May 25, 2009

အတွေး

ကောင်းကင်မှာ ရှိတဲ့အလင်း
မြေကြီးပေါ်မှာ ရပ်တည်တဲ့လူသား
အတွေးစိတ်ကူး ပုံရိပ်နဲ့ “ သူ ”
အချစ်ကို ရှာနေမိတဲ့ ကျနော်

စိတ်ကူးနယ်ကျွံ လောကပြင်ဘက်
ခဏထွက်ရပ် ကြည့်လိုက်မိတယ်
ဧဒင်နဲ့တူတဲ့ ဥယျာဉ်ကြီးထဲမှာ
တွေ့လိုက်မိတယ် “ သူ့ ” ကို

ညို့အားကောင်းတဲ့ မျက်လုံး
ချစ်စရာကောင်းတဲ့ အပြုံး
သွယ်တန်းလှပတဲ့ “ သူ့ ” လက်
ငေးမောနစ်မြုတ်သွားရပါတယ်

ပြန်လည်နှိုးထ ရှူရှိုက်သံပြင်း
အတွေးနယ်ပယ် ထွက်လို့လာခဲ့
ငါဟာ ဘယ်သူလည်းမေးခွန်းထုတ်ရင်
ရှာနေမိတယ် “ သူ ” ရယ်

မှတ်ချက်။ ။ မလေးရှားမှာ နေတုံးက ဘယ်မှာနေလို့ ဘယ်မှာရှိမှန်းမသိတဲ့ “သူ့” ကို ရည်ရွယ်ပြီး ရေးထားတာပါ။

11 comments:

Anonymous said...

အဲ.... မျှောလင့်ချက်ကတော့ ၁၀၀ ရာနှုန်းအပြည်ပေါ့နော့်။ ငါ့မောင်လေးလို့ မပြောရဘူး စိတ်ကူးကလည်းယဉ်ပါ့နော်။

ပျော်ရွှင်ပါစေ မောင်လေးရေ

ခင်တဲ့
မကြီး

ကောင်းကင်ပြာ said...

ခုရော သိပီလား မောင်လေးရေ

မြူးသျှရီ said...

အစဉ်ပြေပါစေ
သိတ်ကူးသိတ်မယဉ်နဲ့ ကိုကြီး
မဖြစ်လာရင် ရင်မောတယ်ဟုတ်
ခင်တဲ့
ညီမလေး

သီဟသစ် said...

သြောကိုရီနို ကိုရီနို

တရားနဲ့သာဖြေပါ့ကွယ်...
:P


စတာပါ ကဗျာလေးကောင်းတယ်ဗျ..

ခင်မင်စွာဖြင့်
သီဟသစ်

ကြယ်ဖြူစင် said...

ဘယ်မှာနေလို့..ဘယ်မှာရှိမှန်းမသိတဲ့သူရေ..
ဒီကဗျာလေးကိုဖတ်ပြီးကိုရီနိုကိုနားလည် နိုင်ပါစေ..ကဗျာလေးကအရမ်းကောင်းတယ်အကို
ခင်မင်လျှက်
ကြယ်ဖြူစင်..

yehtutnaung said...

အဲဒါ "သူ" ဆိုတာ အခု ဘယ်မှာလဲ။ အဲဒါ သိပ်အရေးကြီးတယ်။ :P
ဆက်လက်အားပေးနေတယ်ဗျို့ ....။

Sein Lyan Tun said...

ခုရောရှာတွေသွားပီးလာ
ဘယ်လိုနေလဲ
ကဗျာလေးကောင်းတယ်
ခင်တဲ့
သယ်ရင်းဖိုးချစ်
ဖိုးစိန်

Anonymous said...

ကိုရီနို ပျောက်နေတာကြာပြီနော် .. ကျွန်တော့်လို ဖြစ်နေပြီ .. တို့ကိုကြီးကို သတိရနေတာ .. အရင်လို စာတွေ သိပ်မတက်ဘူး .. လုပ်ပါ ... စာတွေရေးပါဦး .. ကဗျာလေး တက်တာတွေ့လို့ လာဖတ်သွားတယ် .. အမေကဗျာတွေသာမကဘူး .. အချစ်ကဗျာလေးတွေလည်း အရေးကောင်းတာပဲနော် ... အဆင်ပြေပါစေ ကိုရီနိုရေ ..

မိုးစက်အိမ် said...

ဘယ်မှာရှိမှန်းမသိတဲ့ “သူ့” ဆိုတော. ကိုရီနိုကြီးရေ
ကမ္ဘာမြေရဲ. တစ်နေရာမှာတော. ရှိမှာပါ...လိုက်ရှာ
ကြည်.ပါလားဗျာ...:)

ဂျပန်ကောင်လေး said...

ဟီးဟီး.. ဘယ်ကသူတုန်း..မသိရပါလား..း)

mgnge said...

သိချင်တယ်နော်... ဟွမ်းဟွမ်း
လူပျိုကြီး လျှိုမထားနဲ့ 