October 19, 2009

ဒေါသ

အမှန်အတိုင်းပြောရရင် ကိုယ်ကသာ လုပ်ချင်တာကို လုပ်နေချင်တာ။ သူများလုပ်ရင်တော့ သိပ်သဘောမတွေ့မိဘူး။ " ငါ " စွဲတွေ အရမ်းများမိတယ်။ ငါလုပ်တာတွေ ၊ ငါပြောတာတွေ ၊ ငါတွေးတာတွေ အားလုံးကမှန်တယ်လို့ ကိုယ့်ကိုယ်ကို အထင်တွေကြီးပြီး ဟိုလူကိုလည်း စကားမပြော၊ ဒီလူကိုလည်း စကားမပြောပဲ နေလာတာကြာတော့ လူလည်း အထီးကျန်သလို ခံစားလာရတယ်။ တစ်ကိုယ်တည်း အထီးကျန်သလို ခံစားလာရတော့ ဘာဖြစ်လာသလဲဆိုတော့ နေရင်းထိုင်ရင်း ဒေါသ ထွက်တက်လာတယ်။ ဒေါသရဲ့ နောက်မှာ စိတ်ထဲရှိတာကော ၊မရှိတာကော ပြောဖြစ်လာပြန်တယ်။ ဒီလိုပြောလိုက်တော့ နေရင်းထိုင်ရင်း နဲ့ မစော်ကားသင့်တဲ့ လူတွေကိုလည်း စော်ကားသလိုဖြစ်ပြန်ရော။ ပြောလိုက်တဲ့ ခဏမှာတော့ ဘာမှကိုမမြင်ဘူး။ ပြောပြီးမှ `ဪ ငါပြောတာ တော်တော်လွန်းသွားပါလားလို့ ပြန်ပြီး စဉ်းခြင်မိတယ်။ တောင်းပန်ခြင်းကို စိတ်မဝင်းစားတဲ့ ကျနော် အတွက်တော့ အပြစ်တွေကိုသာ ရင်ဝယ်ပိုက်ထား လိုက်တယ်။

ကိုယ်ရေးကိုယ်တာ နဲ့ပတ်သက်ပြီး ဒေါသထွက်ခဲပေမယ့် အလုပ်နဲ့ ပတ်သက်လို့ရှိရင် အရင်းဆုံးဒေါသထွက်တက်တာ ကျနော်ပဲ ဖြစ်မှာပါ။ ဒေါသထွက်လို့ ပြောလိုက်တဲ့ စကားတွေကလည်း ပိဿလေးခဲပစ်လိုက်သလိုပဲ။ စိတ်ပျော့တဲ့ လူသာဆိုရင် အဲဒီနေရာမှတင် ထိုင်ငိုမှာသေချာတယ်။ ငိုတယ်ဆိုလို့ မှတ်မှတ်ရရ ကျနော်ဘဝမှာ မိန်းမတစ်ယောက်ကို ကောင်းကောင်းအော်ခဲ့ဖူးတယ်။ အော်တုန်းကတော့ အော်ကောင်းကောင်းနဲ့ အော်တာဆိုတော့ ဘာမှမမြင်ဘူး။ အော်ပြီးထွက်သွားတော့ အဲဒီအမ ငိုပြီးကျန်ခဲ့တာကို နောက်မှ ရုံးကလူတွေ ပြန်ပြောကြလို့ ကျနော် သိလိုက်ရတယ်။ တော်တော်လေးလည်း စိတ်မကောင်းဖြစ်သွားတယ်။ အဲနောက်ပိုင်း ကျနော်စိတ်ကို ကျနော် ထိန်းနိုင်အောင် ကြိုးစားပြီး ဒေါသကိုလည်း အတက်နိုင်ဆုံး မထွက်အောင် ကြိုးစားတက်လာခဲ့တယ်။

