October 13, 2009

မေဖန်ဆင်းသော ပန်းတစ်ပွင့်

စက်တင်ဘာလ ၅ရက်နေ့က စင်ကာပူမှရှိကြတဲ့ ဘလော့ဂ်ဂါးတော်တော်များများနဲ့ အတူဂျပန်က လာလည်တဲ့ ဘလောဂ့်ဂါးစုံတွဲဖြစ်တဲ့ ဦးဥာဏ်နဲ့ မဝါဝါခိုင်မင်း တို့နဲ့အတူ စင်တိုဆာနဲ့ Pasir Ris Park ကိုသွားလည်ခဲ့ကြပါတယ်။ ဓါတ်ပုံထဲမှာပဲ မြင်ဖူးပေမယ့် အပြင်မှာတစ်ခါမှမမြင်ဖူးသေးတဲ့ အတွက်အရမ်းကို တွေ့ဖူးချင်နေခဲ့ပါတယ်။ အဲဒီနေ့မတိုင်ခင်မှာ မကြီးမေတ္တာရောင်ပြန်ရဲ့ နှိုးဆော်ချက်အရ မကြီးရောင်ပြန် အိမ်ကိုအရင်ဆုံးရောက်သွားခဲ့ပါတယ်။ နောက်မှညီမမေလေးရောက်လာတယ်။ ပြီးတော့ ညီလေးရေတမာ ရောက်လာပြန်ပါတယ်။ အမဝါတို့ မိသားစုမရောက်ခင် ကျနော်တို့အဖွဲ့ စားဖို့ သောက်ဖို့ ပြင်နေတဲ့ အချိန်မှာပဲ အမဝါတို့ရောက်တော့မယ်ဆိုလို့ ကျနော်အိမ်ပေါ်ကဆင်းပြီး ကားဂိတ်မှာ သွားစောင့်နေခဲ့ပါတယ်။ အမဝါတို့ မိသားစုကားဂိတ်မှားဆင်းလို့ နောက်ထပ်တမှတ်တိုင် ပြန်စီးခဲ့ကြရပါတယ်။

ကားပေါ်ကဆင်းတော့ သမီးလေးခိုင်၊ ဦးဥာဏ် နှင့် အမဝါတို့ကို မြင်ဖူးသွားရပါပြီ။ ကျနော်တို့က အမဝါ ခေါ်လို့လိုက်ခေါ်နေတဲ့ ဦးဥာဏ်ကို ဦး ၊ ဦး။ တပ်ခေါ်နေရပေမဲ့ ငယ်ငယ်ရွယ်ရွယ်၊တက်တက်ကြွကြွ နဲ့ သွက်လက်တဲ့ ဦးဥာဏ်ကိုတွေ့မှပဲ အမဝါနဲ့ တကယ့်ကို လိုက်ဖက်မှန်း ကျနော် စိတ်ထဲမှာ သတ်မှတ်လိုက်မိတယ်။အဲဒီနေ့မှာပဲ မောင်နှမလို့ ထင်ရတဲ့ အတွဲဖြစ်တဲ့ ညီမ နွေးနွေးသဲမွန်တို့ကိုလည်းတွေ့ လိုက်ရပါသေးတယ်။
ဒီလိုမှန်ကန်တဲ့ အခြမ်းပိုင်ရှင်တွေဟာ ဘယ်လို့အခက်အခဲနဲ့ကြုံကြုံ၊ ဘယ်လိုဒုက္ခပဲရောက်ရောက် သွားအတူတူ၊ နေအတူတူ စားအတူတူ မျှဝေခံစားကြတယ် လို့ ကျနော်ကြားဖူးပါတယ်။ ရာသက်ပန် ရိုးမြေကျ ပေါင်းဖို့ဆိုတာကိုတော့ ဗေဒင် သွားမေးရင် ဆန်ကုန်တာပဲ အဖက်တင်မှာပါ။ဘယ်သူခွဲခွဲ ဒို့မကွဲဆိုတဲ့ ဆောင်ပုဒ်ကို အသေကိုင်ထားကြတဲ့ လူသားတွေပါ။ အဲလို့အခြမ်းမှန်တဲ့ အတွဲတွေကိုတွေ့လိုက်ရတော့ ကျနော်လည်းတွေးလိုက်မိတာ တစ်ခုတော့ရှိသွားတယ်။ ငါ့ရဲ့ အခြမ်းများ ဘယ်များရောက်နေပါလိမ့်လို့………

