May 28, 2009

နိုင်ငံဂျားပြန်ရဲ့ ငြီးချင်း (Tag ပို့စ်)

အမယ်မင်း ငြီးရတော့မယ်ဗျ။ အမဝါ ဆီမှာ ဖတ်ပြီးကတည်းက ငြီးချင်နေတာ။ ခုမှပဲ ဆန္ဒပြည့်တော့တယ် ကိုတောင်ပေါ်သားရေ။ (သက်သက်ပြောတာ)

၂၀၀၄ ခုနှစ်မှာ မလေးရှားကို အသိအမတွေဆီက ပိုက်ဆံ ၆သိန်းချေးပြီထွက်လာခဲ့တာ။ ကုန်တာတော့ အားလုံးပေါင်း ၉သိန်းလောက်ကုန်တယ်။ ကိုယ့်ရှိတာလေးနဲ့ ဖြည့်ပြီထွက်လာခဲ့တာ။ မလေးရှားရောက်တော့ ငွေဈေးကကျ အိုတီကမရှိ ဆိုတော့ တစ်လတစ်လ မနည်းချစ်ချုတ်ပြီး လွဲတာတောင် တစ်နှစ်လောက်ကြာမှ အကြွေးက ကျေတော့တယ်။ မလေးရှားမှာ သုံးနှစ်နေခဲ့တယ်။ တစ်နှစ်က အကြွေးဆပ်လို့ကုန်သွားတယ်။ ကျန်တဲ့ နှစ်နှစ်က ပို့လိုက် ကိုယ်သုံးလိုက်နဲ့ ဘာမှကို မစုမိဘူး။ ဒီကြာထဲ အိမ်မှာက ပြသနာဖြစ်ပြန်တော့ ကိုယ်ပို့တဲ့ ပိုက်ဆံနဲ့ပဲ ဖြေးရှင်းပေးရတာပေါ့။

ဒီလိုနဲ့ ၂၀၀၇မှာ ရန်ကုန်ကို ပြန်ရောက်တယ်။ မလေးရှားတော့ စိတ်ကုန်တယ်။ စင်ကာပူ လောက်မှ အဆင်ပြေနိုင်မယ် ဆိုပြီး စင်ကာပူ ထွက်ဖို့ကြိုးစားရတော့တာပေါ့။ မလေးမှာ နေတုန်းကဘာမှ မစုထားနိုင်တော့ ခုစင်ကာပူ ထွက်ဖို့ လုပ်တော့လည်း သူများဆီက ချေးငှားပြီး ထွက်လာရတာပေါ့။ ဟော့ .....ကြည့် ဒီရောက်ပြန်တော့ လည်း ကံဆိုးမ သွားရာ မိုးလိုက်လို့ ရွာဆိုသလိုပဲ ငွေဈေးများ ကျသွားလိုက်တာ အရင်က စင်ကာပူတစ်ဒေါ်လာကို မြန်မာငွေ ၈၀၀ကျော် ရှိရာကနေ ၆၀၀လောက်ထိကို ထိုးဆင်းသွားတာ လူတောင်ထိုင်ငိုချင် စိတ်ပေါက်သွားတယ်။

ကဲထားပါလေ။ ငွေဈေးကျပင်မဲ့လည်း အလုပ်ကောင်းလို့ ရှိရင် အိုတီများများရရင်တော့ ဖြေသာပါသေးတယ်ပေါ့ ဆိုပြီး ကိုယ့်စိတ်ကိုယ် ဖြေနေရင်း စင်ကာပူ စီးပွားရေးက ကျဆင်းလာတဲ့ အချိန်နဲ့ တည်တည်ကြီး ကိုတိုးတော့တာပေါ့။ နိုင်ငံတစ်ကာ စီးပွားရေးကျတာ ကျနော်တို့နဲ့ ဘာဆိုင်လဲနော့။ သူ့တို့ဟာသူတို့ ကျတာ နေရင်းထိုင်ရင်း ကျနော်တို့ အိုတီပါထိခိုက်တာပေါ့။ ဘာမဆိုင် ညာမဆိုင် အမေရိကန်သမ္မတ အိုးဘားမားကို သွားပြောထားတာ ခုသူ့က ခဏလေးနေအုန်း အန်တီစု ကိစ္စပြီးမှ ကြည့်လုပ်ပေးမယ်တဲ့ လေ။

ခုလည်း ဒီရောက်တာ တစ်နှစ်ပြည့်သွားပြီ။ ကြွေးက မကျေသေးဘူး။ ကြွေးရှင်တွေကလည်း အော်လှပြီ။ ဒီကကောင်လည်း ကြောက်လို့ ပြေးရမလား အောင်မေ့ပါတယ်။ ဘလော့ဂ်လောက ကနားပါအုံးမယ် ဆိုတဲ့ လူနဲ့ချည်း လာလာတွေ့နေရတယ်။