ပုထုဇဉ်ဖြစ်တဲ့ကျနော် ဒေါသမထွက်ပဲလဲ မနေနိုင်ပြန်ဘူး။ ခုနောက်ပိုင်းတော့ ကျနော်ဒေါသကို နည်းတစ်မျိုးနဲ့ ပြောင်းထိန်းလိုက်တယ်။ ဒေါသထွက်လာပြီး ဆိုရင်တော့ တေမိထုံ နှလုံးမူပြီး ဘယ်သူကိုမှ စကားမပြောပဲ နေလိုက်တော့တယ်။

အမှန်တော့ ဒေါသဆိုတာ ကောင်းတဲ့ အရာမဟုတ်ပါဘူး။ ဘုရားဟော တရားတော်နဲ့လည်း မညီညွှတ်ပါဘူး။ ဒေါသကြောင့် ဖြစ်တဲ့ ကိစ္စတိုင်း လိုလို က ယခုဘဝမှာကော နောင်သံသရာမှာပါ ကောင်းတဲ့ ကိစ္စမဟုတ်မှန် အားလုံးသော ပုထုဇဉ်တိုင်း သိကျမှာပါ။ လူသားတိုင်းလိုလို ဒေါသနဲ့ မကင်းနိုင်ပေမယ့် အတက်နိုင်ဆုံး ဒေါသကို ထိန်နိုင်ရင်းတော့ ယခုသံသရာမှာကော နောင်သံသရာမှာပါ ကောင်းကြိုးသုခကို ခံစားရမှာ ဧကန်မလွဲ ဖြစ်မှာပါ။

လေးစားလျှက်
ရီနိုမာန်

25 comments:

khin oo may said...

kom: ဒေါသထွက်နေရင် ခဏငြိမ်နေလိုကတာအကောင်းဆုံးပါ။

ဂျပန်ကောင်လေး said...

မှန်တာပေါ့ဗျာ.. ဒါပေမယ့် ဒေါသကိုလျှော့ဖို့လည်း အခက်သားဗျ...

တလနွန် said...

အစ်ကိုရေ ဒေါသ လောဘ အတ္တ တွေက လောင်ကျွမ်းတတ်တဲ့ မီးလိုပဲ။ ကိုယ်တစ်ယောက်ထဲလောင်တာမဟုတ်ဘူး ဘေးနားမှာရှိတဲ့လူတွေပါ ကူးစက်သွားတတ်တယ်။
တတ်နိုင်သမျှထိန်းသိမ်းရင်း စိတ်ကို အအေးချမ်းဆုံးဖြစ်စေကြစို့ ဗျာ။

ခင်လျက်
တလနွန်

Yu Ya said...

ကိုရီနိုရေ.. လျော့..လျော့...လျော့...

yu ya

ညီညီ said...

ကိုရီနိုရေ. ကျွန်တော်နဲ့တူတယ်.တစ်ကယ် ဒေါသဖြစ်နေတဲ့အချိန်ကတော့ လူစိတ်ပျောက်သွားတယ်ထင်တယ်. ဒါပေမယ့် အဲလောက်တော့ဖြစ်ခဲပါတယ်. ဖြစ်ဖူးပါတယ်. ကိုယ့်ကိုယ်ကိုတောင် ပြန်ကြောက်မိတယ် အဲလိုအချိန်ဆို. လျှော့တော့လျှော့ပါတယ်. ဒါပေမဲ့ မရသေးဘူးဗျ.
ကျေးဇူးပါအစ်ကိုရေ . အသိတရားလေးပေးတဲ့အတွက်

ခင်မင်လေးစားလျှက်

ညီညီ(အနာဂါတ်သံစဉ်)

ပုံ့မေ said...

ငါ့အစ်ကိုကြီးး စိတ်ကလေးလျော့...

ဒေါသမကြီးပါနဲ့ ....

စကားနောက်တရားပါ...စကားကျွံကနှုတ်မရတဲ့..