အမဝါ ပြောတဲ့ ဒီအရွယ်မှ အမှီးမပေါက် ဘာမျောက်လဲလို့ ပြောရင်လဲ ကျနော်ကို ဇူလိုင်ဒရင်းခေါ် သလို့ပဲ ဟာနုမာန် မျောက်လို့ပဲ အပြောခံရတော့မှာပဲ အမဝါရေ……

အချစ်ရေးထပ် စစ်ရေး၊ နှလုံးသားရေးထက် ဝမ်းရေး၊ အိမ်ထောင်ရေးထက် မိသားစု အရေး( အမေနဲ့ညီမ) တို့ကို ဦးစားပေးနေရတဲ့ ကျနော့် အဖို့ အခုလက်ရှိအချိန်မှာတော့ အခြမ်းမှန်တဲ့ အတွဲတွေကိုကြည့်ပြီး ကြည်နူး မိရုံကလွှဲလို့ ဘာမှထူးခြားမှု မရှိသေးပါလို့ ဒီပိုစ့်လေးနဲ့အတူ အမရဲ့တက်ခ့်ပို့စ်ဖြစ်တဲ့ (မေဖန်ဆင်းသော ပန်းတစ်ပွင့်) လေးကို ကျေနပ်ပေးပါလို့ တောင်းပန်လိုက်ရပါတယ် အမဝါရေ။

နောင်တစ်ချိန်မှာ ထူးခြားပြောင်းလဲမှုများ ရှိလာပါက ပြန်လည်ပြင်ဆင်ရေးသားပေးပါမယ်လို့…………..

လေးစားလျှက်
ရီနိုမာန်


16 comments:

မဆုမွန် said...

ငါ့မောင်လေးကတော့ ကြေငြာဝင်သွားပြီ ကမ္ဘာကြီးထဲက ကိုယ်ပွားတစ်ခြမ်းကို ရှာတွေ့နိုင်ပါစေနော်

ညီညီ said...

အစ်ကို ရီနို ရဲ့ အခြမ်းအမှန် ကိုအမြန်ဆုံး တွေ့ပြီး ပြီးပြည့်စုံသော ဘ၀ ကိုပိုင်ဆိုင်ရပြီး အမေနဲ့ ညီမလေးရဲ့ အားကိုးရသော သားလိမ္မာ တစ်ယောက် ဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်ဗျာ.

ခင်မင်လေးစားလျှက်
ညီညီ(အနာဂါတ်သံစဉ်)

မြစ်ကျိုးအင်း said...

သယ်ရင်းရေ ဒီလိုလုပ်ကွ

အရင်ဆုံးမင်း အခြမ်းကို ဓါတ်ပုံရိုက်ပြီး အရင်တင်ထား ဒါမှ လာကြည့်တဲ့သူတွေက သူတို့ အခြမ်းနဲ့ ညီမညီ နှိုင်းယှဉ်လို့ရမှာပေါ့။

ခင်လို့သာ စရတာ မင်းပြောတဲ့ အခြမ်းကို သိပ်မသိဘူး

စိတ်ဓါတ်မကျပါနဲ့ကွာ ...။

မင်းပြောမှပဲ ငါလည်း အိုးပဲ့လေး လိုက်ရှာရအုံးမယ် ငါ့စလောင်းလည်း ရွဲ့နေတယ်လေ။

မတွေ့တော့လည်း လူ....ပြို....ကြီး....လုပ်ကြတာပေါ့။
လူ ပြို ကြီး ပြီးရင် လူအိုကြီး ဖြစ်မှာပဲ။

သူကြီးမင်း (တုံးဖလား) said...

ဟဲ ဟဲ။
ကိုမြစ်ကျိုးပြောတဲ့အတိုင်းပါဘဲ။
တစ်နေ့နေ့တော့ အဆင်ပြေလာမှာပါ။ ဘာမှမပူပါနဲ့။ ရောက်လာပါလိမ့်မယ်။

ပျော်ရွှင်ကြည်နူးနိုင်ပါစေ။

Angel Shaper said...

အဟားးးးးးးးးးး ဒီလူပြိုကြီးတွေ ကြော်ငြာဝင်နေတယ်။ လစ်မှ။ ဟိဟိ
အကိုရေ... ထူးခြားပြောင်းလဲမှု အမြန်ရှိလာပါစေ။ အဟဲ

မေလေး said...

ဟုတ်လေမလားလို့ အပြေးလာဖတ်တာ.
အော် သူ မမဝါတို့လာတဲ့နေ့ကများ စင်တိုဆာသွားရင်း အခြမ်းလေးတွေ့လာတာလားးးး
ဘယ်နေရာမှာတွေ့တာပါလိမ့်နဲ့
ဟွန်းးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
ဆုံးသွားမှ လူလည်ကျမှန်းသိတော့တယ်။
လက်စသတ်တော့ ကြေငြာဝင်သကိုးးးးးးးး

WWKM said...

