဆုံးပြန်ခိုင်းနိုင်တဲ့ လူသားဖြစ်ပါစေလို့ ဆုတောင်းဆန္ဒပြုလိုက်ရပါတယ်။

11 comments:

စိမ်း... said...

မေချစ်သားကြီးပါလား....
တူတူပဲ... အမေကို သိပ်တွယ်တာ...
ဒါနဲ့စကားမစပ် မအိမ်ကံကို ဆက်မတင်တော့ဘူးလား...

ချမ်းလင်းနေ said...

စိတ်...စိတ်
ပဲကိုင်နှင်ရ အတော်ခက်ပါလားဗျာ။
အမေချစ်တဲ့သားကြီးပဲဗျာ။ အမေရှိသေးတယ်ဆိုတော့ ကုသိုလ်ထူးတာပေါ့။ပျော်ရွှင်ပါစေအကိုရေ။အကိုဆန္ဒလေးလည်း အမြန်ပြည့်ဝပါစေလို့ ဆုတောင်းပေးပါတယ်။လင့်ယူသွားတယ်နော်အကိုရေ။

kokomaung.uk said...

အော်... ဒီစိတ်... ဒီစိတ်..
ဒီစိတ်ကို ထိန်းနိုင်ရင် ပွဲသိမ်းပြီပေါ့။

င်္်F@LL3N said...

“စိတ်သာရှင်စော ဘုရားဟော”တဲ့ဗျ
စိတ်တစ်ခုနိုင်ရင်ပဲ တရားပိုင်ပါပြီ။
(ဟဲဟဲ လူကြီးစတိုင်နဲ့ကိုယ့်အစ်ကိုကြီးကိုမန့်သွား
သည်)

ဖိုးစိန် said...

စိတ်တွေ ရွက်လွင့် ဒီလိုညမျိုး...

အချိန်ဟာ ဘယ်သူ့ အတွက် ပြီးဆုံးမလဲ....

အတွေးတွေ ဖျန့်လို့ မှောင်ရီညထဲ....


ရွေ့လျားတဲ့စက္ကန့်တိုင်း မှာ စိတ်တွေကို လိုက်ဖမ်းရင်းး

လမ်းပျောက်နေမိတယ်...


ခုတော့ ဒီစိတ်တွေနဲ့ လမ်းတွေကို ရှာရင်းးရှာရင်းးး

ကိုယ်လာမယ်မင်းဆီကို...


း))


ချစ်တဲ့

ဖိုးစိန်

Angel Shaper said...

ကိုရီနိုကြီးရေ.......
ဒီစိတ်ကြောင့်ပဲ အသက်ရှင်နေရတာလားးးးးးး
ဒီစိတ်လေးတွေကို အကောင်းမွန်ဆုံး ပြင်ပြီး အနိုင်ယူတဲ့ လူသားလေးဖြစ်ချင်ပါတယ်။ တန်ဖိုးရှိတဲ့ ဒီပိုစ့်လေးအတွက် ကျေးဇူးတင်လေးစားရင်းးးးးး

မမသီရိ said...

သားလိမ္မာလေးပဲ
ဒါပေမဲ့ ငယ်ငယ်ရေ အပြောတော့ မကြီးပါနဲ့ အုံး
အချစ်ဆိုတာ မမြင်ကွယ်ရာကနေ ရုတ်တရက် ထွက်ပြီးအလစ်ငိုက် တိုက်ခိုက်တတ်သေးတယ်

မိုးခါး said...

အမေကိုချစ်ပြီး လုပ်ကျွေးပြုစုနေတဲ့ ကိုရီနိုလည်း စိတ်ချမ်းသာ ပျော်ရွှင်ပါစေ .. ပျော်ရွှင်နိုင်မှာပါ ..း)

နှင်းဆီပန်းချစ်တဲ့ကောင်မလေး said...

ဘာတွေညစ်နေလဲ နာ့အကို
ညစ်နေရင် ဖူဂျီနဲ့လျှော်လိုက်
သန့်ပြီးတောက်ပြောင်သွားစေရမယ်။
အဟဲ
နောက်တာနော်
ချိတ်ချိုးနဲ့
ပျော်ရွှင်ပါစေ။

jr.လွင်ဦး said...

အမေကို မမေ့တဲ့ ကိုရီနိုမန် အစစ အဆင်ပြေမှာပါ။
ခင်တဲ့
ဂျူနီယာ

စည်သူ said...

ဟုတ်တယ် ကိုရီနိုရေ..
ကျွန်တော့်ကို စောင်းရေးလိုက်သလားလို့ ထင်ရတယ်

တစ်ခါတစ်ခါ အဲလိုဖြစ်ရင် ဘာလုပ်ရမှန်း အစရှာ မရဘူးဖြစ်သွားတယ်..

ဟုတ်တယ်..
ခလုပ်ထိမှ အမိ ဆိုသလိုမျိုးပေါ့..
မွေးမိခင်နဲ့ ဖခင်ကို လွမ်းသွားတယ်..

ခါတိုင်းချိန်ထက်ပေါ့..

ပျော်ရွှင်ပါစေ...