အဟီးးး ဝင်ရောက်ဆရာလုပ်သွားပါကြောင်းးးးး :P

တခုစိုးရိမ်သေးတယ်... ကိုရိန်နိုကြီး စိတ်တို ဒေါသထွက်လွန်းပြီး ပိန်နေမှာစိုးလို့ .. အဟိ :P

သိင်္ဂါကျော် said...

ဟုတ်တယ် ဒေါသထွက်ပြီး ပြောမယ့်စကားကို မပြောခင် နည်းနည်းလောက် စဉ်းစားပြီး.. နေလိုက်လို့ ခဏကြာသွားရင် ပြောဖြစ်မှာ မဟုတ်တော့ဘူး...

မချစ်ရ said...

အခုမှဒေါသကထွက်ပြီးခါစ
ဒီလာလည်မိရက်သားဖြစ်နေတယ်
ဖတ်သားသွားပါတယ်နော်...

yangonthar said...

အစ်ကိုရေ ကျနော်လည်း ဒေါသကြီးခဲ့လို့  အမှား တွေ ဗရပွနဲ့  ရှိခဲ့ဖူးတယ် အရင်တုန်းက တော့ သတိမထားမိဘူး နောက်တော့ ဒေါသ ထွက်ရတာ သိပ်ပင်ပန်းတာပဲ ခုနောက်ပိုင်းတော့ ဒေါသထွက်ရင် စိတ်ကိုယ် ဖြေလိုက်တယ် ပြောရတော့အတော်ခက်တယ် အစ်ကိုရ စကားမပြောမိပြန်တော့လည်း ရင်ထဲ မှာ မွန်းကြပ်ကြပ်ကြီး အဲဒီတော့ အခင်းဆုံး သူငယ် ချင်းတစ်ယောက်ကို ပြောချင်တာတွေ ပြောပြလိုက်တယ် ... အဲလိုဆိုနည်းနည်းပေါ့သွား တယ် ဒါလည်း မှန်တယ်လို့ တော့မထင်ပါဘူးအစ်ကိုရာ ကျနော်လုပ်ဖြစ်တာလေး ပြောကြည့်တာဗျ ဘာပဲပြောပြော ဒေါသကို ရိုက်ပုတ်နှိပ်ကွပ်ဖို့  ကြိုးစားနေတဲ့အစ်ကို့ ကို လေးစားပါတယ်
ခင်တဲ့
ရန်ကုန်သား :)

မိုးခါး said...

ကိုရီနို ဒေါသကြီးမယ်လို့ ထင်ကို မထင်ထားတာ ..း))
နောက်ပိုင်း ၀ ၀ လာတာ ဒေါသတွေ မြိုမြို ချရင်းနဲ့လား :P
(ဒေါသ ထွက်နေပါတယ်ဆို ရန်ပါစသွားတယ် .. :D)

သားကြီး said...

ဒေါသဆိုတာတစ်ဖက်သားကိုလည်းပူလောင်စေတယ် ကိုယ့်ကိုကိုယ်လည်းပူလောင်စေတယ်
ဒေါသကိုရွေမချတာအကောင်းဆုံးပါပဲ broရေ

သံလွင် HeRo said...

ကိုရီနိုကြီးရေ...စိတ်လျော့စိတ်လျော့
ဒေါသကွဲပြီးထိပ်ပေါက်အောင်တော့မလုပ်လိုက်
ပါနဲ့ဗျာ...တရားသဘောနဲ့သာဖြေပါ
ဒေါသမီးကင်းဝေးပါစေဗျား

သူကြီးမင်း (တုံးဖလား) said...

ဒေါသဖြစ်နေရင် ဒေါသဖြေနည်းရှိတယ်။ ဟော ဒီမှာ http://kokomaunguk.blogspot.com/2008/12/blog-post.html...
ဟဲ ဟဲ ကြော်ငြာဝင်သွားတာ။

kiki said...