ဟမ်.. လုပ်ပုံများ...ညီမလေးနှင်းဆီပန်းချစ်တဲ့ကောင်မလေးပြောသလိုပဲ
အင်ထရိုတွေဝင်ပြီးတော့ ဖတ်ရတော့မယ်ဟဲ့လို့တွေးနေ
တာ..ဟဟားးးးးး အဖျားကျတော့ ရှူးသွားတယ်...
စင်တိုစာမှာပါတဲ့ ညီမလေးတွေကိုတောင်ပြေးမြင်လိုက်
မိသေး..ဘယ်သူလေးများပါလိမ့်လို့...
လူဇိုးကြီး မောင်ရီနို. ( ပွင့်ပွင့်လင်းလင်း အားမနာတမ်းပြောရရင်တော့ မကျေနပ်ပါဘူးကွယ်.):-)

အစ်မ၀ါ

စိမ်း... said...

အံမယ် မေဖန်ဆင်းသောပန်းတစ်ပွင့်ဆိုလို့ ဟုတ်ပြီပေါ့... ဖတ်ကောင်းကောင်းနဲ့ ဖတ်လာတာ... ဟိုတစ်ယောက်လည်း မဟုတ်သေး အဲ ဒါလည်း ဟုတ်သေးပြန်ဘူး...
နောက်ဆုံးကျမှ... သြော်... ကြော်ငြာကိုးးးးးးး :P

စိမ်း... said...

အံမယ် မေဖန်ဆင်းသောပန်းတစ်ပွင့်ဆိုလို့ ဟုတ်ပြီပေါ့... ဖတ်ကောင်းကောင်းနဲ့ ဖတ်လာတာ... ဟိုတစ်ယောက်လည်း မဟုတ်သေး အဲ ဒါလည်း ဟုတ်သေးပြန်ဘူး...
နောက်ဆုံးကျမှ... သြော်... ကြော်ငြာကိုးးးးးးး :P

သိင်္ဂါကျော် said...

ဟုတ်ပ သူတို့ ပြောသလိုပဲ... စိတ်ဝင်စားစရာ ဇာတ်လမ်းလေးများ လာမလားလို့...
ဟာနုမာန် မျောက် ဆိုတာလည်း သိပ်တော့ ယုံချင်စရာ မကောင်းဘူးနော်...
:P

တောင်ပေါ်သား said...

အကိုတော့ သွားပြီ။ ကိုယ့်အခြမ်း ဘယ်ပျောက်လို့ ပျောက်မှန်း မသိတော့ဘူးး) သောက်တာများသွားတာကိုးဗျ နောက်တခါ သိပ်မမူးစေနဲ့ အဲ့ညကပြောပါတယ် လျှော့သောက်လို့ ခုတော့ အခြမ်းပျောက်နေပြီမလားး ကျနော့်ရှာပေးမယ်လေ အဟေးဟေးးးးးး


လေးစားလျက်
တောင်ပေါ်သား

မငုံ said...

ရီနိုရေ..အားမလျော့နဲ့။ ပင်လောင်းသူချောချောလေးတွေ ကျန်ခဲ့တယ်မလား။ :) ကြိုရှာထားပေးမယ်လေ။

စည်သူ said...

ဘာမှ အားမငယ်နဲ့ဗျာ
ကျွန်တော်တို့လည်း ရှိပါတယ်..

ကဲ..း)

Anonymous said...

မောင်လေးရေ ...... ကိုယ်နဲ့ လိုက်ဘက်ညီမျှမယ့် ကိုယ်တခြမ်းကို ရှာဖွေတွေ့ရှိနိုင်ပါစေနော်။

မကြီး

ကိုလူထွေး said...

မိသားစုအတွက်လုပ်တာလည်း လုပ်ပေါ့ ကိုယ့်လူရာ...
ကိုယ့်တခြမ်းကိုလည်း အချိန်ပေးပြီး ရှာပါဦး...
မြင်းကမလှုပ်တော့ ခုံလှုပ်ရမှာပေါ့...

းဝ)

ပုံ့မေ said...

ငါ့အကိုကြီး ပျောက်နေတဲ့ တခြမ်းပဲ့လေး အမြန်ဆုံးနည်းနဲ့ ပန်းကန်လုံးစီးးးးးးးပြီး ရှာတွေ့ ပါစေတော် :)))))))))))