October 24, 2009

မျက်ဝန်းတစ်စုံ.... သို့

မျက်ဝန်းအစုံ ပေါင်းများစွာထဲကမှ သတိထားမိသွားတဲ့ မျက်ဝန်းတစ်စုံကို ရည်ရွယ်ပြီးတော့ ဒီပိုစ့်လေးကို ရေးလိုက်ရခြင်း ဖြစ်ပါတယ်။

ကျနော်က စကားကိုသိပ်များများပြောတက်တဲ့ လူစား မဟုတ်ဘူးလို့ ကိုယ်ကိုကိုယ် ထင်ထားခဲ့တာပါ။ ဒါပေမယ့် ကျနော် ချစ်သော ၊ကျနော်က ခင်သော မိတ်ဆွေ သူငယ်ချင်း မောင်နှမများ ကို ကျနော်နဲ့ တွေ့ ဆုံတဲ့ အချိန်ခဏလေး အတွင်းမှာတော့ ပျော်ရွင်စေချင်တာ ကျနော်ရဲ့ စိတ်စေတနာ အမှန်ပါ။ ဒါကြောင့်လည်း ကျနော်က ဖော်ဖော်ရွေးရွေး နေခဲ့ပါတယ်။

ကျနော်နဲ့ တွေ့တဲ့ အခါမှာ ကျနော်ကြောင့် စိတ်ညစ်သွားကြမှာ၊ စိတ်ပျက်သွားကြမှာကို မလိုလားပါဘူး။ ဒါကိုတော့ ကျနော် အတက်နိုင်ဆုံး ဂရုစိုက်ပြီးနေပါတယ်။ ဒီလိုဂရုစိုက်ပြီးနေတဲ့ ကြားကမှ

အစားမတော် တစ်လုပ်၊
အသွားမတော် တစ်လှမ်း၊
အပြောမတက်တော့ ဆဲသလို

ဖြစ်တယ်ဆိုသလို ကျနော်ရဲ့ အပြောမတက်မှူကြောင့် အဓိပ္ပါယ် ပါပါနဲ့ ကြည့်လိုက်တဲ့ မျက်ဝန်းတစ်စုံကို သတိထားမိပြီ စိတ်ထဲမှာ နေမရထိုင်မရဖြစ်နေလို့ ခုလိုပိုစ့်လေး ရေးချပြီး တောင်းပန်လိုက်ရခြင်း ဖြစ်ပါတယ်။

၎င်း မျက်ဝန်းတစ်စုံမှ ဒီပိုစ့်လေး အားဖတ်မိသွားပါက ကျေနပ်ပေးပါလို့ ကျနော် အနေနဲ့ အနူးအညွှန့် တောင်းပန်လိုက်ရပါတယ်ဗျာ။

လေးစားစွာဖြင့်
ရီနိုမာန်

P.S - အဓိပ္ပါယ်ပါသော အကြည့်ဖြင့် ကျနော်အားကြည့်သော မျက်ဝန်းတစ်စုံ အားရည်ရွယ်ခြင်း ဖြစ်ပါသည်။

17 comments:

ဒဏ္ဍာရီ said...

တခါတလေမှာ စေတနာအမှား ဆိုတာလည်း ဖြစ်တတ်ပါတယ်။ မရည်ရွယ်ပဲ ကျရောက်ခဲ့တဲ့ အကျိုးနဲ့ အကြောင်းလို့ သတ်မှတ်လိုက်ပါ။ အဲဒီမျက်ဝန်းပိုင်ရှင်ကလည်း ဒီပိုစ့်လေးကို ဖတ်မိရင် ကျေနပ်လိမ့်မယ်လို့ ထင်ပါတယ်။

ခင်မင်လေးစားလျှက်

မမသီရိ said...

Good Luck ငယ်ငယ် ရေး)

မိုးခါး said...

ဟေ
ဘယ်သူက ဘယ်လိုကြည့်လိုက်လို့ဒုန်းးးးးးးးးး

Sein Lyan Tun said...

သယ်ရင်းကလဲ
သူက အဓိပါယ် ပါပါကြည့်ရင်
ကိုယ်က ကြင်ကြင်နာနာပြန်ကြည့်ပေါ့ကွ

စိတ်ထဲအများကြီးထည့်မထား၇ဘူးလေ...

ချစ်တဲ့
ဖိုးချစ်

ကောင်းကင်ပြာ said...

အယ် နာ့များပြောသလား ပဲ၊ ဟုတ်လောက်ပါဘူးး
ဲကဲ ကြည့်တဲ့ သူရေ သိစေကွ..