ဒေါသ ရှေ့ ထား မှားတတ်သည် တဲ့  ....
ဒီတော့ နောက်မှာ ထား လိုက် သိလား ...
စိတ်အေးအေးထား ။ စိတ်လျှော့ထား ပါ ။ သွေးတွေဘာတွေ တိုးနေပါ့မယ် ။ ကိုယ့်အတွက်လည်းမကောင်း ။ သူများအတွက်လည်း မကောင်း ...
ဆရာကြီး လုပ်မိသွားပြန်ပြီ ။

နွေးနေခြည် said...

ကိုရီနိုရေ... ဒေါသလေးလျှော့ပေါ့.. ကိုယ်အရင်ဆုံး ပူလောင်ပါတယ်း)
(ဆရာလုပ်သွားသည်...ဟိ)

မဆုမွန် said...

တော်သေးတာပေါ့ ကိုရီနိုက အော်ရုံအော်တာ ဒေါသထွက်ရင် ကျွန်မက လက်ပါပါတယ်။ တွေ့ရာလက်နတ်နဲ့ ကောက်ထုပစ်တာ သူများမလုပ်ရရင် ကိုယ့်ကိုကိုယ်ပြန်ကိုက်ပစ်တယ်..အသားနာမှ စိတ်ပြေတယ် ဟီးဟီး စိတ်လျော့ဆိုတာ ပြောတော့တာ လွယ်တာနော် တကယ်တမ်း ဒေါသထွက်လာရင် ဘာမှ မမြင်တော့ဘူးဆိုတာ တကယ်ပဲ..

Libratun said...

It's been great to know that you are angry. You will need to grow Mittar (Love); try to consider all people as your friends. You barely be angry with your friends, right? :) coz other bloggers and I still haven't seen you being angry with us till now but you being smile. :)
So just wanna suggest to do so. :)

မေလေး said...

မှန်လိုက်လေ ကိုရီနိုရေ
ဒေါသထွက်နေတဲ့ အချိန် စကားမပြောတာ အကောင်းဆုံးပါဘဲ။

ဒဏ္ဍာရီ said...

ပညာရှိအမျက် အပြင်မထွက်တဲ့ ကိုရီနို။ ဖြစ်နိုင်သမျှ ဒေါသကို ထိန်းသိမ်းတာ ကောင်းပါတယ်။ အခုလို မိမိ ဒေါသကို ထိန်းသိမ်နိုင်ခြင်းဟာလည်း ကောင်းမွန်သော စိတ်ထားပါပဲ။

ခင်မင်လေးစားလျှက်

ရေတမာ said...

အင်းခုလိုထိန်းတာလဲ ကောင်းပါတယ်။ အကိုလက်ပါရင် အကုန် မာလကီးယားကုန်မယ်းP

စိမ်း... said...

ဒါပေါ့ ဒါမျိုးကတော့ ပြင်သင့်တယ်... :)

Angel Shaper said...

မှန်လိုက်တာအကိုရေ...
ဒေါသသိပ်ကြီးတဲ့ ကျွန်တော်လဲ ဒေါသထွက်လာရင် အဲလိုပဲ တေမိထုံကို နှလုံးမူပြီး ဘယ်သူ့ ကိုမှ စကားမပြောပဲ နှုတ်ဆိတ်နေလိုက်တယ်။ အေးရော...
မဟုတ်ရင် ရေတမာပြောသလို ဗလ အားကိုးချင်လာတတ်တယ်လေ အဟိ။ ကောင်းဘူးနော်။

Anonymous said...

ကျနော်လည်း သွေးဆူလွယ်သဗျ ကိုရီနိုရ

အဇ္ဈတ္တပြခန်း said...

ဒေါသအကြောင်းလေးလာဖတ်သွားတယ် ...

kaungkinpyar said...

လျှော့လျှော့ လို့ပဲ ပြောပါ၇စေ