ဒါကတော့ ကျနော်ရဲ့ နိုင်ငံဂျားပြန်ရဲ့ ငြီးချင်းပါ။ သူများတွေ ကိုယ့်ကို အထင်ကြီးလာ မကြီးလာတော့ မသိဘူး။ ကိုယ့်ကတော့ နိုင်ငံခြားရောက်နေရသူတွေရဲ့ ဒုက္ခ၊ နိုင်ငံခြားက ပြန်ရောက်နေရတဲ့ လူတွေရဲ့ ဒုက္ခကို ကိုယ်တိုင်သိတော့ ခံစားနားလည်နိုင်ပါတယ်။

ကဲ ညီလေးတောင်ပေါ်ရေ ဒီလောက်ဆိုရင်တော့ ကျေနပ်နိုင်မယ်လို့ ထင်မိပါတယ်ကွာ။ ကိုယ်လည်း မငြီးတက် ငြီးတက်နဲ့ ငြီးထားရတာပါ။ ဒီထက်ငြီးမိရင်လည်း ကိုယ့်အရှက် ကိုယ့်ဖေါ်သလိုဖြစ်မှာကြောက်လို့ ဒီလောက်နဲ့ပဲ ကျေနပ်တော့ ညီလေးတောင်ပေါ်ရေ။

ဒီတစ်ခါတော့ ဘယ်သူ့မှ မတက်ခ်တော့ ပါဘူးလေ ။ ကိုယ့် ဘဝနဲ့ ကိုယ် ပဲရှိပါစေတော့ဗျာ။

ခင်မင်လေးစားလျှက်
ရီနိုမာန်

17 comments:

ချစ်ပါးလုံး said...

ကိုရီနိုရေ အစဉ်ပြေပါစေ၊ဗျာ အကြွေးမြန်မြန်ကျေပါစေဗျာ။ ပျော်ရွှင်ပါစေဗျာ။ ငွေဈေးတွေလည်းတက်ပါစေဗျာ။ အားလုံးအားလုံး အိုကေမှာ စိုပြည်ပါစေဗျာ။

yehtutnaung said...

ကိုရီနိုရေ.. အခု စင်္ကာပူ ၁ ဒေါ်လာ ၇၅၀ ကျပ်ပေါက်နေပြီလို့  ကြားပါတယ်။ အမြန်ဆုံး အားလုံး အဆင်ပြေပါစေဗျာ။

ကောင်းကင်ပြာ said...

ဒီနေ့ ၇၅၅ကျပ်တဲ့ မောင်လေးရေ၊ အမြန်အကြွေးတွေ ကြေပီး ငွေဈေးတတ်ပါစေလို့ ဆုတောင်းပေးပါတယ်

တောင်ပေါ်သား said...

လာခံစားသွားတယ် အကိုရေ အစစအရာရာ အဆင်ပြေနေပါစေ


လေးစားလျက်
တောင်ပေါ်သား

မြူးသျှရီ said...

ကိုကြိးရီနိုရေးးးးးးးးးးးးး
ကျေပါစေတော့ အကြွေးတွေနော်

Sein Lyan Tun said...

သယ်ရင်းရေ ဘာမှ မပူနဲ့
ကျနော့်ဘဏ်အကောက်ထဲကိုဘလော့ပေါ်က
အကိုတွေ အမတွေ ညီညီမတွေလွှဲထားတဲ့ငွေတွေကို
တစ်ဝက်ခွဲပေးမယ်
စိတ်ဓာတ်မကျနဲ့
အားတင်းထားစမ်းပါ
သန်းခေါင်ထက်ညဥ့်မနက်ပါဘူး
ဒါပေမယ့် ဆောင်းတွင်းကာလ နှင်းတွေပိတ်နေလို့
မိုးလင်းနောက်ကျတာပါ
အားတင်းထား ချစ်သယ်ရင်း
အမြဲတမ်းအတွက် သယ်ရင်း
ဖိုးချစ်
ဖိုးစိန်

အိုက်ခီလောက် said...

အားမငယ်ပါနဲ့ ဗျာကိုရီနိုကလည်း
အကြွေးရှိမှမျက်နှာရတာလေ
အကြွေးမရှိရင် ခေါ်မယ့်လူတောင်မရှိဖူးမဟုတ်လား
သန်းကြွယ်သေဌေးတောင်အကြွေးမကင်းဘူး
ကိုရီနိုလည်းသေဌေးပေါက်စလေးဖြစ်လာတာပေါ့
အဆင်ပြေသွားမှာပါ
လုံးလိုက်လည်လိုက်နဲ့ အဆင်ပြေပါစေဗျာ

Anonymous said...