ညီညီ said...

တို့ကိုကြီးက စေတနာနဲ့ပြောတာပါဗျာ.။ အဲလိုကြီးမကြည့်ပါနဲ့.။ ကြင်ကြင်နာနာပေါ့.။

ခင်မင်လေးစားလျှက်

ညီညီ(အနာဂါတ်သံစဉ်)

နှင်းဆီပန်းချစ်တဲ့ကောင်မလေး said...

ဒီနေ့ ဟုတ်ပါဘူးနော်။
နာ့လဲ ဟုတ်ဘူးနော်။
ဟူးးး ဘယ်သူဒုန်းးး
စာရင်းချရေးနေဒယ်
နာမည်တွေ..

ကောင်းကင်ပြာ said...

မမ နောက်တခေါက် လာဖတ်တာ၊ နားမလည်လို့...ဘယ်လိုတုန်းးး

ပုံ့မေ said...

မေသူ ပြန်လာဖတ်တယ် အစ်ကိုကြီးရိန်နို...

ဘယ်သူများပါလိမ့်.... မမပြာပြောသလို နားမလည်ဘူးးးးး

မြစ်ကျိုးအင်း said...

ဘယ်လိုများကြည့်သွားပါလိမ့်

ကြည့်တဲ့ ပုံစံလေးကို ပန်းချီဆွဲပြရင် ကောင်းမယ်...။

ယောကျာင်္းချင်းကြည့်တာဆိုရင်တော့ ခေါတော ငါးသိန်းအားနဲ့ ကြည့်တာနေမှာ...။

ကောင်မလေးဆိုရင်တော့ ပြေလည်ပါစေကွာ

စည်သူလွင်ရဲ့ မျက်ဝန်း သီချင်းလေး ဆိုညည်းနိင်ပါစေ
:)

မဆုမွန် said...

မဆုမွန်ကြည့်ရင်တော့ မျက်မှန် ပါဝါများလို့ပါကွယ် စတာပါ ..

အကြည့်တွေကို စိတ်ထဲမထားနဲ့မောင်လေးရေ ..ကိုယ့်စိတ်ထဲက ထင်တာလည်း ဖြစ်နိုင်တယ်..မခံစားနဲ့ အဲ့လောက်လဲ..

အစားမတော် တစ်လုပ်၊
အသွားမတော် တစ်လှမ်း၊
အပြောမတက်တော့ ဆဲသလို
အကြည့်မတော် တစ်ချက်.. ထပ်စပ်ပေးသွားတယ် ဟဲဟဲ

Dream said...

အဟတ်...မျက်ဝန်းမှ စ.... (သီချင်းနာမည်)
:P

မျက်ဝန်းတစ်စုံက ငါ့ကိုလှည့်ကြည့်....
သူ...ရင်တွေခုန်တတ်သူ... အကြင်နာတွေ အရူးအမူး... နောက်တစ်ယောက်မရှိဘူး.......

စိုင်းစိုင်းခမ်းလှိုင်ပြောပါတယ်..ဟိဟိ

ကဲ..မျက်ဝန်းတစ်စုံရေ..တစ်စုံတရာအတွက်
တစ်စုံတခုကို အကြောင်းပြုလို့ တစ်စုံတယောက်ကို
တစ်ကြိမ်တစ်ခါမဖြစ် ခွင့်လွတ်ပေးလိုက်ပါကွယ်.. :P

စိမ်း... said...

ပဟေဠိပါလား...
ဘာတွေပြောလိုက်လို့ ဘယ်လိုကြည့်သွားတာပါလိမ့်... :/

Anonymous said...

အဲ..ဘယ်သူပါလိမ့်..
မျက်ဝန်းတစ်စုံဆိုတဲ့သူ လက်ထောင်ပြပါ။း)
အစ်မလည်း မကြည့်မိပါဘူးနော်.း)

ဂျပန်ကောင်လေး said...

အဲ.. ဒီစာလေးက တယ်လည်း အဆင့်မြင့်ပါလား..း)...

အဖြူရောင်နတ်သမီး said...

ဘူလေးလဲ..ဘူလေးလဲ...

မေလေး said...

တိပီ တိပီ ရွှေရင်အေး သောက်ကြအုန်းမလား မေးတော့ မသောက်တော့ဘူးလို့ အကိုတော်က ပြန်ဖြေလို့ ချစ်ညီမတွေက မျက်စောင်းဝိုင်းထိုးကြတာ အဲဒါကိုပေါတာ မှတ်လားးးP