October 29, 2009

သံယောဇဉ်

ရက်စက်မှုအပြည့်နဲ့
ရင်ကို စုံကန်သွားတဲ့ နင့်ကို
ငါ မေ့လို့ မရဘူးဟာ..........

ဘယ်အချိန်မှာ ပြန်လာမလဲလို့
ဆိုတဲ့ မျှော်လင့်ချက်နဲ့
စောင့်နေမိတာ ငါ့အမှားလားဟာ.......

ဘယ်တော့မှ ပြန်မလာမှန်း သိပေမယ့်
ငါ့ရဲ့ နှလုံးသားက နင့်ကို
သစ္စာရှိနေတယ် ဆိုတာ သိစေချင်တယ်ဟာ.....

ငါလေ.......ငါလေ.......
နင့်ကို ထာဝရ ချစ်နေမဲ့
နင့်ရဲ့ .............. ။


လေးစားစွာဖြင့်
ရီနိုမာန်

13 comments:

yangonthar said...

သံယောဇဉ်နှောင်ကြိုးနဲ့  ..... သစ္စာရှိစွာ ချစ်နေတဲ့အခါ တစ်နေ့ မှာ သစ္စာတရားတွေ ရောင်ပြန်ဟပ်လာ မှာပါ .....
ခင်တဲ့
ရန်ကုန်သား

မိုးခါး said...

အိုး မိုင် ဂေါ့
အသည်းနှလုံးမရှိတဲ့လူသားကြီး အလွမ်းကဗျာတွေ ရေးလို့ပါလား :D
အင်းပေါ့လေ ... :P
စတာ :D
အဆင်ပြေ ပျော်ရွှင်ပါစေ အကိုရေ :)

တလနွန် said...

သစ္စာရှိရှိနဲ့ စောင့်နေတဲ့ ကိုရီနိုမာန်ဆိုကို ထိုထိုကောင်မလေးက မေတ္တာရှိရှိနဲ့  အမြန်ပြန်လာပါစေဗျာ.........

ခင်လျက်
တလနွန်

ပုံ့မေ said...

ဟိုက် ငါ့အစ်ကိုကြီးးး ထင်တောင်မထင်ဘူးး...လွမ်းတတ်မယ်လို့ .......ခိခိ :P

စတာ

ကိုရိန်နိုကြီးး အလွမ်းးတွေငြိမ်းးး.... ဥုံ.......ဖွ
မန်းပေးလိုက်တယ် :D

အဆင်ပြေပါစေ အစ်ကိုကြီးရေ့ .....

မြရေလျဉ် said...

အဲဒါ ကိုရီနို ခံစားရေးတာ ..ဟုတ်လား
ငါ့အစ်ကို ဘယ်လိုဖြစ်..

အံ့ဩထှာ...:)

တောင်ပေါ်သား said...

နင့်ကို ထာဝရ ချစ်နေမဲ့
နင့်ရဲ့ .............. ? ဘာတုန်း လုပ်ပါဦး

ဝိတ်လျှော့ ၀ိတ်လျှော့း) အဟား ငါ့အကိုက အသဲတောင် ကွဲဖူးတယ်ပေါ့ မထင်ရဘူးဝေးး မိုက်တယ် ကျနော်ကိုပြော အသစ်ရှာပေးမယ် လူပွဲစားလုပ်နေတယ် မေထှာ အိမ်မှာကတည်းက အဟီး

လေးစားလျက်
တောင်ပေါ်သား

မေလေး said...

အကိုတော် ဂယ်ကြီးလား
ပြောတော့ အတဲမရှိဘူးဆို
တောင်ပေါ် တောင်ပေါ် တော်တော် အားကိုးရဒယ်
တူ့အားမကိုးနဲ့ အကိုတော်
တူ့တောင်မစွံတား)
ကဲ ကိုရီနိုကောင်မလေးရေ အညန်ပြန်လာပါ။

ဒဏ္ဍာရီ said...

မောင်ရီနိုရဲ့ သစ္စာရှိတဲ့ အသည်းနှလုံးကို လေးစားပါတယ်။ အချစ်ဆိုတာ သူ့ဆီက ဘာမှပြန်မရနိုင်ပေမယ့် ကိုယ်ကပေးစပ်နေလည်း ကျေနပ်နေတာမျိုး ဆိုတာ ကဗျာလေးက ပြောပြနေတယ်။

ခင်မင်လေးစားလျှက်

စိမ်း... said...

ကဗျာလား ကောင်မလေးကိုပေးဖို့ အယူခံလွှာလား :?

စိမ်း... said...

ကဗျာလား ကောင်မလေးကိုပေးဖို့ အယူခံလွှာလား :?

မိုးစက်အိမ် said...

တန်းလန်းကြီး ဆက်ပေါက်ကွဲ ပစ်လိုက်အစ်ကို
ကဗျာတွေနဲ့ တိုက်ပွဲဆက် ၀င်လိုက် အားပေးတယ် :D

မငုံ said...

မှန်ကန်တဲ့သစ္စာချစ်ခြင်းကြောင့် တနေ့ပြန်လာမှာပါလို့ပဲ ဆုတောင်းပေးသွားတယ်။

သူကြီးမင်း (တုံးဖလား) said...

အော်... အချစ်အချစ်.. ဘလော့ဂါတွေ စာရေးဆရာတွေ စုပေါင်းပြီး ရေးကြတာတောင် အချစ်ကို ဖွဲ့တဲ့ စာတွေက မကုန်နိုင်ပါလားနော်။

ဟဲ ဟဲ။
ချစ်နိုင်ကြပါစေဗျာ။ သူပြန်လာမှာပါ။