မောင်လေးေ၇..အားမလျှော့နဲ့ ကမ္ဘာအချမ်းသာဆုံးလူတွေတောင် ကျွေးနဲ့ကင်းတာမဟုတ်ဘူး ဒါလောက်တော့ အပျော့ပေါ့။ ဘ၀တူ မောင်နှမတွေ အများကြီးရှိတယ်။ မောင်လေးအတွက် လှပတဲ့အနာဂတ် ရောက်လာမှပါ။

ခင်တဲ့
မကြီး

မိုးခါး said...

ဘယ်လောက်လေသွားလဲလို့ .. သူများတောင်ဆက်တက်ချင်စိတ်မရှိဖြစ်သွားတယ်ထင်တယ် .. ဘာမှအားမလျှော့နဲ့ .. အားလုံးတူတူချည်းဆိုတော့ အဖော်ရှိတယ် .. သိလား .. :D

ကိုရဲ said...

အစ်ကိုရေ .... အတုံ့အလှည့်ဆိုတာရှိပါတရ် ။ လူဆိုတာ အမြဲတမ်းလည်း ကံမဆိုးနေသလို အမြဲတမ်းလည်း ကံကောင်းမနေပါဘူး ။ ဒါပေမဲ့ဗျာ ..... ကံဆိုတာ အလုပ်တဲ့ .. ။ အလုပ်ကောင်းရင် ကံကောင်းမယ်တဲ့ ။ မသိတော့ဘူး စဉ်းစားသာကြည့်တော့ ။ တစ်ခုတော့ရှိတရ် .... ကိုရီနိုမာန် အဆင်ပြေပါစေလို့ ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲ ဆုတောင်းပေးသွားပါတရ် ။

(ငရဲ)

မြစ်ကျိုးအင်း said...

ရီနိုရေ....ကောင်းတဲ့ဖက်က တွေးရင် အကြွေးရှင်ဆိုတာ သူ့ထမင်းသူစားပြီး ကိုယ့်ကို သတိရပေးနေတဲ့သူ
လေကွာ ...တကူးတက ခန့်ထားစရာမလိုပဲ ကိုယ့်ကို စောင့်ကြည့်ပေးနေတဲ့ သူဆိုတော့ သိပ်အဆိုးကြီးတော့ မဟုတ်ပါဘူး..။
တခါတလေ ကျိန်ဆဲတာမျိုးရှိရင်လည်း သူ မရင့်ကျက်သေးလို့ပဲ လို့ မှတ်ယူပေးပါ..။
ငြီးနေတဲ့ သူကို ပျော်စေချင်ရုံသက်သက်နဲ့ ရေးတာပါ..။
အကြွေးတွေ အမြန်ဆုံးကျေပါစေကွာ..။

ဂျပန်ကောင်လေး said...

ညည်းလိုက်တာ.. ခိုကျနေတာပဲ..း)

WWKM said...

ကြွေးမြန်မြန်ကြေပြီး အဆင်ပြေပါစေ မောင်လေးရီနို
ရေ.း) နေဦးအစ်မထီထိုးထားတယ်... ထီပေါက်ရင်
အတိုးလွတ်နဲ့ ပိုက်ဆံချေးပေးမယ်နော်..း))

ဝသန်မိုး said...

ဘာမှစိတ်မညစ်နဲ့ ကိုရီနိုရေ
အားတင်းထား
ဘလော့ဂ် ဘော်ဒါတွေ အများကြီးပဲ
အားပေးနေတာ ဗျာ
း)
အားလုံးအဆင်ပြေပါစေဗျာ
ချစ်ညီဝသန်

mgnge said...

တစ်နေ့ နေ့ တော့ဖြစ်၍လာလိမ့်မည်........

အိမ်လွမ်းသူ said...

အကြွေးတွေမြန်မြန်ကျေပါစေမောင်လေးရီနိုရေ... ဘဝဆိုတာဒီလိုပါပဲ. ရုန်းကန်ရင်ချီတက်ရမှာပဲလေ.. တနေ့နေ့တော့ အဆင်ပြေသွားမှာပါ.. အမတို့လဲ ဒီလိုပါပဲ.. စိတ်ဓာတ်မကျပါနဲ့..

ဖိုးဂျယ် said...

တော်ပါသေးရဲ့ အဲ့ တဂ်လေး မမိလို့
မိလိုက်ရင် အကိုထက် အရှက်ကွဲမယ်း)